MIKE GYM
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MIKE GYM, Health/Beauty, 28, 167 Street, Yangon.
"မသီရီ ရေ… 🎂🎂🎂မွေးနေ့မှာ ပျော်ရွှင်ပါစေ။ မွေးနေ့မှစရျ် နောင်နှစ်ပေါင်းများစွာအထိ အပြုံးတွေနဲ့ မွှေးပျံ့နေပြီး၊ အောင်မြင်မှုတွေနဲ့ ပြည့်
နှက်နေတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ။👏လိုအင်ဆန္ဒမှန်သမျှလည်း အမြန်ဆုံး ပြည့်ဝပါစေနော်။ သာယာသော မိသားစုလေးနဲ့👫👬
ရင်းနှီးသည့် သူငယ်ချင်း/မိတ်ဆွေများနှင့် အမြဲအတူ ထဝရ(ပျော်ရွှင်နိုင်ပါစေ။🤝
Happy Birthday!"Thiri Mg🎂🎂🎂
🎉 MIKE Gym ရဲ့ ၉ နှစ်ပြည့် Anniversary Promotion အား အားပေးကြမ်းကြတဲ့ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏❤️
MIKE Gym ရဲ့ ၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အထူး Promotion အစီအစဉ်မှာ ပါဝင်အားပေးခဲ့ကြတဲ့ Member ဟောင်း၊ Member သစ်များ 🏋️♂️🔥
အမြဲတမ်း ယုံကြည်စိတ်ချစွာနဲ့ အတူရှိပေးကြတဲ့ တစ်ဦးချင်းစီတိုင်းရဲ့ အားပေးမှုက MIKE Gym အတွက် အကြီးမားဆုံး ခွန်အားနဲ့ ဝမ်းသာပိတိဖြစ်ခဲရပါတယ်။
✨ ကျွန်တော်တို့ MIKE Gym ဘက်မှလည်း -
• ပိုမိုကောင်းမွန်တဲ့ Fitness Service များ
• ခေတ်မီစုံလင်တဲ့ ကိရိယာစက်ပစ္စည်းများ
• စနစ်ကျပြီး ထိရောက်မှုရှိတဲ့ Trainer များ၏ နည်းပြသင်ကြားပေးမှုများဖြင့်
လူကြီးမင်းတို့၏ Fitness Goal များကို အကောင်အထည်ဖော်ရာမှာ အကောင်းဆုံး ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း ကတိပြုပါတယ်။ 🙏💪
ကျန်းမာကြံ့ခိုင်ပြီး လှပတဲ့ Body Shape တွေကို MIKE Gym နဲ့အတူ ဆက်လက် တည်ဆောက်သွားကြရအောင်နော်! ⚡️
🎁 Member သစ်/ဟောင်း တိုင်းအတွက် ဗလာမပါကံစမ်းမဲ အခွင့်အရေး။
ဒီလအတွင်း Member package ဝယ်ယူသူတိုင်းအတွက် လက်ဆောင်ဆုမဲ ပေါင်းများစွာကို ကံထူးခွင့် ပေးနေပါပြီ။💪
🎉 MIKE GYM ရဲ့ (၉) နှစ်ပြည့် အထူးကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Promotion အစီစဉ်🎉
MIKE GYM ကို စဉ်ဆက်မပြတ် အားပေးလာကြတဲ့ ချစ်မိတ်ဆွေများအတွက် (၉) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အထူးတလည် ပြုလုပ်ပေးထားတဲ့ Special Promotion အစီအစဉ်ကြီး လာပါပြီဗျို့….😱။
ကြွက်သားထု တည်ဆောက်ချင်သူများ၊ Class တွေဆော့ပြီးအဆီပိုတွေကိုဝိတ်ချချင်သူများ၊ခန္ဓာကိုယ်အလှ ပြုပြင်ချင်သူများအတွက် အတန်ဆုံးသော အခွင့်အရေးတွေကတော့ -
🎉 MIKE GYM ရဲ့ (၉) နှစ်ပြည့် အထူးကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Promotion အစီစဉ်🎉
၃လ Membership — ၁လ Free😱
၆ လ Membership — ၂ လ Free
၂ လ Membership — 10% OFF Discount😱
promotion ကာလ 18.9.2026မှ/ 23.9.2026 ထိဖြစ်ပါတယ်။
