CapriGlow BY PHYO

CapriGlow BY PHYO

Share

let's pretty glow with together✨
Grow now, not later ⚡️

05/07/2026

ကာကာတို့ မီးငယ်တို့ အသိကြွယ်ဖို့ပါ​နော် 😁🫶🩷

Skincare ဘူးတွေပေါ်က Hologram နဲ့ အတုအစစ်ပြဿနာ။

ဒီ topic ကလေ အရင်ကတည်းက user တွေကို ဂျူလီရှင်းပြချင်တဲ့ topic ပါ။ အခုတော့ ရေးချင်စိတ်ရှိတုန်း ကြုံကြိုက်လို့ hologram အကြောင်း နည်းနည်းရှင်းပြမယ်။ ဘယ်ဘရန်းရယ်လို့ ရည်ညွှန်းတာမဟုတ်ဘူး။ hologram အကြောင်း သိထားစေချင်လို့။

အခုခေတ်မှာက skincare, cosmetics ဆိုတာ အရမ်းလည်း ခေတ်မှီလာသလို၊ အရမ်းလည်းပေါလာတယ်။ brand တွေအများကြီးရှိတဲ့အလျောက်၊ မြန်မာပြည်ကို သွင်းတဲ့ ကုမ္ပဏီတွေကလည်း အများကြီးပဲ။ Hologram ရဲ့ ကောင်းကျိုးကို အရင်ပြောရရင် hologram ပါထားရင် အတုအစစ် counterfeit ပြဿနာ သိပ်စိုးရိမ်စရာမလိုတော့ဘူး။ မြန်မာ FDA ကို အများစုက လျှောက်ထားပြီးသားဖြစ်သလို၊ ပြဿနာတစ်စုံတစ်ရာဖြစ်ရင်လည်း သွင်းတဲ့ကုမ္ပဏီနဲ့ တိုက်ရိုက်ရှင်းနိုင်တယ်။ တာဝန်ယူပေးတာများတယ်။ ဥပမာအနေနဲ့ဆို ဟိုးဟိုးအရင်နှစ်တုန်းက klaris က sunscreen တစ်ခု SPF မပြည့်တဲ့ case ဖြစ်တုန်းကဆို၊ မြန်မာက official သွင်းတဲ့ ကုမ္ပဏီက သူ့ဆီက အဲ့ sunscreen ဝယ်ထားသူတွေကို ပစ္စည်းပြန်ကောက်ပေးပြီး၊ refund ပေးတာမျိုးပေါ့။

တစ်ဖက်မှာလည်း အဲ့လို hologram မပါလို့ အတုလားဆို လုံးဝမဟုတ်ပြန်ဘူး။ hologram ဆိုတာက ထုတ်တဲ့စက်ရုံက တစ်ခါထဲကပ်ပေးလိုက်တာမျိုးမဟုတ်ဘဲ၊ မြန်မာပြည်ရောက်မှသာ hologram ထုတ်ပြီး ကပ်ကြတာ။ စျေးကွက်ထဲမှာ အတုတွေလည်း တကယ်ရှိပေမဲ့၊ hologram မပါရင် အတုဆိုတဲ့ စကားက ရိုင်းရိုင်းပြောရရင် သိပ်တော့ဉာဏ်မမှီဘူး။ ဘာလို့ဆို တစ်ဦးထဲဖြန့်ချီခွင့်ရထားတဲ့ sole exclusive distributor မဟုတ်ရင်၊ ဒီ brand ကိုပဲ နောက်ထပ်လူတွေက ထပ်ထပ်ပြီး စက်ရုံတိုက်ရိုက်လက်ကားသွားယူနိုင်တယ်။ သွားလည်းယူပြီး၊ ပြီးမှ ကိုယ့် hologram ထုတ်ပြီး ကပ်နေကြတာတွေလည်းအများကြီးပါ။ တစ်ချို့ကလည်း hologram မတပ်ဘဲ ဒီတိုင်းရောင်းကြတာလည်းရှိတယ်။ Skin 1004 သာကြည့်။ နောက် user community ကတော့ သိမှာမဟုတ်ပေမဲ့၊ spill the tea ရရင် ထုတ်လုပ်တဲ့ brand ဘက်ကတောင် official distributor ပေးထားတာမဟုတ်ဘဲ၊ ကိုယ့်ဘာကိုယ် myanmar official တပ်၊ hologram တပ်ပြီး စျေးကွက်ထဲမှာ သူတို့ရောင်းတာမှ အစစ်ဆိုပြီး လွန်လွန်ကြူးကြူးလုပ်တတ်သူများလည်း ရှိသေးတယ်။ ဒါကတော့ ထားပါ။

