Himalaya Myanmar
Stay Happy, Stay Healthy
16/09/2026
မျက်နှာက အဆီတွေပြန်ပြီး စိတ်ညစ်နေရတာ ကိုယ့်တစ်ယောက်တည်း မဟုတ်ဘူးနော်။🤓
အဆီပြန် ပြဿနာကို Himalaya ရဲ့ Oil Clear Lemon မျက်နှာသစ်ဆေးလေးနဲ့ အတူတူ ကျော်ဖြတ်လိုက်ရအောင်။🥰
သဘာဝ လီမွန်နဲ့ ပျားရည်ရဲ့ အစွမ်းကြောင့် -
🍋 ၁၂ နာရီကြာအထိ အဆီပြန်ခြင်းကို ထိန်းပေးလို့ တစ်နေ့တာလုံး ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်ပါတယ်။
🍋 Soap-free ဖော်မြူလာဖြစ်လို့ အသားအရေ မခြောက်သွေ့တဲ့အပြင် မျက်နှာသစ်ပြီးရင်လည်း အသားအရေလေးက စိုစိုအိအိလေး ကျန်ခဲ့မှာပါ။
🍋 pH Level မျှတလို့ အသားအရေကို သဘာဝအတိုင်း ကြည်လင်စေသည့်အပြင် နူးညံ့တဲ့ အသားအရေကိုလည်း ပိုင်ဆိုင်စေမှာပါ။
ဒါကြောင့် တစ်နေ့တာလုံး အဆီကင်းပြီး ကြည်လင်တဲ့ အသားအရေကို အတူတူပိုင်ဆိုင်ဖို့ Oil Clear Lemon မျက်နှာသစ်ဆေးလေးကို ဆောင်ထားဖို့မမေ့နဲ့နော်။🫶🍋
#အဆီပြန်ခြင်းမှကာကွယ်
#ကြည်လင်အိစက်တဲ့အသားအရေ
14/09/2026
မျက်နှာမှာဝက်ခြံတွေရှိနေလို့ အရင်လိုခံစားချက်မျိုးမရှိတော့ဘူးဆိုပြီး ကိုယ့်ကိုပစ်သွားလေရဲ့။😔
တစ်နေ့မှာ အသည်းကွဲရင်း Shopping ထွက်လိုက်တာ ကိုယ့်မျက်နှာလေးကို ပြန်လည်ကုစားပေးမယ့် Himalaya ရဲ့ တမာနဲ့ နနွင်း ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Purifying Neem မျက်နှာသစ်ဆေးလေးကို တွေ့ခဲ့တယ်။🫶
🍃 တမာက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို အထိရောက်ဆုံး နှိမ်နင်းပေးပြီး ဝက်ခြံအသစ်တွေ ထပ်မထွက်အောင် ကာကွယ်ပေးပါတယ်။
🍃 အဆီဖု၊ ဝက်ခြံသမားတွေအတွက်လည်း အထူးသင့်လျော်ပြီး ချွေးပေါက်ထဲက ဖုန်မှုန့်နဲ့ အညစ်အကြေးများကို နက်နက်ရှိုင်းရှိုင်း သန့်စင်ပေးပါတယ်။
🍃 နနွင်းကတော့ ဝက်ခြံကြောင့် နီမြန်းတာ၊ ရောင်ရမ်းတာနဲ့ နာကျင်တာတွေကို မြန်မြန်ဆန်ဆန် သက်သာစေပြီး၊ ပျက်စီးနေတဲ့ အသားအရေကို ညိုညစ်မနေဘဲ သဘာဝအတိုင်း ကြည်လင်ဝင်းပလာစေပါတယ်။
🍃 ဒါတင်မကသေးဘူးနော် ဆပ်ပြာဓာတ်မပါဝင်လို့ မျက်နှာသစ်လိုက်တိုင်း အသားအရေခြောက်ကပ်မသွားဘဲ အမြဲတမ်း စိုစိုအိအိလေးဖြစ်နေစေမှာပါ။
