They Need your Help
If you can do, you can save their life.
လူတောမတိုးဝံ့သော သမင်ဖြူအတွက် ဆေးနည်း
၂၀၀၅ ခုနှစ်က လားရှိုးမှာနေစဉ် ဘယ်ကနေဘယ်လို ဖြစ်လာမှန်းမသိဘဲ သမင်ဖြူ အရေပြားရောဂါ ကျနော်ဖြစ်လာတယ် ။ ဖြစ်ရတဲ့အကြောင်းဘယ်လိုဆိုတာ အစရှာမရဘူး။ အစားမှားခြင်းက စတာဘဲလို့သုံးသပ်မိတယ်။ အနာကလေးမပေါက်လိုက်နဲ့ ပျောက်တာနဲ့ သမင်ဖြူဖြစ်နေခဲ့တယ်။ ခြေကလက်ကနေ အကွက်ကလေးတွေစဖြစလာပြီး မျက်နှာနှုတ်ခမ်းလေးတွေပါကူးလာတယ်။ ဆေးတွေလည်းစုံနေပြီ မပျောက်ဘူး။ ဘယ်ဆရာမှမတတ်နိုင်ဘူး။ အပြင်ထွက်ရင် အကွက်လေးတွေကို သနပ်ခါးလူးပြီး ထွက်ရတယ်။ သူငယ်ချင်း မိတ်ဆွေတွေလည်း စုတ်တသပ်သပ်နဲ့စိတ်မကောင်းကြဘူး။ မန္တလေးကိုဆင်းတော့ မမကြီးက ကျနော့်အဖြစ်ကိုမြင်ပြီး ငါ့မောင်ဘဝတော့သွားပါပြီဆိုပြိး ငိုပါတယ်။ ကျနော်ကတော့ စိတ်ဓာတ်မကျပါဘူး။ အနာသိရင် ဆေးရှိပါတယ်။ မမရယ် ငိုမနေပါနဲ့လို့ နှစ်သိမ့်လိုက်ပါတယ်။ ဒါနဲ့ မဖြစ်တော့ဘူး၊ ကိုယ့်ရောဂါကိုယ် ကုမှဘဲဆိုပြိး ဆေနည်းတွေရှာတယ်။ ဖြစ်နိုင်တဲ့ဆေးနည်းတွေအတိုင်း ဆေးတွေဝယ်တယ်။
ကျနော်ဝယ်တဲ့အထဲမှာ ထောပါတ်၊ ကန့်ချုပ်နီ၊ ဆားပုတ်တွေလည်းပါတယ်။ ကန့်ချုပ်နီကို လားရိုးဈေးကြီးအတွင်းက ပရဆေးဆိုင်မှာဝယ်တော့ ပိုင်ရှင်က ရှိသေးလား မသိဘူးဆိုပြီး ရှာပေးတယ်။ ကံကောင်းထောက်မစွာနဲ့ တစ်ဆုပ်စာလောက်ရတယ် အလကားပေးလိုက်တာပါ။ ဒါနဲ့အိမ်ရောက်တော့ ဘယ်ဆေးနဲ့စကုကြည့်မလဲလို့တွေးတယ်။ စိတ်ကစွဲနေတယ် ကန့်ချုပ်နီ အင်းငါ့ရောဂါကအဖြူ အဖြူကို အနီဖြစ်စေဖို့ ကန့်ချုပ်နီနဲ့ကုမယ်လို့ အတွေးဝင်လိုက်မိတယ်။ ဝမ်းသန့်ဖို့ ထမင်းရည်ကို ဆားပုတ်နဲ့နေ့တိုင်းသောက်မယ်၊ အသားငါးရှောင်မယ်။ ဒီလိုတွေးပြိး စကုပါတယ်။
ကန့်ချုပ်နီလေးတွေကို မိန်းမက စိတ်ရှည်လက်ရှည် သွေးပေးတယ်။ ဘာကြောင့်လည်းဆိုတော့ ကန့်ချုပ်နီအရိုးလေးတွေက ကန့်ကော်ရိုးလေးတွေလို သေးသေးလေးတွေဖြစ်နေလို့၊ သွေးပြီးသား ကန့်ချုပ်နီလေးတွေကို သမင်ဖြူကွက်လေးတွေအပေါ်လိမ်းပေးတယ်။ ထမင်းရည်ကို ခွက်ကြီးနဲ့ ငှဲ့ပေးထားတယ်။ မနက်အစာမစားခင် ဆားပုတ်နဲ့ရောပြီးအဝသောက်တယ်။ ကျန်တာကို နေ့လည်ထပ်သောက်တယ်၊ အသီးအနှံတွေကိုဘဲ အားပြုစားတယ်။
တစ်ပါတ်လောက်နေတော့ ထူးခြားလာတယ်။ အဖြူကွက်လေးတွေထဲ အညိုစက်ကလေးတွေဝင်လာတယ် အားတက်လာတယ်။ ၁၅ ရက်လောက်ကျတော့သိသာသွားပြီ။ အဖြူကွက်တွေလျော့နည်းသွားပြီ။ တစ်လလောက်ကျတော့ လုံးဝအရှင်းပျောက်ကုန်တယ်။ အံ့သြစရာကောင်းလိုက်တာ ကိုယ်ရောဂါ ကိုယ်ကိုယ်တိုင်ကုပြီးပျောက်တာ ဝမ်းသာလိုက်တာဗျာ။
တကယ့်လက်တွေ့ဘဲ။ မိတ်ဆွေတစ်ယောက်လည်းဖြစ်လို့ လုပ်ပေးလိုက်တယ်။ ခုတော့ပျောက်ပြီ။ သူကတော့ ခြေထောက်ကစဖြစ်တာ၊ တစ်ကိုယ်လုံးသမားတော့ ကျနော်မပေးဘူးသေးဘူး။
မျှဝေပေးလိုက်ပါ။ ဒီဆေးနည်းလေးကို-
၁။ ကန့်ချုပ်နီ
၂။ ဆားပုတ်နှင့်ထမင်းရည်
၃။ အသားရှောင်။ ဒါလေးပါဘဲ။ ကန့်ချုပ်နီက အရက်နဲ့သောက်တတ်ရင် မတည့်ပါဘူး။ သတိထားပါ။
Credit – Moe Htet Yan
04/12/2020
"သားအမိ (၂) ယောက်ထဲရှိပြီး သမီးဖြစ်သူက ကျောက်ကပ်ရောဂါ အခြေနေဆိုးနေလို့ မိခင်က အကူအညီတောင်း အားလုံးပဲမင်္ဂလာပါရှင် ကျောက်ကပ်အစားထိုးနိုင်ရန်ဆက်လက်ဝိုင်းဝန်းကူညီလှူဒါန်းပေးကြပါအုံးရှင် မနှင်းယုခ....
03/05/2020
23/12/2019
အငှားမယား (သို့) မြန်မာမိန်းကလေးများအတွက် နောက်ဆုံးပေါ် ထောင်ချောက် - Lwin Pyin Cele News သူ၏ဘဝမှာ ဆုပ်လည်းစူး၊ စားလည်းရူးဆိုသလို အငှားမယားဆန်ဆန် ဖြစ်နေသော်လည်း တစ်ဖက်လှည့် ခံနေရသည်ကို သိသိကြီးန.....
Category
Website
Address
Shan Kone Street, Mye Ni Gone, San Choung. TS
Yangon
11111
Alerts
Be the first to know and let us send you an email when They Need your Help posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