"Hologram ပါမှ အစစ်၊ Hologram မပါရင်အတု"ဆိုပြီး ခွဲတာမျိုးက လုံးဝမမှန်သလို၊ လက်ခံစရာမရှိဘူး။ hologram ပါရင် အတုအစစ်ပြဿနာစိုးရိမ်စရာမလိုဘူး။ ကောင်းကျိုးတစ်ချို့ရှိတာမှန်ပေမဲ့ စိတ်ချရတဲ့ source က ဝယ်တာမှန်ရင်၊ hologram မပါလည်း အစစ်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘယ်ပစ္စည်းနေနေ စျေးကွက်ထဲမှာက အတုအစစ်အရမ်းပေါတာမို့ user တွေကလည်း အရမ်းအချိုအချောင်မလိုက်ဘဲ စိတ်ချရတဲ့သူဆီက ဝယ်ပါ။ အချိန်မရွေး receipt ပြနိုင်သူဆီက ဝယ်ပါ။ အတုမိရင် ပိုက်ဆံလည်းဆုံး၊ ကိုယ့်ကျန်းမာရေးလည်း ထိတတ်တာမို့။

Let’s care with
Juliee,
let’s care with juliee ၏ ပုံနှင့်စာသားများကို ပြန်လည်ကူးယူတင်ခြင်း၊ ဆင်တူရိုးမှားပုံများ စာများ copy တာမျိုးလုံးဝမှခွင့်မပြု။

05/07/2026

BBIA V36 သူ​လေးက လူကိုနူးညံသွား​​စေတဲ့ အ​ရောင်​လေး​နော် 🫶🤭

BBIA V36

Photos from CapriGlow BY PHYO's post 05/07/2026

L’Oréal Extraordinary Oil Hair Mask 🧡
Price - 43500ks

ထိုင်းမှာ အရမ်း Hot တဲ့ L'Oreal Extraordinary Oil Hair Mask အရမ်းကောင်းလို့ ပေါက်ပြီးသားပဲနော်🫰🏻

💇‍♀️ ဆံပင်က…
💇‍♀️ ဖွာနေတယ်
💇‍♀️ခြောက်သွေ့နေတယ်
💇‍♀️Bleach လုပ်ထားလို့ ကြမ်းနေတယ်
💇‍♀️ အရောင်ဆိုးလွန်းလို့ ပျက်စီးနေတယ်ဆိုတဲ့ သူတွေ
ဒါလေးယူနော်

Rare Flower Oils + Peptides Formula ပါဝင်ပါတယ် ဆံသားအတွင်းပိုင်းထိ အားဖြည့်ပေးတယ်

ဆံပင်ဖွာတာ ဆေးဆိုးလို့ ပျက်စီးတဲ့ ဆံပင်ကို ပြုပြင်ပေးတယ်

ဆံသားနူးညံ့ချောမွေ့လာစေတယ်ဆံပင်ပြောင်ပြောင်လေးနဲ့ ဆံပင်စီးရင် အရမ်းမိုက် အဖျားနှစ်ခွဖြစ်တာ၊ ကြမ်းတမ်းတာတွေ သက်သာစေတယ်

ပြင်သစ် ရေမွှေးဆီနဲ့ Floral အနံံ့တွေနဲ့ ပေါင်းစပ်ထားလို့ ခေါင်းလျှော်ပြီးတာနဲ့ Salon Treatment လုပ်ထားသလိုမျိုး ၂ ရက်လောက်ထိကို မွှေးနေသောလေးပါနော်

04/07/2026

TODAY 💜🤭🫶

တချို့ intems ​လေး​တွေက မင်မင်တို့ မတင်ဖြစ်လိူ့​နော်
လိုချင်တာရှိရင် အားမနာတမ်းလာ​မေးပါရှင့် 🫶

Photos from CapriGlow BY PHYO's post 04/07/2026

🌶️🌶️Black Rouge Glow Bokki sales 40%off🌶️🌶️

အရောင်စုံပြန်ရနေပိနော်

BG01,02,03,04,05,06,07,08,09,1011,12 Sales price 27000ks (Normal price 45000ks)

Capri✨Glow
| Smart Beauty |

တိုက် ၄၊ အခန်း ၄ ကျီတော်အိမ်ရာ၊ ရေကျော်မီးပွိုင့်အနီး၊ ချမ်းသာပလာဇာရှေ့၊အထက်ပုဇွန်တောင်လမ်းမ

#အတုပလုံးဝမရောင်းပါ

Photos from CapriGlow BY PHYO's post 04/07/2026

မိတ်ကပ်လိမ်းထားမှန်း မသိသာဘဲ အသားအရေလေး ကြည်ကြည်ပြောင်ပြောင် ဖြစ်ချင်ရင် ဒါလေးကို သုံးနော်✨
စမ်းသုံးချင်တယ်ဆိုအထုပ်ကလေးလဲရပါတယ်ရှင့်🤗

