Beauty's Zone

Beauty's Zone

Share

PUKM

04/10/2026

Toner နဲ့ Toner Pad နှစ်မျိုးလုံးဟာ Skincare Routine မှာ အသားအရေကို စိုပြည်စေဖို့နဲ့ အညစ်အကြေး သန့်စင်ဖို့ အသုံးပြုကြတာဖြစ်ပေမဲ့ အသုံးပြုပုံနဲ့ အကျိုးကျေးဇူးချင်း မတူကြပါဘူး။ အသုံးပြုသူတွေအတွက် အဓိက အားသာချက်၊ အားနည်းချက်တွေကို အောက်ပါအတိုင်း နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။

​၁. Toner (အရည်သီးသန့်)

​ဂွမ်းစ (Cotton Pad) နဲ့ သုတ်ပြီးသုံးတာ သို့မဟုတ် လက်ထဲထည့်ပြီး မျက်နှာပေါ် ပုတ်လိမ်း (Patting) ပေးရတဲ့ Liquid အမျိုးအစားဖြစ်ပါတယ်။

​အားသာချက်များ

​ဆိမ့်ဝင်မှု ပိုကောင်းခြင်း: လက်နဲ့ ပုတ်လိမ်းပါက ပါဝင်ပစ္စည်းများ အသားအရေထဲ ပိုမိုစိမ့်ဝင်လွယ်ပြီး Layer မျိုးစုံ ထပ်မံလိမ်းပေးလို့ရပါတယ်။

​သုံးစွဲရ ပမာဏ ပိုများပြီး တွက်ခြေကိုက်ခြင်း: တစ်ဗူးထဲမှာ ပမာဏ (ml) အများကြီးပါဝင်တာမို့ ကြာရှည်အသုံးခံပြီး ဈေးနှုန်းအရ တွက်ခြေကိုက်ပါတယ်။

​ထိခိုက်လွယ်အသားအရေများအတွက် သင့်တော်ခြင်း: ဂွမ်းစနဲ့ ပွတ်တိုက်စရာမလိုဘဲ လက်နဲ့ပဲ ပုတ်လိမ်းနိုင်တာကြောင့် Friction (ပွတ်တိုက်မှု) ကြောင့် အသားအရေ နီရဲတာနဲ့ ယားယံတာတွေကို လျှော့ချပေးနိုင်ပါတယ်။

​အသုံးပြုရ စုံလင်ခြင်း: Toner Pack အဖြစ် ဂွမ်းစမှာ ဆီဆွတ်ပြီး သုံးနိုင်သလို Spray ဗူးထဲထည့်ပြီး Mist အဖြစ်လည်း ပြောင်းသုံးလို့ရပါတယ်။

​အားနည်းချက်များ

​ခရီးသွားရင် သယ်ဆောင်ရ ခက်ခဲခြင်း: ဗူးကြီးမားပါက သယ်ရလေးပြီး အရည်ယိုဖိတ်နိုင်ခြေ ရှိပါတယ်။

​Exfoliation အာနိသင် လျော့နည်းခြင်း: Physical တိုက်ရိုက်ပွတ်တိုက်မှု မရှိတဲ့အတွက် Exfoliating Toner ဖြစ်ရင်တောင် တိုက်ရိုက် Exfoliation Effect ပိုနည်းနိုင်ပါတယ်။

​၂. Toner Pad (Toner စိမ်ထားသည့် ဂွမ်းပြား)

​Toner အရည်စိမ်ထားပြီးသား ဂွမ်းပြားလေးများဖြစ်ပြီး များသောအားဖြင့် တစ်ဖက်မှာ Embossed (အဖုအထုပါသော) Texture နဲ့ အခြားတစ်ဖက်မှာ Smooth (ပြောင်ချော) Texture ပါဝင်လေ့ရှိပါတယ်။

​အားသာချက်များ

​အသုံးပြုရ အလွန်လွယ်ကူခြင်း: ဂွမ်းစတွင် Toner ထပ်ဆွတ်စရာမလိုဘဲ ဗူးဖွင့်ရုံဖြင့် တိုက်ရိုက်သုံးနိုင်တာကြောင့် ခရီးသွားတဲ့အခါနဲ့ အချိန်မရှိတဲ့အခါ အလွန်အဆင်ပြေပါတယ်။

​2-in-1 Exfoliation & Hydration: Embossed ဘက်နဲ့ ပွတ်တိုက်ပေးခြင်းဖြင့် ဆဲလ်သေနဲ့ အညစ်အကြေးများကို သန့်စင်ပေးနိုင်ပြီး Smooth ဘက်နဲ့ အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

