Nilar Derma Beauty

Nilar Derma Beauty

Share

health and beauty.

28/05/2026

ဝက်ခြံပြဿနာကြောင့် စိတ်ညစ်နေရပြီလား?

မျက်နှာပေါ်မှာ ဝက်ခြံတစ်လုံး ပေါက်လာတာနဲ့တင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် ဝက်ခြံဘာကြောင့် ဖြစ်ရတာလဲ? ဘယ်လိုကာကွယ်မလဲဆိုတာကို နီလာဆေးခန်း မှ မျှဝေပေးလိုက်ပါတယ်ရှင်။ ✨

🔍 ဝက်ခြံဘာကြောင့် ဖြစ်ရတာလဲ?

အရေပြားမှာရှိတဲ့ အဆီဂလင်း (Oil Glands) တွေကနေ အဆီတွေ အထွက်များတာ၊ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကြောင့် ချွေးပေါက်ပိတ်ဆို့ရာကနေ ဝက်ခြံစတင်ဖြစ်ပေါ်တာပါ။ အဲ့ဒီနေရာကို ဘက်တီးရီးယားတွေ ဝင်ရောက်သွားတဲ့အခါ ရောင်ရမ်းပြီး နာကျင်တဲ့ ဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။

⚠️ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်းများ

အပျိုဖော်/လူပျိုဖော်ဝင်ချိန်နဲ့ ဟော်မုန်းမညီမျှခြင်း။

မိဘတွေမှာ ဝက်ခြံပေါက်တတ်တဲ့ ရာဇဝင်ရှိခြင်း။

ချွေးပေါက်ပိတ်စေတတ်တဲ့ (Comedogenic) မိတ်ကပ်နဲ့ Skin Care များ သုံးစွဲခြင်း။

အချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး။

✅ ဝက်ခြံသက်သာစေဖို့ လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များ

နူးညံ့တဲ့ မျက်နှာသစ်ဆေး (Gentle Cleanser) နဲ့ တစ်ရက် (၂) ကြိမ် ပုံမှန်သစ်ပေးပါ။

ဝက်ခြံကို လက်နဲ့ခဏခဏထိတာ၊ ညှစ်တာဟာ ပိုးဝင်စေပြီး ကုရခက်တဲ့ "အမာရွတ်" တွေ ကျန်ခဲ့စေနိုင်ပါတယ်။

နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

Non-comedogenic (ချွေးပေါက်မပိတ်စေသော) ပစ္စည်းများကိုသာ ရွေးချယ်သုံးစွဲပါ။

အဆီပြန်တတ်သူတွေအနေနဲ့ Watery Gel Cream ဒါမှမဟုတ် Hyaluronic Acid ပါဝင်တဲ့ Moisturizer ကို သုံးပေးဖို့ လိုအပ်ပါတယ်။

🩺 ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?

အသားအရေ ယားယံလာခြင်း (Skin Irritation) နဲ့ ဝက်ခြံတွေ အဆမတန် ထွက်လာခြင်း (Acne Breakout) မျိုး ကြုံတွေ့ရပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါပြီ။

ဝက်ခြံအမျိုးအစားပေါ် မူတည်ပြီး ကုသမှုပုံစံ ကွာခြားနိုင်တာကြောင့် စောစီးစွာ ကုသခြင်းက အမာရွတ်မကျန်စေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

ဝက်ခြံအမျိုးအစားနှင့် အခြေအနေမှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ ကုသမှု နောက်ကျခြင်း သို့မဟုတ် မှားယွင်းစွာ ကုသခြင်းသည် မျက်နှာအသားအရေကို ရေရှည် ထိခိုက်စေနိုင်ပါသည်။

နီလာဆေးခန်း တွင် ဝက်ခြံပြဿနာများအတွက် -

အရေပြားအခြေအနေအား စနစ်တကျ စစ်ဆေးပေးခြင်း။

လူနာနှင့် ကိုက်ညီမည့် ထိရောက်သော သောက်ဆေး၊ လိမ်းဆေးများကို ညွှန်ကြားပေးခြင်း။

အမာရွတ်မကျန်စေဘဲ လျင်မြန်စွာ ပျောက်ကင်းသက်သာစေရန် အနီးကပ် ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးနေပါသည်။

သင့်အသားအရေမှာ ယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် ဝက်ခြံများ ဆက်တိုက်ထွက်လာခြင်း (Breakout) များ ကြုံတွေ့နေရပါက ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။

📍 ဆက်သွယ်ရန် လိပ်စာ:

အမှတ် (၁၂၉)၊ ခရေပင်လမ်းနှင့် စိတ္တသုခလမ်းထောင့်၊ (၂-က) ရပ်ကွက်၊ ရာသက်ပန်မှတ်တိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။

(HTLT Electronic Center အနီး)

📞 ဆေးခန်းဖုန်း: 09-773903611

💬 အသေးစိတ် သိရှိလိုပါက Page Messenger မှတစ်ဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။