Promotion ဝယ်ယူအပ်နှံသူ တိုင်းအတွက် အထူးကံစမ်းမဲ ဗလာမပါ လက်ဆောင်များ ရရှိမှာဖြစ်ပါတယ်
ဝယ်ယူအားပေးသူတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
MIKE GYM family 🥰
ဒါတင်မကသေးပါဘူး! Promotion ကာလအတွင်း ဝင်ရောက်အပ်နှံသူ တိုင်းအတွက် အထူးကံစမ်းမဲ ဗလာမပါ လက်ဆောင်များ လည်း ထည့်သွင်းထားတာမို့ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရင်း ကံထူးရှင်လည်း ဖြစ်
နိုင်မယ့် အခွင့်အရေးကောင်းကို လက်လွှတ်မခံဖို့ အခုဘဲ အကောင်အထည်ဖော်ပြီး လာရောက်
စုံစမ်း စာရင်းသွင်းလိုက်ပါ။
Promotion ကာလ 18.9.2026မှ/ 23.9.2026 ထိဖြစ်ပါတယ်။
လှပကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့
MIKE GYM နဲ့အတူ လက်တွဲကြပါစို့။💪 09420002527
21/09/2026
🎉 MIKE GYM ရဲ့ (၉) နှစ်ပြည့် အထူးကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Promotion အစီစဉ်🎉
MIKE GYM ကို စဉ်ဆက်မပြတ် အားပေးလာကြတဲ့ ချစ်မိတ်ဆွေများအတွက် (၉) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အထူးတလည် ပြုလုပ်ပေးထားတဲ့ Special Promotion အစီအစဉ်ကြီး လာပါပြီဗျို့….😱။
ကြွက်သားထု တည်ဆောက်ချင်သူများ၊ Class တွေဆော့ပြီးအဆီပိုတွေကိုဝိတ်ချချင်သူများ၊ခန္ဓာကိုယ်အလှ ပြုပြင်ချင်သူများအတွက် အတန်ဆုံးသော အခွင့်အရေးတွေကတော့ -
၃လ Membership — ၁လ Free😱
၆ လ Membership — ၂ လ Free
၂ လ Membership — 10% OFF Discount😱
ဒါတင်မကသေးပါဘူး! Promotion ကာလအတွင်း ဝင်ရောက်အပ်နှံသူ တိုင်းအတွက် အထူးကံစမ်းမဲ ဗလာမပါ လက်ဆောင်များ လည်း ထည့်သွင်းထားတာမို့ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရင်း ကံထူးရှင်လည်း ဖြစ်
နိုင်မယ့် အခွင့်အရေးကောင်းကို လက်လွှတ်မခံဖို့ အခုဘဲ အကောင်အထည်ဖော်ပြီး လာရောက်
စုံစမ်း စာရင်းသွင်းလိုက်ပါ။
Promotion ကာလ 18.9.2026မှ/ 23.9.2026 ထိဖြစ်ပါတယ်။
လှပကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့
MIKE GYM
နဲ့အတူ လက်တွဲကြပါစို့။💪
Tamwe 167 street
08420002527
17/09/2026
💥 3-Week Weight Loss Challenge (Batch 5 ကြိမ်ဝယ်ရင် တစ်ကြိမ် Free ) 💥
၃ ပတ်အတွင်း ပေါ့ပါးသွက်လက်ပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်အချိုးအစား ပိုင်ဆိုင်နိုင်ဖို့ "3-Week Challenge" ဝိတ်ချ Program ကို
အထူး Promotion အစီအစဉ်
5 ကြိမ် ဝယ်ယူပါက 1 ကြိမ် အခမဲ့ 😱(Free) တက်ရောက်ခွင့် ရရှိပါမည်။
သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ စုပေါင်းဝယ်ယူပြီး အတူတူ ဝိတ်ချချင်သူများအတွက် အထူးသင့်တော်
ပါတယ်။
Program တွင် ပါဝင်မည့် ဝန်ဆောင်မှုများ