​Sheet Mask အသေးစားအဖြစ် သုံးနိုင်ခြင်း: ပါးပြင်၊ နဖူး စတဲ့ အစိုဓာတ်လိုအပ်တဲ့ နေရာတွေမှာ ၅-၁၀ မိနစ်ခန့် ကပ်ထားပြီး Quick Mask Pack အဖြစ် သုံးရလွယ်ကူပါတယ်။

​အားနည်းချက်များ

​အသားအရေ နီရဲ/ယားယံနိုင်ခြင်း: Sensitive Skin သို့မဟုတ် Acne-prone Skin ဖြစ်ပါက ဂွမ်းပြားနဲ့ ပွတ်တိုက်မှုကြောင့် အသားအရေ ပိုမိုထိခိုက်နိုင်ပါတယ်။

​ဈေးနှုန်း ပိုမိုမြင့်မားခြင်း: ပမာဏ (အပြား အရေအတွက်) နဲ့ ယှဉ်ရင် Toner အရည်ထက် ဈေးနှုန်း ပိုမိုရရှိမှု နည်းပါတယ်။

​ခြောက်သွေ့လွယ်ခြင်း: ဗူးအဖုံးကို သေချာမပိတ်ပါက သို့မဟုတ် ကြာရှည်ထားပါက အတွင်းမှ Toner များ ခြောက်သွားနိုင်ပါတယ်။

​ဘယ်သူတွေ ဘာကို ရွေးချယ်သင့်သလဲ။

​Toner သာသုံးသင့်သူများ: Sensitive skin (အသားအရေ ထိခိုက်လွယ်သူများ)၊ အစိုဓာတ်အဓိက ဖြည့်ချင်သူများ၊ စီးပွားရေးအရ ပမာဏများများ သုံးချင်သူများ။

​Toner Pad သာသုံးသင့်သူများ: ခရီးခဏခဏ ထွက်ရသူများ၊ မျက်နှာပေါ်မှ ဆဲလ်သေနှင့် အညစ်အကြေးများကို နေ့စဉ် ငြင်သာစွာ သန့်စင်ချင်သူများ၊ အချိန်တိုအတွင်း Quick Mask ကပ်ချင်သူများ။

#ဒီထက်အလှတွေပိုလို့တိုးနိုင်ပါစေရှင့်

02/10/2026

အပျင်းပြေ အားလူးဖုတ်ကြရအောင် ♥️

01/10/2026

🥰🥰🥰

23/09/2026

soone ရဲ့ Mask လေးတွေက

ရောက်လာတော့ ကြည့်ရင်းနဲ့

ဗူးထဲမှာ ၆ ချပ်ပါတာ ..

💚ဝက်ခြံထွက်တဲ့နေ့တွေဆို Cica လေးကပ်ပြီး

🌸 အမဲစက်ကျန်ရင် Nia လေးကပ်

💦ပုံမှန်နေ့တွေမှာဆို Hya လေးကပ်ပြီး

Skin Barrier ကို ပိုပြီး ကျန်မာစေရုံပဲ

အသားရေကို သေချာ ဂရုတစိုက်နဲ့

Mask ကပ်တတ်တဲ့သူဆိုရင် အိုကေ စိုပြေပဲ

21/09/2026

✨🤍ရိုးရှင်းပေမယ့် တောက်ပနိုင်တယ် 🤍✨

1️⃣ ပထမ အရေးကြီးဆုံးက စိတ် 🤍🤍.. ကိုယ့်ရဲ့စိတ်ကို ရိုးရိုးရှင်းရှင်းထားပြီး အကြည်ဓာတ်ကို ရယူလို့ရပါတယ် .. စိတ်က မျက်နှာပါပေါ်တယ်ဆိုတာ ငြင်းလို့မရတာကတော့ အမှန်ပါပဲ … 🌸🌸🌸 ဒီလိုပြောတာ ကိုယ်လည်းအမြဲအေးချမ်းနေတာမျိုး မဟုတ်ပေမယ့် အတတ်နိုင်ဆုံး ကိုယ့်ရဲ့တနေ့တာကို အကောင်းဆုံးအတွေးအမြင်တွေနဲ့ ကျော်ဖြတ်နိုင်အောင်ကြိုးစားပါတယ်် 🥰🥰🥰