အခုတော့ ဝက်ခြံတွေလည်း အကုန်ကင်းစင်ပြီး အရင်ကထက် ပိုလှ၊ ပိုတောက်ပလာတဲ့ ကိုယ့်မျက်နှာလေးကို မြင်တော့မှ ကိုယ်တို့ ပြန်အဆင်ပြေလို့ မရဘူးလားတဲ့။ အဲ့ဒီအချိန်မှာ ကိုယ့်ဘက်ကလည်း မင်းမှမင်းတော့ မဟုတ်တော့ဘူး၊ ကိုယ့်မျက်နှာလေးကို အမြဲကြည်လင်နေအောင်လုပ်ပေးတဲ့ Neem မှ Neem ဖြစ်သွားပြီလို့။🥰
ဒါကြောင့် ကိုယ့်ကို ထားသွားခဲ့တဲ့သူထက် ကိုယ့်အသားအရေကို တကယ်အကျိုးပြုတဲ့ Himalaya ရဲ့ Purifying Neem မျက်နှာသစ်ဆေးလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ City Mart, Marketplace နဲ့ Ocean စူပါမားကတ်ကြီးတွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပြီဖြစ်လို့ အခုပဲ သွားရောက်ဝယ်ယူလိုက်တော့နော်။😍🫶
#ဝက်ခြံပျောက်မျက်နှာသစ်ဆေး
#ကြည်လင်လှပတဲ့အသားအရေ
12/09/2026
သွားကို နေ့တိုင်း စနစ်တကျ တိုက်နေတာပဲ သွားကျောက်က ဘာလို့ တည်နေရတာလဲ?🤔
တကယ်တော့ နေ့စဉ်စားသောက်လိုက်တဲ့ အစားအစာတွေကနေ သွားပေါ်မှာ သွားဂျီးဖတ်တွေ ကျန်ခဲ့ပြီး ရက်ကြာလာတဲ့အခါ သွားကျောက်ဖြစ်သွားရတာပါ။ ဒါကြောင့် ရိုးရိုးသွားတိုက်ရုံတင်မဟုတ်ဘဲ သွားဂျီးဖတ်နဲ့ ဘက်တီးရီးယားတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့ Himalaya ရဲ့ Complete Care Herbal သွားတိုက်ဆေးလေးရှိနေပါပြီ။🫶
☘️ Complete Care သွားတိုက်ဆေးမှာ သဘာဝဆေးဖက်ဝင် Neem နဲ့ Triphala အာနိသင်တွေ ပါဝင်လို့ ခံတွင်းထဲက ပိုးမွှားတွေကို ၁၂ နာရီကြာအထိ ကာကွယ်ပေးပြီး သွားကျောက်တည်ခြင်းကိုအထိရောက်ဆုံး တားဆီးပေးပါတယ်။
☘️ သဘာဝအပင်တွေကရတဲ့ Herbal Formula အစစ်နဲ့ ပြုလုပ်ထားပြီး သပ်သပ်လွတ်ဖြစ်တာကြောင့် ကလေးတွေအတွက်လည်း နူးညံ့ပြီး စိတ်ချရသလို၊ လူကြီးတွေအတွက်လည်း သွားဖုံးသွေးယိုတာနဲ့ သွားဖုံးရောဂါတွေကို အထူးကာကွယ်ပေးပါတယ်။
☘️ ဓာတုပစ္စည်းလုံးဝမပါဝင်လို့ လူကြီး၊ လူငယ်မရွေး အတူတူ သုံးစွဲဖို့ ဒီတစ်ဘူးရှိရုံနဲ့ တစ်မိသားစုလုံးရဲ့ ခံတွင်းကျန်းမာရေးကို အပြည့်အဝ တာဝန်ယူပေးနိုင်ပါတယ်။
ဒါကြောင့် တစ်အိမ်သားလုံး ခံတွင်းနံ့သင်းပျံ့ပြီး သွားကျောက်ကင်းစင်တဲ့ သွားလေးတွေပိုင်ဆိုင်နိုင်ဖို့ Himalaya ရဲ့ Complete Care သွားတိုက်ဆေးလေးကို City Mart, Marketplace နဲ့ Ocean စသည့် Super Market တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါပြီရှင်။🫶😍
#သွားနဲ့ခံတွင်းကျန်းမာရေး #သွားကျောက်ကာကွယ်ရေး
11/09/2026