Instock 🛒 40g -5,6000ks
3g -2,500ks

Klairs BB Cream ရဲ့ အမိုက်စား အချက်တွေကတော့

Natural Glow: မိတ်ကပ်တွေ အထူကြီး လိမ်းထားသလိုမျိုး မဟုတ်ဘဲ အသားထဲ စိမ့်ဝင်ပြီး glow စေတယ်။

Sun Protection: SPF40 PA++ ပါဝင်လို့ နေရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်ပေးတယ်။

Moisturizing: BB Cream ဖြစ်လို့ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ပန်းသီးပါးလေးလို ဖြစ်စေမှာပါ

KFDA Certified: အရည်အသွေး စိတ်ချရတဲ့ Certification တွေလည်း ရရှိထားတယ်

အသားအရေကို ဂရုစိုက်တဲ့ ပျိုမေတို့အတွက် Skincare ရော မိတ်ကပ်ရော တစ်မျိုးတည်းနဲ့ အပြီးပဲနော်။ ❤️

03/07/2026

BBIA VELVET V03

အများကြီးမ​ပြော​တော့ဘူးအရမ်းလှတယ်လို့ 😁

Photos from CapriGlow BY PHYO's post 03/07/2026

COSRX Salicylic Acid Daily Gentle Cleanser ❤️
Instock 🛒 5,5000ks

ဝက်ခြံ၊ အဆီဖုနဲ့ ဆားဝက်ခြံတွေကြောင့် စိတ်ညစ်နေတဲ့သူလေးတွေအတွက် အထူးသင့်တော်တဲ့ COSRX Salicylic Acid Daily Gentle Cleanser လေးကို မိတ်ဆက်ပေးပါရစေ။ 🌿

ရာသီဥတုပူလို့ အဆီပြန်ပြီး ချွေးပေါက်ပိတ်တတ်တဲ့ အသားအရေတွေအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ Cleanser လေးပါ။
ဒီ Cleanser လေးမှာ ဘယ်လို အာနိသင်တွေ ပါဝင်လဲဆိုရင် -
Salicylic Acid (BHA) 0.5% ပါဝင်လို့ ချွေးပေါက်အတွင်းပိုင်းထိ ဝင်ရောက်ပြီး အညစ်အကြေးနဲ့ အဆီပိုတွေကို သေချာဖယ်ရှားသန့်စင်ပေးပါတယ်။
မျက်နှာပေါ်က ဆဲလ်သေတွေကို ညင်သာစွာ ဖယ်ရှားပေးပြီး ဝက်ခြံနဲ့ အဆီဖု အသစ်တွေ ထပ်မထွက်အောင် ကာကွယ်ပေးပါတယ်။
Botanical ingredients တွေပါဝင်လို့ မျက်နှာသစ်ပြီးတဲ့အခါ အသားအရေကို တင်းမာခြောက်သွေ့မသွားစေဘဲ စိုစိုအိအိလေးနဲ့ ကျန်ခဲ့စေပါတယ်။
Daily သုံးလို့ရလောက်တဲ့အထိ Gentle ဖြစ်တာမို့ နေ့စဉ် ယုံကြည်စိတ်ချစွာ သုံးနိုင်ပါတယ်။
✨ ဘယ်လို Skin Type တွေ သုံးသင့်လဲ?
အဆီပြန်တဲ့ အသားအရေ (Oily Skin) နဲ့ ဝက်ခြံထွက်တတ်တဲ့ အသားအရေ (Acne-prone skin) ပိုင်ရှင်တွေအတွက် အထူး Recommended ပါနော်။
150ml တောင်ပါဝင်လို့ တစ်ဘူးဝယ်ထားရင် အကြာကြီး အသုံးခံပါတယ်။ Capriglow by Phyo မှာ 100% Authentic ဖြစ်တဲ့ ဒီ COSRX Cleanser လေးကို ယုံကြည်စိတ်ချစွာနဲ့ အခုပဲ Chat Box ကနေ လာရောက်မေးမြန်း ဝယ်ယူနိုင်ပါပြီရှင်။ 📩

Capri✨Glow
| Smart Beauty |

တိုက် ၄၊ အခန်း ၄ ကျီတော်အိမ်ရာ၊ ရေကျော်မီးပွိုင့်အနီး၊ ချမ်းသာပလာဇာရှေ့၊အထက်ပုဇွန်တောင်လမ်းမ

#အတုပလုံးဝမရောင်းပါ

Photos from CapriGlow BY PHYO's post 03/07/2026

ချစ်စရာ​ကောင်းမှ ရူချင်တာ​နော် 😁
မူးရင် ရူစရာရှိ​အောင် ချစ်စရာ​ကောင်းတာ​လေး​ဆောင်​နော် 🫶😁

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Upper Pazuntaung Road, Mingalar Taungnyunt Township
Yangon
12345