Vera SPA

Vera SPA

Share

Foot Massage & Traditional Thai Massage တို့ဖြင့် လာရောက်အညောင်းအညာဖြေနိုင်မယ့် Vera Luxury SPA ...
SPA DAY , SELF CARE DAY

28/05/2026

လူကြီးမင်းတို့ရှင်
ယနေ့ ကျရောက်သော Eid နေ့တွင် ဆိုင်အား (၁) ရက် ခေတ္တပိတ်ထားမည် ဖြစ်ပါသည်။
မနက်ဖြန်မှစတင်၍ ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ်ကာ နွေးထွေးစွာ ကြိုဆိုပေးသွားပါမည်ရှင်။
စိတ်အဆင်ပြေချမ်းမြေ့ဖွယ်ရာ Eid နေ့လေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🌙 Happy Eid Mubarak

ဒီလိုမွန်မြတ်လှတဲ့ နေ့ထူးနေ့မြတ်လေးမှာ မိတ်ဆွေတို့ရဲ့ မိသားစုနဲ့ ချစ်ခင်ရသူတွေအားလုံး ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုတွေ အပြည့်အဝရရှိပါစေလို့ Vera Luxury Spa မိသားစုမှ နွေးထွေးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်..

"May This Beautiful Occasion Bring You Lasting Success and Happiness."

10/05/2026

"မေမေ့ရဲ့ တစ်သက်တာလုံး ပေးဆပ်ခဲ့တဲ့ မေတ္တာတွေအတွက် ဒီနေ့မှာတော့ မေမေ့ကို အကောင်းဆုံး ဂရုစိုက်မှုတွေနဲ့ ပြန်လည်ကျေးဇူးဆပ်ခွင့်ပြုပါ... ❤️

တစ်မိသားစုလုံးရဲ့ အားကိုးရာဖြစ်တဲ့ မေမေ... စိတ်ရောကိုယ်ပါ အပန်းပြေပြီး အမြဲတမ်း ကျန်းမာပျော်ရွှင်ပါစေကြောင်း Vera Luxury Spa မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..."

01/05/2026

ယနေ့ကျရောက်တဲ့ အလုပ်သမားနေ့ကို ဂုဏ်ပြု ကြိုဆိုပါသည်... 🙇🏻‍♀️

VERA Spa ရဲ့ ရလဒ်ကောင်းတွေနဲ့ တိုးတက်မှုတွေဟာ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်အားထက်သန်မှု၊ တာဝန်ယူမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ VERA Spa အဖွဲ့ဝင်တွေအပါအဝင် ရုန်းကန်ကြိုးစားနေကြတဲ့ နယ်ပယ်ပေါင်းစုံက ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

30/04/2026

💦 ညောင်ရေသွန်းရင်း ကုသိုလ်ယူ၊ မေတ္တာဓာတ်တွေ ဖြန့်ဝေရင်း ကြည်နူးရမယ့် နေ့ထူးနေ့မြတ်...

ဒီနေ့မှာ ပြုသမျှ ကုသိုလ်အစုစုကြောင့် နှလုံးသားထဲမှာ အစဉ်အမြဲ အေးချမ်းမှုတွေ ကိန်းအောင်းနိုင်ကြပါစေလို့ VERA Spa မှ မေတ္တာဖြင့် နှုတ်ခွန်းဆက်သလိုက်ပါတယ်။ 🍃

#ဗုဒ္ဓနေ့

Photos from Vera SPA 's post 18/04/2026

ဆိုင်လေးပြန်ဖွင့်ပြီနော် Vera ရဲ့ ချစ်ရတဲ့ Customers များရှင့်🥰☺️
#
ဒီနေ့ဆိုင်ဖွင့်ရက်လေးမှာပဲ Booking အပြည့်အားပေးကြတဲ့ Customers များကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🥰💝

Booking တွေပြည့်နေလို့ မရလိုက်တဲ့ Customers များကိုလည်းတောင်းပန်ပါတယ်ရှင့် 🙂‍↔️
ဒီရက်လေးတွေက Booking တွေပြည့်နေတတ်လို့ လာမယ်ဆိုကြိုတင်Booking လေးယူပေးပေးပါရှင့်

သင်္ကြန်လည်းကဲကြပြီးပြီဆိုတော့ အသားအရည်တွေလည်းနေလောင်ထားကြရောပေါ့
ဒါဆိုရင်တော့ Vera Spaမှာ Body Spa လေးလုပ်ပြီး အသားအရည်ကိုပြန်ဂရုစိုက်ကြရအောင်🥰

Booking phone
09 440 677 677
09 940 009 898

17/04/2026

❤️❤️

17/04/2026

ပိတောက်ရောင်လွှမ်းတဲ့ မြန်မာ့နှစ်သစ်မှာ အားလုံးပဲ စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်တွေနဲ့ လန်းဆန်းတက်ကြွကြပါစေ။

မြန်မာ့ရိုးရာ နှစ်သစ်မှာ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပြီး

နေ့ရက်တိုင်းမှာ ပိတောက်ရနံ့လို မွှေးပျံ့တဲ့ သတင်းကောင်းတွေနဲ့ ပြည့်နှက်နေပြီး စီးပွားဥစ္စာ ဒီရေအလား တိုးတက်ပါစေကြောင်း “Vera Luxury Spa” မှ နှစ်သစ်ဆုတောင်းပေးလိုက်ပါတယ်။

#သင်္ကြန်ဆုတောင်း

Photos from Si Thu Maung's post 12/04/2026

ဆိုင်လေးကိုလာရောက်အားပေးသွားတဲ့ အကိုနဲ့အမကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🥰🥰
Si Thu Maung

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

,+Yangon,+Myanmar+(Burma)/@16.7857584,96.1624887,19z/data=!4

Address


Coner Of Upper Pansodan Street And Myanma Gony Housing Plot 12, Mingalartaung Nyunt Township
Yangon