လှပတဲ့အသားအရေဆိုတာ ဓာတုပစ္စည်းတွေထက် အတွင်းပိုင်းကနေ သဘာဝအတိုင်း ကျန်းမာစိုပြေနေခြင်း ဖြစ်ပါတယ်။😍
နေ့စဉ်ကြုံတွေ့နေရတဲ့ ဖုန်မှုန့်၊ လေထုညစ်ညမ်းမှုနဲ့ စိတ်ဖိစီးမှုတွေကြောင့်ဖြစ်လာတဲ့ မျက်နှာပေါ်က ပြဿနာတွေကို ဘေးထွက်ဆိုးကျိုးမရှိဘဲ သဘာဝအတိုင်းထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းအချို့ကို မျှဝေပေးလိုက်ပါတယ်။🥰
၁။ ဝက်ခြံ နီရဲရောင်ရမ်းခြင်းအတွက် သဘာဝရှားစောင်းလက်ပတ်ဂျယ်လ်ကို လိမ်းပေးပါ။ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ Anti-inflammatory က အသားအရေရောင်ရမ်းမှုကိုအမြန်ဆုံး အေးမြသွားစေပြီး ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။
၂။ တင်းတိပ်နှင့် အမည်းစက်ဖြစ်ပြီး အသားအရေမညီမညာဖြစ်နေရင် သဘာဝပျားရည် ၁ ဇွန်းထဲကို သံပုရာရည်အနည်းငယ်ရောစပ်ပြီး အမည်းစက်ရှိတဲ့နေရာတွေကို ၁၅ မိနစ်ခန့် လိမ်းပေးပါ။ တစ်ပတ် ၂ ကြိမ် အသုံးပြုပေးရုံဖြင့် သဘာဝဗီတာမင် C က အမည်းစက်တွေကို ပါးသွားစေပါတယ်။
၃။ အဆီပြန်ခြင်းနှင့် ချွေးပေါက်ကျယ်ခြင်းအတွက် သခွားသီးက အကောင်းဆုံးပါပဲ။ သခွားသီးကို အဝိုင်းပြားလေးများလှီး၍ကပ်ပေးခြင်းဖြင့် ရေဓာတ်ကိုအပြည့်အဝဖြည့်ပေးကာ အဆီပြန်တာကိုထိန်းပေးပြီး ချွေးပေါက်တွေကို ကျဉ်းသွားစေပါတယ်။ သဘာဝအတိုင်း ဝင်းပစေမည့် နေ့စဉ်အကျင့် ၃ ခု -
💧 ရေများများသောက်ပါ။
💧 အိပ်ရေးဝဝအိပ်ပါ။
💧 Sunscreen ပုံမှန်လိမ်းပါ။
ဒါဆို သဘာဝအတိုင်းလှစေမယ့်နည်းလမ်းတွေကို ကြိုက်နှစ်သက်တဲ့သူငယ်ချင်းတွေလည်း မြင်တွေ့ရအောင် ဒီပို့စ်လေးကို Share ပြီး မျှဝေပေးလိုက်ပါဦးနော်။🫶😍
#အသားအရေထိန်းသိမ်းနည်း
#ကျန်းမာလှပသောအသားအရေ
09/09/2026
Video ရိုက်လို့ ကင်မရာရှေ့ရောက်တိုင်း သွားလေးတွေပေါ်အောင် အလှဆုံးပြုံးချင်ပေမဲ့ သွားဝါနေလို့ ယုံကြည်မှုပျောက်တဲ့ အခိုက်အတန့်လေးတွေ ရှိခဲ့ဖူးတယ်မဟုတ်လား။🤔
သွားဖြူချင်လွန်းလို့ whitening သွားတိုက်ဆေးတွေ စမ်းသုံးကြည့်ပြန်တော့လည်း chemical တွေကြောင့် သွားကျိန်းလွန်းလို့ ဆက်မတိုက်ရဲဘဲ လက်လျှော့ခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ အခုဆိုရင် သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ Himalaya ရဲ့ Sparkly White သွားတိုက်ဆေးလေးရှိနေပြီမို့ ကိုယ့်ရဲ့အပြုံးတွေကို ဖုံးကွယ်ထားစရာမလိုတော့ပါဘူး။😍