#နီလာဆေးခန်း #ဝက်ခြံကုသမှု

08/05/2026

Skin care products တွေတော်တော်များများမှာပါဝင်တဲ့ niacinamide ရဲ့ ကောင်းကျိုးအာနိသင်များ 🧡🧡

- အသားအရည်ကိုကြည်လင်စေသည်
- ချွေးပေါက်ကျယ်ခြင်းကိုလဲ သက်သာစေနိုင်ပြီး အမည်းစက်များကိုလျော့ပါးစေသည်
- wrinkles အရေးအကြောင်းများကိုလဲ သက်သာစေနိုင်ပါတယ်

30/04/2026

🌿 ကဆုန်လပြည့်နေ့ 🌿
ညောင်ရေသွန်းပွဲ အခါသမယမှာ
အားလုံးပဲ ဘေးရန်ကင်းရှင်း
ကျန်းမာစွာနှင့်ပြည့်စုံကြပါစေရှင့်🙏

#နီလာဆေးခန်း
#ကဆုန်လပြည့်နေ့

Photos from Nilar Derma Beauty's post 28/04/2026

ဝက်ခြံပြဿနာကြောင့် စိတ်ညစ်နေရပြီလား?

မျက်နှာပေါ်မှာ ဝက်ခြံတစ်လုံး ပေါက်လာတာနဲ့တင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် ဝက်ခြံဘာကြောင့် ဖြစ်ရတာလဲ? ဘယ်လိုကာကွယ်မလဲဆိုတာကို နီလာဆေးခန်း မှ မျှဝေပေးလိုက်ပါတယ်ရှင်။ ✨

🔍 ဝက်ခြံဘာကြောင့် ဖြစ်ရတာလဲ?

အရေပြားမှာရှိတဲ့ အဆီဂလင်း (Oil Glands) တွေကနေ အဆီတွေ အထွက်များတာ၊ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကြောင့် ချွေးပေါက်ပိတ်ဆို့ရာကနေ ဝက်ခြံစတင်ဖြစ်ပေါ်တာပါ။ အဲ့ဒီနေရာကို ဘက်တီးရီးယားတွေ ဝင်ရောက်သွားတဲ့အခါ ရောင်ရမ်းပြီး နာကျင်တဲ့ ဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။

⚠️ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်းများ

အပျိုဖော်/လူပျိုဖော်ဝင်ချိန်နဲ့ ဟော်မုန်းမညီမျှခြင်း။

မိဘတွေမှာ ဝက်ခြံပေါက်တတ်တဲ့ ရာဇဝင်ရှိခြင်း။

ချွေးပေါက်ပိတ်စေတတ်တဲ့ (Comedogenic) မိတ်ကပ်နဲ့ Skin Care များ သုံးစွဲခြင်း။

အချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး။

✅ ဝက်ခြံသက်သာစေဖို့ လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များ

နူးညံ့တဲ့ မျက်နှာသစ်ဆေး (Gentle Cleanser) နဲ့ တစ်ရက် (၂) ကြိမ် ပုံမှန်သစ်ပေးပါ။

ဝက်ခြံကို လက်နဲ့ခဏခဏထိတာ၊ ညှစ်တာဟာ ပိုးဝင်စေပြီး ကုရခက်တဲ့ "အမာရွတ်" တွေ ကျန်ခဲ့စေနိုင်ပါတယ်။

နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

Non-comedogenic (ချွေးပေါက်မပိတ်စေသော) ပစ္စည်းများကိုသာ ရွေးချယ်သုံးစွဲပါ။

အဆီပြန်တတ်သူတွေအနေနဲ့ Watery Gel Cream ဒါမှမဟုတ် Hyaluronic Acid ပါဝင်တဲ့ Moisturizer ကို သုံးပေးဖို့ လိုအပ်ပါတယ်။

🩺 ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?

အသားအရေ ယားယံလာခြင်း (Skin Irritation) နဲ့ ဝက်ခြံတွေ အဆမတန် ထွက်လာခြင်း (Acne Breakout) မျိုး ကြုံတွေ့ရပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါပြီ။

ဝက်ခြံအမျိုးအစားပေါ် မူတည်ပြီး ကုသမှုပုံစံ ကွာခြားနိုင်တာကြောင့် စောစီးစွာ ကုသခြင်းက အမာရွတ်မကျန်စေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

ဝက်ခြံအမျိုးအစားနှင့် အခြေအနေမှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ ကုသမှု နောက်ကျခြင်း သို့မဟုတ် မှားယွင်းစွာ ကုသခြင်းသည် မျက်နှာအသားအရေကို ရေရှည် ထိခိုက်စေနိုင်ပါသည်။

နီလာဆေးခန်း တွင် ဝက်ခြံပြဿနာများအတွက် -

အရေပြားအခြေအနေအား စနစ်တကျ စစ်ဆေးပေးခြင်း။

လူနာနှင့် ကိုက်ညီမည့် ထိရောက်သော သောက်ဆေး၊ လိမ်းဆေးများကို ညွှန်ကြားပေးခြင်း။

အမာရွတ်မကျန်စေဘဲ လျင်မြန်စွာ ပျောက်ကင်းသက်သာစေရန် အနီးကပ် ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးနေပါသည်။