Personalized Diet Plan: မိမိနဲ့ ကိုက်ညီမည့် နေ့စဉ် အာဟာရနှင့် အစားအသောက်ပုံစံ ညွှန်ကြားချက်များ၊ ဒဏ်ရာဝေဒနာ ခါးနာ၊ ဒူးနာ၊
Over weight ကစားသမားများအတွက်’လွယ်ကူစွာ လေ့ကျင့်နိုင်မည့် လေ့ကျင့်ခန်းများ အထူးထားပေးခြင်း။
တစ်ပတ် တစ်ကြိမ်စနစ်တကျ ဝိတ်နှင့် ခန္ဓာကိုယ် အပြောင်းအလဲများကို စောင့်ကြည့်ပေးခြင်း၊
1-on-1 Coaching: နည်းပြနှင့် တိုက်ရိုက် ဆွေးနွေးတိုင်ပင်နိုင်မည့် အခွင့်အရေး။
3week Batch (60)
[စတင်မည့်ရက်] 21.9.2026 🗓️ Start Date – စဖွင့်ပါမည်။
🏆 Training Schedule�🌞 Morning – 9:15 AM – 10:00 AM�🌙 Evening – 7:15 PM – 8:00 PM
📅 တစ်ပတ် ၅ ရက်�(Mon, Tue, Thu, Fri, Sat
🔥 ခန္ဓာကိုယ် အပြောင်းအလဲအတွက် ဒီနေ့ပဲ သူငယ်ချင်းတွေနဲ့အတူ Challenge စတင်လိုက်ပါ။
👉 အသေးစိတ်မေးမြန်းရန်နှင့် စာရင်းပေးသွင်းရန်: [Page Messenger / Phone Number / 09420002527 Link]MIKE GYM@topfans
Body Pump ဆိုတာ တေးဂီတမြိုင်မြိုင်ဆိုင်ဆိုင်နဲ့အတူ (Barbell Smart bar )၊ အလေးတုံးများကို အသုံးပြုပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများကို လေ့ကျင့်ပေးတဲ့ Group Class တစ်ခု ဖြစ်ပါတယ်။
၁။ ရရှိနိုင်သော အကျိုးရလဒ်များ (Benefits)
ကြွက်သားထုထည်၊ခန္ဓာကိုယ်ကြီးမားသွားတာ မဟုတ်ဘဲ ကြွက်သားများကို သန်မာပြီး လှပကျစ်လစ်စေတာဖြစ်ပါတယ်။
၁ နာရီ လေ့ကျင့်ရုံဖြင့် ကယ်လိုရီ ၄၀၀ မှ ၆၀၀ အထိ လောင်ကျွမ်းစေပြီး လေ့ကျင့်ပြီးနောက်ပိုင်းမှာလည်း အဆီတွေလောင်ကျွမ်းမှု (Afterburn effect) ဆက်လက်ဖြစ်ပေါ်နေစေပါတယ်။
အရိုးအဆစ်များကို သန်မာစေပြီး အသက်အရွယ်ရလာချိန် အရိုးပါးရောဂါဖြစ်ပွားမှုကို လျှော့ချစေပါတယ်။
၂။ ရရှိနိုင်သော ပျော်ရွှင်မှုနှင့် တက်ကြွမှု (Fun & Energy)
ဂီတနှင့် မြိုင်ဆိုင်လှတဲ့ သီချင်း/တေးဂီတ နဲ့အတူ လေ့ကျင့်ရတာကြောင့် ပျင်းရိခြင်းမရှိဘဲ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေပါတယ်။💪
Group Dynamic စိတ်ဓာတ်ပိုင်းယုံကြည်မှု၊တစ်ယောက်တည်း မဟုတ်ဘဲ အတန်းဖော်များနှင့်အတူ အပြိုင်အဆိုင် လေ့ကျင့်ရခြင်းက စိန်ခေါ်မှုကို ပျော်ရွှင်နှစ်သက်စေပြီး အားအင်ပိုမို ဖြစ်ပေါ်စေပါတယ်။
စိတ်ဖိစီးမှု လျော့ကျခြင်း၊အားကစားပြုလုပ်စဉ် ထွက်ရှိလာသော ဟော်မုန်းကြောင့် စိတ်ဖိစီးမှုများကို လျှော့ချပေးပြီး စိတ်ကြည်လင်စေပါတယ်။
၃။ ထိရောက်မှုနှင့် စနစ်ကျမှု (Effectiveness)
Rep Effect
အလေးချိန် အလွန်အမင်း အလေးကြီး မလိုဘဲ အကြိမ်ရေများများ (Repetitions) မြန်မြန်ဆန်ဆန် လေ့ကျင့်သည့် နည်းလမ်းဖြစ်၍ ဒဏ်ရာရရှိမှု နည်းပါးပြီး ထိရောက်မှု မြင့်မားပါတယ်။
တစ်ကိုယ်လုံးစာ လေ့ကျင့်ခန်း🧐ခြေထောက်၊ ရင်ဘတ်၊ ကျော၊ လက်နှင့် ဗိုက်ကြွက်သားများကို အလှည့်ကျ စနစ်တကျ လေ့ကျင့်ပေးတာကြောင့် ၁ နာရီအတွင်း တစ်ကိုယ်လုံးစာ လေ့ကျင့်ခန်း ပြီးမြောက် စေပါတယ်။