🍍 Sparkly White သွားတိုက်ဆေးလေးရဲ့ ထူးခြားချက်က Chemical Bleach လုံးဝမပါဝင်ဘဲ Pineapple နဲ့ Papaya တို့ကရတဲ့ Plant Enzyme Technology ကို အသုံးပြုထားတာဖြစ်ပါတယ်။
🍍 ဒါကြောင့် သွားကြွေလွှာ ပျက်စီးမှာ၊ သွားကျိန်းမှာကို လုံးဝစိတ်ပူစရာမလိုဘဲ သွားဖုံးကျန်းမာရေးကိုပါ ဂရုစိုက်ပေးပါတယ်။
🍍 Whiter teeth in 2 weeks ဆိုတဲ့အတိုင်း ၂ ပတ်အတွင်း သဘာဝအတိုင်း သွားလေးတွေကို သိသိသာသာ ဖြူဝင်းလာစေလို့ အခုဆိုရင် ကင်မရာရှေ့မှာ အလှဆုံးနဲ့ အယုံကြည်ဆုံး ပြုံးနိုင်နေပြီနော်။😍
ဒါဆို ကင်မရာရှေ့ရောက်တိုင်း အပြုံးလှလှလေးနဲ့ ယုံကြည်မှုအပြည့် ရှိချင်တယ်ဆိုရင်တော့ Sparkly White သွားတိုက်ဆေးလေးကို နီးစပ်ရာ City Mart, Marketplace, Ocean စတဲ့ Supermarket တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီရှင်။😍🫶
07/09/2026
သွားတိုက်ဆေးက သွားဖြူဖို့တင် မဟုတ်ပါဘူး။ တစ်ဖက်လူနဲ့ စကားပြောတဲ့အခါ Confidence ရှိနေဖို့ပါပဲ။🥰
သွားတိုက်ဆေး ရွေးချယ်ရတာ မျက်နှာသစ်ဆေး ရွေးချယ်ရသလောက် မခက်ပါဘူး။ ဒါပေမဲ့ ခံတွင်းနံ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့ဘဲ စကားပြောတိုင်း ခြေလှမ်းတစ်လှမ်း နောက်ဆုတ်နေရပြီဆိုရင် Himalaya ရဲ့ Active Fresh သွားတိုက်ဆေးလေးကို သတိရလိုက်ပါ။😍
🍃 Active Fresh သွားတိုက်ဆေးလေးမှာဆိုရင် Mint ရဲ့ အေးမြမှုက သွားတိုက်ပြီးတာနဲ့ ခံတွင်းတစ်ခုလုံးကို လန်းဆန်းသွားစေတဲ့အပြင် Saunf ပါဝင်လို့ ပါးစပ်ထဲမှာ နူးညံ့ပြီး သင်းပျံ့တဲ့ ရနံ့ကို ၁၂ နာရီအထိ ခံစားရစေမှာပါ။
🍃 တာရှည်ခံဓာတုပစ္စည်းလုံးဝမပါဘဲ သဘာဝသစ်ဥသစ်ဖုတွေနဲ့ပဲ ဖော်စပ်ထားတာဖြစ်လို့ သွားဖုံးသွေးယိုတာ၊ သွားကျင်တာမျိုးနှင့် ခံတွင်းပြဿနာတွေကိုပါ တစ်ခါတည်း ကာကွယ်ပေးသွားမှာပါ။
ဒါဆို မနက်ဖြန်ကစပြီး ခံတွင်းနံ့အတွက် စိတ်ပူစရာမလိုဘဲ ယုံကြည်မှုရှိတဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ဖို့ Himalaya ရဲ့ Active Fresh သွားတိုက်ဆေးလေးကို နီးစပ်ရာ City Mart, Marketplace, Ocean စတဲ့ Supermarket တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီရှင်။🫶
#ခံတွင်းနံ့သင်းပျံ့ #သဘာဝသွားတိုက်ဆေး
သွားနဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပြီး သဘာဝဆေးဖက်ဝင်အပင်တွေရဲ့ ကောင်းကျိုးတွေကို လိုချင်တယ်ဆိုရင် Himalaya ရဲ့ Ayurveda Gum Care သွားတိုက်ဆေးဟာ အကောင်းဆုံး ရွေးချယ်မှုပါပဲ။🥰
Ayurveda Gum Care သွားတိုက်ဆေးရဲ့ ထူးခြားချက်အနေဖြင့်...
🍃 Neem က ခံတွင်းထဲဘက်တီးရီးယားတွေကို ထိရောက်စွာ တားဆီးပေးပြီး သွားပိုးစားခြင်းမှ ကာကွယ်ပေးပါတယ်။
🍃 Pomegranate က သွားဖုံးတွေကို ပိုမိုခိုင်မာစေပြီး သွားဖုံးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
🍃 Tumburu က သွားနဲ့ သွားဖုံး ကိုက်ခဲခြင်းတွေကိုလည်း သက်သာစေပါတယ်။
Ayurveda Gum Care သွားတိုက်ဆေးကို ရေရှည်သုံးစွဲခြင်းဖြင့်...
🍃 သွားဝါခြင်းကို သက်သာစေခြင်း။
🍃ကွမ်းဂျိုးများကို ဖယ်ရှားပေးခြင်း။
🍃 သွားဖုံးသွေးထွက်ခြင်းကို သက်သာစေခြင်း။
🍃 ခံတွင်းနံ့ကို သန့်ရှင်းစေခြင်း။
ဒါကြောင့် Ayurveda Gum Care သွားတိုက်ဆေးလေးကို တစ်နေ့ နှစ်ကြိမ်၊ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်သုံးပေးခြင်းဖြင့် ကျန်းမာတဲ့ သွားလေးတွေ ပိုင်ဆိုင်စေမှာဘဲ ဖြစ်ပါတယ်ရှင်။😍🫶
📍ဝယ်ယူအားပေးလိုပါက နီးစပ်ရာ City Mart, Marketplace, Ocean စတဲ့ Supermarket တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီရှင်။🫶
#သွားနဲ့ခံတွင်းကျန်းမာရေး #သဘာဝဆေးဖက်ဝင်သွားတိုက်ဆေး
02/09/2026
အနုပညာအလုပ်ကို ဝါသနာပါတဲ့သူတစ်ယောက်အတွက် 'ယုံကြည်မှု' က အသက်ပါပဲ။😍
Casting သွားရမယ့်ရက်တွေ၊ ကင်မရာရှေ့ မိတ်ကပ်လိမ်းရတော့မယ့် အချိန်တွေမှာ မျက်နှာပေါ်က အမဲစက်လေးတွေကို မြင်ရတိုင်း မှန်ကြည့်ဖို့တောင် စိတ်ပျက်ခဲ့ရဖူးတယ်။ ဒီလိုနဲ့ အမဲစက်တွေကို အပေါ်ယံတင် မဟုတ်ဘဲ အမြစ်ကနေ သန့်စင်ပေးနိုင်ဖို့ Himalaya ရဲ့ Dark Spot Clearing Turmeric မျက်နှာသစ်ဆေးလေးကို စသုံးကြည့်ဖြစ်ခဲ့ပါတယ်။ 🫶
💛 ဒီ Dark Spot မျက်နှာသစ်ဆေးလေးမှာ Cold-pressed Turmeric Extraction နည်းပညာကြောင့် သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ နနွင်းကို အအေးခံစနစ်နဲ့ သန့်စင်စွာ ထုတ်ယူထားတာကြောင့် ပါဝင်တဲ့ Curcuminoids က နေလောင်ကွက်၊ တင်းတိပ်နဲ့ ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမဲစက်တွေကို အထိရောက်ဆုံး လျှော့ချပေးပြီး အသားအရေ ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။