2️⃣ဒုတိယ ကတော့ Shiseido The Collagen ပါ 💗💗 … အပေါ်က ပြောတဲ့အချက်ရယ် နေ့စဉ် ပိုးရဲ့ တနေ့တာ Self Care လုပ်တာတွေကို ပိုပြီး Boost လုပ်ပေးနေတာက Shiseido ရဲ့ The Collagen …. Hair Care မျိုးစုံ Skincare မျိုးစုံ သုံးပေမယ့် အသက်ရွယ်ကြောင့် အတွင်းပိုင်းကနေ လျော့နည်းလာတဲ့ Cell တစ်ချို့ကို ဖြည့်တင်းပေးနိုင်ဖို့ကတော့ The Collagen က ပိုးရဲ့ တစ်နေ့တာမှာ မရှိမဖြစ်ပါပဲ …. အသိသာဆုံးကိုပြောပါဆိုရင် လက်သည်း ခြေသည်းလေးတွေ နောက်တစ်ခုက ဆံပင်ပါ .. ပြီးတော့ အသားရေပေါ့ …

✨ပိုးက ခြေသည်း လက်သည်းတွေ အရမ်းကိုမှ ပျော့တဲ့ထဲပါတယ် ဒါပေမယ့် Gel Colour ကတော့ အဆိုးမပျက်ပါဘူး .. လက်သည်း ခြေသည်းလေးတွေက အရင်လိုမဟုတ်ပဲ ပိုပြီး ခံနိုင်အားကောင်းလာတာကို သတိထားမိပါတယ် …

✨နောက်တော့ ဆံပင် .. ကျွတ်တာပေါ့ ဆံပင်ဆိုတာ အသက်အရွယ်ကလည်း ရောက်လာပြီဆိုတော့ ဒါတွေဟာ သဘာဝဆိုတာကို နားလည်လက်ခံတတ်ဖို့လိုတယ် … Shampoo , Conditioner , Hair Oil နဲ့ Hair Tonic ကောင်းတွေကို စုံနေအောင်သုံးနေတာမှန်ပေမယ့် ခန္တာကိုယ်အတွင်းပိုင်းက အားနည်းနေတဲ့အပိုင်းကို ဖြည့်တင်းပေးဖို့က လိုအပ်ပါတယ်နော် …

✨အသားရေကတော့ ဖြူဖို့ မတွေး ဝင်းဖို့တွေးပါ .. လူကြားထဲက အသားရေရဲ့ စိုပြေမှု နဲ့ ဝင်းနေ လင်းနေတာမျိုးပါ … ပျော့တွဲတာတဲ့ အသားရေတွေအတွက်လည်း အထောက်ကူပြုပါတယ်နော် …

ပိုးကတော့ ကော်ဖီသောက်တဲ့အခါ သူ့ကို ထည့်သောက်ပါတယ် …တနေ့ကို ရေ၂ လီတာထက် မနည်း သောက်ဖြစ်လို့ ကျန်းမာရေးအတွက်လည်း အထောက်ကူဖြစ်ပါတယ် …. ပုံစံအသစ်ထုတ်ထားတဲ့ အတွက် အနံ့အရသာမရှိပဲ သောက်ရတာ တကယ်ကို အဆင်ပြေပါတယ် …. 😍😍

သူငယ်ချင်းထိုးတဲ့ ဆေးဓာတ်ပုံမှာတောင် ✨✨ “အော် ငါက ရိုးရိုးရှင်းရှင်း ကျက်သရေ ရှိတဲ့ အလှမျိုး နဲ့ အရွယ်တောင် ရောက်နေပြီ”✨✨ဆိုပြီး ကိုယ့်ဘာ့ကို ဂုဏ်ဆာမိတာ အမှန်ပါပဲ

#ဒီထက်အလှတွေပိုလို့တိုးနိုင်ပါစေရှင့်🌸✨

18/09/2026

ဂျပန်နိုင်ငံရဲ့ နံပါတ် ၁ ဖြစ်တဲ့ Anessa Sunscreen က ဘာလို့ ကမ္ဘာမှာ နာမည်ကြီးတာလဲ ??? 🇯🇵🇯🇵🇯🇵

သုံးကြည့်မှပဲ ကိုယ်တိုင်ခံစားပြီးသိနိုင်တာမလို့ သုံးကြည့်ဖို့ကိုပြောချင်ပါတယ် … မသုံးကြည့်ချင် အမြည်းလေးပြောပြပေးမယ် 🥰🥰🥰

အခု ပိုးက ပုံထဲက လက်ဟောင်းဗူးလေး သုံးထားတာဆိုတော့ ဒါလေးကိုနည်းနည်းပြောပြပေးမယ် နော် 😍

တကယ်က All Skin Type သုံးလို့ရတာပါ .. ဒါပေမယ့် ကိုယ့်ရဲ့နေရာဒေသလိုက်ပြီး ပူပြင်းတဲ့မြန်မာနိုင်ငံမှာဆိုတော့ တော်တော်များများက သူ့ကို Dry Skin သမားအတွက်ဆိုပြီး သတ်မှတ်ထားကြတယ်ပေါ့ကွယ် …