Body Pump အတန်းများသည် ကိုယ်အလေးချိန် လျှော့ချချင်သူများ၊ ကြွက်သား ကျစ်လစ်ချင်သူများနှင့် ကျန်းမာရေးအတွက် ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ချင်သူများအတွက် အထူးသင့်တော်သော အလေးမ ပေါင်းစပ်လေ့ကျင့်ခန်း ဖြစ်ပါတယ်။
တာမွေ ၁၆၇လမ်းMIKE GYM@topfans
09420002527
အလေးချိန် ပေါင် ၃၀၀ (136 kg) ရှိတဲ့ ဖိုက်တာကြီးတစ်ယောက်အတွက် ဝိတ်ချ Personal Training အစီအစဉ်ဆွဲတဲ့အခါ အဓိက သတိထားရမှာက "ဒူးနဲ့ အဆစ်အမြစ်တွေကို ဒဏ်မပိစေဘဲ၊ အဆီတွေကို အထိရောက်ဆုံး လောင်ကျွမ်းစေဖို့တွက်"စနစ်တကျTrainပေးရမှာ ဖြစ်ပါတယ်။
ပေါင် ၃၀၀ မှာ ဒူးဆစ်နဲ့ ခါးတွေက ဝိတ်ရဲ့ဒဏ်ကိုခံနေရတာမို့ ကြိုးခုန်တာ၊ စက်ဘီးမဆော့ဘဲ ခုန်ပြေးတာ (Jump Squats/Burpees) တွေကို အစပိုင်းမှာ လုံးဝ ရှောင်ရပါမယ်။
🥊 အဆင့် (၁) - အစားအသောက် စီမံခန့်ခွဲမှု (300 lb Fighter Nutrition)
ပေါင် ၃၀၀ ရှိတဲ့သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ တစ်နေ့တာ’ကယ်လိုရီ အမြောက်အများ လိုအပ်တာမို့၊အစားကို အလွန်အမင်း လျှော့စရာမလိုဘဲ ပုံမှန်စား၊ပုံမှန်ကစားရုံနဲ့’ပထမ ၁ လမှာတင် အဆီသိသိသာသာ ကျသွားပါလိမ့်မယ်။
Daily Target: calorie.
တစ်နေ့ကို ကယ်လိုရီ ၂,၂၀၀ - ၂,၅၀၀ ဝန်းကျင် စားပေးပါ။
High Protein (ကြွက်သားမကျစေရန်): ကြက်ရင်အုပ်၊ ကြက်ဥ (တစ်နေ့ ၄-၅ လုံး)၊ ငါး၊ အမဲသားအဆီနည်း။
Carbs Control: ထမင်းဖြူကို လျှော့ပြီး ကန်စွန်းဥ အာလူး ၊ ဂျုံကြမ်း၊ သီးနှံများကို အဓိကထား စားပါ။ (ည ၈ နာရီနောက်ပိုင်း ကာဗိုဟိုက်ဒရိတ် လုံးဝ မစားပါနဲ့)။
Sugar & Fried Food Elimination: သကြားပါသော အချိုရည်များ၊ အကြော်အလှော်များကို ၁၀၀% ရပ်တန့်ပါ။
Water: တစ်နေ့လျှင် ရေ ၄ လီတာ မှ ၅ လီတာ မဖြစ်မနေ သောက်ပါ။
🥊 အဆင့် (၂) - လေ့ကျင့်ခန်း အစီအစဉ် (Weekly Training Split)
အရိုးအဆစ်အမြစ် မထိခိုက်စေဘဲ Over weight ဖိုက်တာတစ်ယောက်ရဲ့ သက်လုံနဲ့ အင်အားရရှိစေမယ့် လေ့ကျင့်ခန်းများကို အဓိကထားရျ် ရွေးချယ်ပြသင့်ပါတယ်။
Upper Body Power & Heavy Bag (အပေါ်ပိုင်း အားစိုက်မှု)
Warm-up: ခန္ဓာကိုယ် အကြောလျှော့ခြင်း (Dynamic Stretching) - ၁၀ မိနစ်
Strength Training:
Fighter Cardio (Heavy Bag):
🥊 သဲအိတ်ထိုးခြင်း (Heavy Bag) – ၁ ရောင်းလျှင် ၂ မိနစ် (စုစုပေါင်း ၄ ရောင်း)။ လက်သီးရိုးရိုး (Jab-Cross) များကို အားနဲ့ မှန်မှန်ထိုးပေးပါ။🥊
ရေကူးခြင်း (သို့မဟုတ်) ပေါ့ပေါ့ပါးပါး လမ်းလျှောက်ခြင်း မိနစ် ၃၀ ပြုလုပ်ပါ။ ရေကူးခြင်းသည် ပေါင် ၃၀၀ အတွက် အဆစ်အမြစ်မထိဘဲ ကယ်လိုရီ အများဆုံးလောင်ကျွမ်းစေသည်။
Sunday: Rest Day (အနားယူခြင်း)