💛 Vitamin B3 ပါဝင်မှုကြောင့် Skin Barrier ကို အားကောင်းစေပြီး သဘာဝအတိုင်း ကျန်းမာဝင်းပတဲ့ အသားအရေကို ရရှိစေပါတယ်။
💛 Soap-Free Type ဖြစ်ပြီး ဓာတုပစ္စည်းများ လုံးဝမပါဝင်တာမို့ အမျိုးသားရော၊ အမျိုးသမီးပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
💛 မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်လေးသစ်ပေးရုံနဲ့ အမဲစက်ကင်းစင်ပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်လာစေပါတယ်။
ဒါကြောင့် မှန်ကြည့်လိုက်တိုင်း အမဲစက်တွေကြောင့် စိတ်ညစ်ရတဲ့နေ့ရက်တွေကို အဆုံးသတ်ပြီး ပြစ်မျိုးမဲ့မထင် လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ဖို့ Himalaya ရဲ့ Dark Spot Clearing Turmeric မျက်နှာသစ်ဆေးလေးကို အခုပဲ စသုံးကြည့်လိုက်ရအောင်နော်။ 💛🫶
#အမည်းစက်ကင်းစင် #နနွင်းမျက်နှာသစ်ဆေး
31/08/2026
တစ်ပတ်အတွင်း ကြည်လင် Glow တဲ့ အသားအရေကို ပိုင်ဆိုင်ချင်ပါသလား?😘
အချစ်ရဆုံး သူငယ်ချင်းမလေးက မျက်နှာသစ်ဆေး ဘာသုံးရမလဲဆိုပြီး မင်မင်ဆီ လာတိုင်ပင်ဖူးတယ်။ အဲ့ဒီတုန်းက သူငယ်ချင်းမလေးရဲ့ မျက်နှာလေးကို ကြည့်လိုက်တော့ အသားအရေက အနည်းငယ်ညိုညစ်နေတာနဲ့ Himalaya ရဲ့ Clear Complexion Brightening မျက်နှာသစ်ဆေးလေးကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်သစ်ဖို့ လမ်းညွှန်ပေးလိုက်တယ်။
တစ်ပတ်လောက်နေလို့ သူငယ်ချင်းမလေးနဲ့ ပြန်တွေ့တဲ့အခါမှာတော့ တကယ်ကို အံ့ဩသွားရတယ်။ မျက်နှာအသားအရေလေးက တစ်ဆင့်ချင်း ဖြူဝင်းပြီး ကြည်လင် Glow နေတာပဲ။ ကြည်ကြည်လင်လင်လေးနဲ့ ဝင်းပနေရုံတင်မက အစက်အပျောက်နဲ့ အပြစ်အနာအဆာ တစ်ခုတောင်မတွေ့ရတော့တဲ့အထိ အသားအရေက သိသိသာသာကို ကောင်းမွန်သွားတာ။ ဒီလို ထူးခြားသွားရတဲ့ အဖြေကတော့ Clear Complexion လေးကြောင့်ပေါ့ရှင်။
အဓိက ပါဝင်ပစ္စည်းတွေ ဖြစ်တဲ့ -
🌵Licorice က အမည်းစက်၊ အစက်အပျောက်နဲ့ အပြစ်အနာအဆာ အားလုံးကို သိသိသာသာ မှေးမှိန်သွားစေပါတယ်။ ဒါ့အပြင် Antioxidant နဲ့ Anti-inflammatory အာနိသင်တွေ ပါဝင်လို့ အသားအရေ နီမြန်းတာ ဒါမှမဟုတ် ယားယံတာတွေကိုပါ သက်သာစေပါတယ်။