✅ကိုယ်က Glow Looks လေး Healthy Skin လေးဖြစ်နေချင်ရင် သူ့ကိုရွေးချယ်လို့ရပါတယ်
💋Foundation သုံးတဲ့အခါမှာလည်း မိတ်ကပ်သားကို ပိုပြီး ကြွလှစေပါတယ်
☀️နေလောင်ဒဏ်ကို အပြည့်ဝ ကာကွယ်ပေးလို့ အရေပြားကင်ဆာဖြစ်ခြင်းမှလည်း ကင်းဝေးပြီး ကျန်းမာတဲ့ အသားရေကိုရစေပါတယ်
😇စီးကပ်ခြင်းမရှိ White Cast မကျန်စေပဲ အသားထဲကိုအလျင်မြန်စိမ့်ဝင်လွယ်ပါတယ်
💦ရေဓာတ်ကို ကြာရှည်စွာထိန်းပေးလို့အသားရေကို စိုပြေကျန်းမာစေပြီး ကြမ်းတမ်းတဲ့အသားရေကို အိစက်ချောမွေ့စေပါတယ်
👵🏻အရေးကြောင်းနဲ့ အသားရေပျော့တွဲတာကိုလည်း သက်သာစေပြီး အသားရေကို တင်းရင်း နုပျိုစေပါတယ် 😍

💯ကုန်သွားလည်းထပ်ဝယ်သုံးမယ့်ထဲပါလားမေးရင်တော့ Yes ပါ 👍🏻

🥰🥰ပုံထဲက ပိုးပုံက Anessa ပဲ လိမ်းထားပြီး Glow နေတာပါ အရမ်းစိတ်ကျေနပ်ပြီး ကိုယ့်ကိုပိုပြီး ယုံကြည်မှုတိုးစေပါတယ် 😍😍😍

#ဒီထက်အလှတွေပိုလို့တိုးနိုင်ပါစေရှင့်🌸✨

17/09/2026

ခေါင်းပြန်မလျှော်မခြင်း ဖောင်းဖောင်းလေးပဲ 🌸🌸🌸

15/09/2026

✅ပြူးထွက်နေတဲ့ ဆားဝက်ခြံ
✅ကျယ်နေတဲ့ချွေးပေါက်
✅ပျော့တွဲလာတဲ့ အသားရေ
✅သိသာလာတဲ့ အရေးကြောင်း
✅တောက်ပမှူမရှိတဲ့ မျက်နှာ အတွက်

အကောင်းဆုံးရွေးချယ်မှုပါ
တကယ်ကို 100% recommend ပေးပါတယ် 💯💯
မြန်မာနိုင်ငံမှာ Official မရှိလို့ထင်တယ်
Review သိပ်မတွေ့တာ အရမ်းနှမြောဖို့ကောင်းတယ်😞😞

ပုံမှန် Pore Cleanser တွေက Dry Skin နဲ့ သိပ်အဆင်မပြေပေမယ့်
Biodance ကထုတ်ထားတာလေးက တကယ်ကို တစ်ခါဆို တစ်ခါသုံးပြီး စိတ်ကျေနပ်မှု အပြည့်ဝပေးတာလေး 🌸🌸

Next Level ရောက်နေတဲ့ အသုံးပြုပုံကတော့ မျက်နှာသစ်ဆေးကို မျက်နှာ တစ်ဝိုက်လိမ်းထားပြီး Mask အဖြစ် အသုံးပြုပြီးနောက် 1-3 မိနစ်ထားပြီးမှ ရေဖြင့် အမြှပ်ထွက်အောင် သေချာလေး ပွတ်ပေးပြီး ပြောင်စင်အောင်ရေဆေးချပေးရပါတယ်

#ဒီထက်အလှတွေပိုလို့တိုးနိုင်ပါစေရှင့်🌸✨

15/09/2026

ကိုယ့်အချိန် ၊ စိတ်စွမ်းအား နဲ့ ကိုယ့်ကိုကိုယ် လေးစားမှုကို ကာကွယ်တတ်ပါစေ 💙✨💙✨💙

Photos from Beauty's Zone's post 10/09/2026

iPhone camera နဲ့ရိုက်ထားတော့

မျက်နှာပေါ်က အပစ်အနာဆာတွေက

ထင်းနေအောင်ပေါ်နေတာ

မြင်နေရတဲ့ ပိုးရဲ့အသားရေအတွက်

ဘယ်တစ်ခုသုံးရင်ကောင်းမလဲ

ပြန်ပြောပေးကြပါဦး 🥰🥰🥰

Telephone

Website

Address


Parami
Yangon

Alerts

Be the first to know and let us send you an email when Beauty's Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.