HIV General Knowledge

HIV General Knowledge

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HIV General Knowledge, Health/Beauty, Yangon.

23/11/2024

အရင်တုန်းကတော့ AIDS ဆိုတဲ့ ရောဂါ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါတွေထဲက တစ်ခုဖြစ်ပေမယ့် တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ART ဆေးကိုသာ မှန်မှန်သောက်ပေးမယ်ဆိုရင်တော့ ကိုယ်ခန္ဓာထဲက HIV ပိုးကို လျော့နည်းစေနိုင်တဲ့အပြင် ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်သွားနိုင်ဖို့ ကူညီပေးနိုင်မှာပါ။
ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာကတော့ ART ဆေးနဲ့ ပတ်သက်ပြီး လူတွေ သိထားသင့်တဲ့ အကြောင်းအရာတွေ၊ ဆောင်ရန်၊ ရှောင်ရန်၊ သတိထားသင့်တဲ့ အရာတွေကို ပြောပြပေးချင်ပါတယ်။
Antiretroviral Therapy ARTဆေး သို့မဟုတ် HIV ပိုးထိန်းဆေး
၁။ ART ဆေးဟာ နေ့စဉ် အချိန်မှန် သောက်ပေးရမယ့် ဆေးဖြစ်ပြီး တစ်ရက်မှ ပျက်ကွက်လို့ မရပါဘူး။ ပျက်ကွက်ခဲ့တဲ့ ရက်တွေ၊ အချိန်နောက်ကျမှ သောက်မိတာတွေ များလာတဲ့အခါမှာ ပိုးဟာ ဆေးယဉ်ပါးသွားပြီး ဆေးမတိုးတော့တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
၂။ ရောဂါပိုးဟာ ဆေးစစ်လို့ မပေါ်တော့တဲ့ အခြေအနေ (Undetectable stage) တစ်နည်းအားဖြင့် ပိုးကောင်ရေ (Viral Load) အလွန်နည်းတဲ့ အခြေအနေ ရောက်သွားတဲ့တိုင်အောင် ဆေးကို ပုံမှန်ဆက်သောက်ပေးဖို့ အရေးကြီးပါတယ်။
၃။ ART ဆေးကို ပုံမှန်သောက်ပေးပြီး HIV ရောဂါပိုးကို ထိန်းထားနိုင်ရင် ကိုယ့်ရဲ့ လက်တွဲဖော်၊ အိမ်ထောင်ဖက်၊ ကလေးကို ကူးစက်နိုင်ခြေ အလွန်နည်းသွားပါတယ်။ ရောဂါပိုးရှိတဲ့ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ်ဝန်ဆောင်ဖို့ စိတ်ကူးရှိတယ်ဆိုရင် ART ဆေးကို မပျက်မကွက် သောက်ပေးဖို့၊ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
၄။ တခြားသော ဆေးဝါးတွေလိုပဲ ART ဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ သောက်ကာစမှာ အာနိသင်ဆိုးဆိုးရွားရွား ပြနိုင်ပေမယ့် နောက်ပိုင်းမှာ သိပ်ပြီး ပြင်းထန်တော့မှာ မဟုတ်ပါဘူး။
၅။ ကိုယ်သောက်နေတဲ့ ART ဆေးနဲ့ ဝေဒနာရှင်ရဲ့ ကျန်းမာရေး၊ ကိုယ်ခံအားအခြေအနေပေါ် မူတည်ပြီး ဘေးထွက်ဆိုးကျိုး ပြင်းထန်မှု အခြေအနေ ကွာသွားနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကိုယ့်မှာ ရောဂါပိုးရှိပြီဆိုတာ သိပြီးတာနဲ့ စောနိုင်သလောက် စောစော ART ဆေး သောက်ဖို့ အရေးကြီးပါတယ်။