🪻 Saffron က ဗီတာမင်နဲ့ Antioxidants တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြားဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးပြီး အသားအရေကို သဘာဝအတိုင်း ကြည်လင်ဝင်းပစေပါတယ်။ နောက်ထပ် အားသာချက်တစ်ခုကတော့ ဆပ်ပြာဓာတ်လုံးဝမပါဝင်တဲ့ Soap-Free အမျိုးအစား ဖြစ်တာကြောင့် အသားအရေကို ခြောက်ကပ်မသွားစေသည့်အပြင် Chemical လုံးဝမပါဝင်ဘဲ သဘာဝသစ်ဥသစ်ဖုတွေနဲ့သာ ဖော်စပ်ထုတ်လုပ်ထားတာကြောင့် အသားအရေအမျိုးအစားမရွေး၊ အမျိုးသားရော အမျိုးသမီးပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
ကဲ... ဒါဆိုရင် အခု စာဖတ်သူလေးတွေလည်း သူငယ်ချင်းမလေးလို ကြည်လင်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ Himalaya ရဲ့ Clear Complexion လေးကို သုံးကြည့်ချင်ကြပြီ မဟုတ်လား။
📍နီးစပ်ရာ City Mart, Marketplace, Ocean စတဲ့ အရောင်းဆိုင်ကြီးတွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီဖြစ်လို့ အခုပဲ သွားရောက်ဝယ်ယူလိုက်တော့နော်။ 😍🫶
#အသားအရေကြည်လင်ဖြူဝင်း
အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်လေးတွေအတွက် Himalaya ရဲ့ Oil Clear Lemon မျက်နှာသစ်ဆေးလေးနဲ့ အတူ တစ်နေ့တာကို စတင်လိုက်ပါ။😍
🍋 Lemon က မျက်နှာပေါ်က အဆီနဲ့ အညစ်အကြေးများကို သန့်စင်ပေးပြီး ၁၂ နာရီအထိ အဆီမပြန်အောင် ထိန်းပေးပါတယ်။
🐝 Honey ရဲ့ သဘာဝအစိုဓာတ်ကြောင့် မျက်နှာသစ်ပြီးရင် တင်းတင်းကြီး မဖြစ်ဘဲ စိုစိုအိအိလေး ဖြစ်နေစေမှာပါ။
ဒါဆို အဆီပြန်တာကို ကင်းဝေးစေပြီး သဘာဝအတိုင်း ကြည်လင်ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ Himalaya ရဲ့ Oil Clear Lemon မျက်နှာသစ်ဆေးလေးကို အခုပဲ ဝယ်ယူအသုံးပြုလိုက်တော့နော်။🫶😍
📍ဝယ်ယူအားပေးလိုပါက နီးစပ်ရာ Citymart, Ocean, Marketplace ဆိုင်ခွဲတိုင်းမှာ အလွယ်တကူဝယ်ယူရရှိနိုင်သလို United Living Mall, Capital Hyper Market, Royal Mart, Spirit, Ma Khin Aye အစရှိတဲ့ဆိုင်တွေမှာလည်း ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်။
#အဆီပြန်အသားအရေ
Category
Address
Yangon
Alerts
Be the first to know and let us send you an email when Himalaya Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