ရေနွေးချိုးပါ၊ ကြွက်သားများကို,အကြောလျှော့ခြင်း ပြုလုပ်ပါ။ အိပ်ချိန် ၈ နာရီ ပြည့်အောင် အိပ်ပါ။
⚠️ ပေါင် ၃၀၀ ဖိုက်တာကြီးများအတွက် အထူးသတိပေးချက်
1. စက်ဘီး မနင်းပါနဲ့၊ ကြိုးမခုန်ပါနဲ့ပေါင် ၃၀၀ အလေးချိန်ဖြင့် ကြိုးခုန်ပါက ဒူးဆစ်အရိုးနုများ ပျက်စီးနိုင်ပါသည်။ အလေးချိန် ပေါင် ၂၄၀ အောက် ရောက်မှသာ jump ကြိုးခုန်ခြင်း စတင်ပါ။
2. အရိုးအဆစ် ကာကွယ်ပါလေ့ကျင့်ခန်းလုပ်စဉ် ဒူးစွပ် (Knee Sleeves) တပ်ဆင်ပေးပါ။
3. တဆင့်ပြီးမှ တဆင့်တက်ပါ ပထမ ၁ လတွင် ဝိတ်ကျဖို့ထက် လေ့ကျင့်ခန်း မှန်မှန်လုပ်သည့် အလေ့အထရရှိဖို့ နှင့် ဒူးမနာဖို့ အဓိက ထားပါ။
အတိုင်အဖောက်ညီညီနဲ့ ၁၂ ပတ် (၃ လ) စနစ်တကျ သွားလိုက်ရင် ပေါင် ၃၀ မှ ၄၀ နီးပါး အဆီကျပြီး သက်လုံကောင်းတဲ့ စစ်မှန်တဲ့ ဖိုက်တာတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
🥊MIKE GYM@topfans
Sir Mike 🤜
The best Master Training,
31/08/2026
ယနေ့30.8.2026,ကျင်းပပြုလုပ်ခဲ့သော MIKE GYM မိသားစုဝင်) ဆရာတပည့်များနှင့် ပူးပေါင်းဆွမ်းကျွေးအလှူတော်ပွဲကြီး အောင်မြင်စွာပြီးမြောက်ခဲ့သည့်အတွက် ဝမ်းမြောက်စွာဂုဏ်ယူပါတယ်။🙏
____________________________________
အလှူတော်ပွဲကြီး အစစအရာရာ အဆင်ပြေချောမွေ့စွာဖြင့် သာယာလှပစွာ ပြီးမြောက်စေရန်အတွက် လက်တွဲညီညီ တက်တက်ကြွကြွ ပါဝင်ကူညီပေးကြသော Mike Gym မှ ဆရာ၊ဆရာမများ၊ တပည့်များ နှင့်တကွ အလှူငွေ၊အလှူပစ္စည်းများဖြင့် စေတနာထက်သန်စွာပါဝင်လှူဒါန်းပေးကြပါသော အလှူရှင်များ အသီးသီးအားလုံးကို ရင်ထဲမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။🙏
ပြုလုပ်ခဲ့သမျှသော စေတနာ၊ သဒ္ဓါတရား၊ ကုသိုလ်အပေါင်းတို့ကြောင့် Mike Gym မိသားစုဝင်များ၊ ဆရာတပည့်များ၊အလှူရှင်များအားလုံးတို့သည် ဘေးဥပဒ်အန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒမှန်သမျှပြည့်စုံကာ၊ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့်၊ပြည့်စုံကြပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေကြောင်း ဆုမွန်
ကောင်းတောင်းလိုက်ပါသည်။MIKE GYM Family 🙏🙏🙏
(ပြုလုပ်ခဲ့သမျှ ကုသိုလ်အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့... သာဓု... သာဓု... သာဓု...)🙏🙏🙏
Category
Telephone
Website
Address
28, 167 Street
Yangon
11201
Opening Hours
| Monday | 06:00 - 21:00 |
| Tuesday | 06:00 - 21:00 |
| Wednesday | 06:00 - 21:00 |
| Thursday | 06:00 - 21:00 |
| Friday | 06:00 - 21:00 |
| Saturday | 06:00 - 21:00 |
Alerts
Be the first to know and let us send you an email when MIKE GYM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