၆။ ART ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ ခံတွင်းပျက်တာ၊ ကိုယ်အလေးချိန် တက်လာတာ၊ ကျလာတာ၊ ဝမ်းပျက်ဝမ်းလျှော၊ ခေါင်းက အရက်သောက်ထားသလို ချာချာလည်ပြီး မူးနေခြင်း၊ မောပန်းလွယ်ခြင်း၊ အားမရှိသလို ဖြစ်နေခြင်း၊ ပုံမှန်ထက် ကိုလက်စထရော တက်ခြင်း၊ ခြေ၊ လက်တွေမှာ အနီကွက်၊ အင်ပြင်ထခြင်း၊ စိတ်ခံစားချက် အပြောင်းအလဲ မြန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်တဲ့ စိတ်တွေ ဖြစ်လာခြင်း၊ မူးဝေအော့အန်ခြင်း၊ အိပ်ပျော်ရန်ခက်ခဲခြင်း၊ ဖျားနာခြင်း၊ သွေးတိုး၊ ဆီးချိုဖြစ်နိုင်ခြေ မြင့်တက်လာခြင်း၊ ကျောက်ကပ်၊ အသည်း၊ ပန်ကရိယမှာ ဒဏ်ဖြစ်ခြင်း အစရှိသည်တို့ ပါဝင်ပါတယ်။
၇။ ကိုယ်ခံစားနေရတဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ကျန်းမာရေးအခြေအနေတွေနဲ့ သောက်နေတဲ့ ဆေးတွေအကြောင်း ပြသနေတဲ့ ဆရာဝန်ကို သေချာဖွင့်ပြောထားပါ။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးရပ်လိုက်တာမျိုး၊ ဆေးပြောင်းသောက်တာမျိုး မလုပ်သင့်ပါဘူး။
၈။ တိုင်းရင်းဆေးတွေ၊ တရုတ်ရိုးရာဆေးမှုန့်တွေ၊ ဂျင်ဆင်းလို ဆေးမြစ်တွေ၊ ဆေးရွက်တွေကို လုံး၀ သောက်သုံးလို့ မသင့်လျော်ပါဘူး။
၉။ ART ဆေးဟာ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ရောဂါပိုးတွေကို ထိန်းချုပ်ဖို့၊ ကိုယ်ခံအားမြင့်တက်စေဖို့ ကူညီပေးရုံသက်သက်ဖြစ်ပြီး ပြင်ပက ထပ်ပြီး ဝင်လာနိုင်တဲ့ HIV ပိုးတွေကို ကာကွယ်ပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်မှာ HIV ပိုးရှိနေတဲ့တိုင်အောင် အကာအကွယ်မဲ့ လိင်ဆက်ဆံတာမျိုးတွေ၊ အန္တရာယ်များတဲ့ အပြုအမူတွေ လုပ်တာမျိုး ရှောင်ကြဉ်ရပါမယ်။
၁၀။ ဆေးကို နေ့စဉ် အချိန်မှန် မပျက်မကွက် သောက်ပေးဖို့ လိုအပ်ပါတယ်။ အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်ဆင်ခြင်ဖို့ လိုအပ်တဲ့အပြင် အားကစား၊ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
၁၁။ ကိုယ် သောက်ချင်တဲ့ အားဆေးတွေ၊ ရောဂါပျောက်ဆေးတွေ ရှိရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။
စားသောက်နေထိုင်မှု ပုံစံကို ဂရုစိုက်မယ်၊ စိတ်ရော ကိုယ်ပါ ကျန်းမာလန်းဆန်းအောင် နေမယ်၊ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားမယ်၊ ART ဆေးကိုလည်း ပုံမှန် သောက်ပေးမယ်ဆိုရင် HIV ပိုး ရှိသည့်တိုင်အောင် သာမန်လူတစ်ယောက်လိုပဲ ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။

မိမိမှာhivပိုးရှိ၍artဆေးအခက်အခဲဖြစ်ရင်ဆက်သွယ်နိုင်ပါတယ်

hiv ကာလသား tb အခမဲ့စစ်ဆေကု့သလိုပါက 09774536393 or viber သို့ ဆက်သွယ်နိုင်ပါသည်
Prep လဲ အခမဲ့ ထုပ်ပေးပါသည်

Category

Website

Address


Yangon

Alerts

Be the first to know and let us send you an email when HIV General Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.