သင့်အသားအရေမှာ ယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် ဝက်ခြံများ ဆက်တိုက်ထွက်လာခြင်း (Breakout) များ ကြုံတွေ့နေရပါက ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။

📍 ဆက်သွယ်ရန် လိပ်စာ:

အမှတ် (၁၂၉)၊ ခရေပင်လမ်းနှင့် စိတ္တသုခလမ်းထောင့်၊ (၂-က) ရပ်ကွက်၊ ရာသက်ပန်မှတ်တိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။

(HTLT Electronic Center အနီး)

📞 ဆေးခန်းဖုန်း: 09-773903611

💬 အသေးစိတ် သိရှိလိုပါက Page Messenger မှတစ်ဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။

#နီလာဆေးခန်း #ဝက်ခြံကုသမှု

28/04/2026

**ဗောက်ထခြင်း (Dandruff) ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများမှာ
* ဦးရေပြားခြောက်သွေ့ခြင်း သို့မဟုတ် အဆီပြန်ခြင်းလွန်ကဲခြင်း။
* Seborrheic dermatitis ကဲ့သို့သော အရေပြားရောင်ရမ်းသည့် အခြေအနေများ။
* Malassezia ဟုခေါ်သော မှိုပိုးတစ်မျိုး ဦးရေပြားပေါ်တွင် ပေါက်ပွားခြင်း။
* စိတ်ဖိစီးမှုများခြင်း။
* ဆံပင်ထိန်းသိမ်းသည့် ပစ္စည်းများ (Gel, Spray) နှင့် ဓာတ်မတည့်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်

ကုသရန်နည်းလမ်းများကတော့
** Ketoconazole, Selenium sulfide သို့မဟုတ် Zinc pyrithione ပါဝင်သော ဗောက်ပျောက်ခေါင်းလျှော်ရည်များက များစွာအထောက်အကူပြုပါသည်။
** ယားယံသော်လည်း လက်သည်းဖြင့် မကုတ်ပါနှင့်။ ကုတ်မိပါက အနာဖြစ်ပြီး ပိုးဝင်နိုင်ပါသည်။
** ခေါင်းကို ပုံမှန်လျှော်ပေးပါ။
** စိတ်ဖိစီးမှုကို လျှော့ချပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသုံးပေးပါ။
အကယ်၍ ပြင်းထန်စွာ ယားယံခြင်း၊ ဦးရေပြားနီရဲရောင်ရမ်းခြင်း၊ အရည်ကြည်များထွက်ခြင်း သို့မဟုတ် ခေါင်းလျှော်ရည်သုံးစွဲသော်လည်း မသက်သာပါက နီးစပ်ရာ ဆရာဝန်များ နှင့် ပြသတိုင်ပင်သင့်ပါတယ် ။

ကျမတို့၏ နီလာဆေးခန်းတွင်လည်း ဥိီးရေပြားဗောက်ထခြင်းနှင့် အဆီနှင်းခူး Seborrheic dermatitis ရောဂါများအတွက် ဆွေးနွေး ကုသမှုရရှိနိုင်ပါတယ်ရှင်။

နီလာဆေးကုခန်း
🏡🏡- အမှတ် - ၁၂၉ ၊ ခရေပင်လမ်းမကြီး၊ ၂က ရပ်ကွက် ၊ ရာသက်ပန်မှတ်တိုင် ၊မဂ်လာဒုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဆက်သွယ်ရန်ဖုန်း - 09773903611

26/04/2026

😍😍 ဗောက်ထခြင်းကို ပျောက်ကင်းစေသော.."Ketoconazole"ပါသော AB -Keto Shampoo 🥰

#နီလာအထွေထွေရောဂါကုဆေးခန်း

#အမှတ် - ၁၂၉ ၊ ခရေပင်လမ်း၊ ရာသက်ပန်မှတ်တိုင် ၊မဂ်လာဒုံမြို့နယ်၊ ရန်ကုန်မြို့။

#ဆေးခန်းဖွင့်ချိန်_နေ့စဥ်နေ့လည် ၃ နာရီ မှ ညနေ ၆ နာရီ

#ဖုန်း ၀၉၇၇၃၉၀၃၆၁၁

#ဗောက်ပြသနာ

#ပွေး_ညှင်းပြသနာ

24/04/2026

🧡seborrheic eczema / seborrheic dermatitis အဆီ နှင်းခူးက ဘယ်လို လက်ခဏာမျိုးတွေ့ရလေ့ရှိလဲ

sebecous glands အဆီထွက် အကျိတ်ဖုများရာ နေရာတွေဖြစ်တဲ့ မျက်နှာတစ်ဝိုက် နှားခေါင်းနဲ့ ပါးပြင်ကြား မှာ ဖြစ်ခါစမှာတော့ အရွယ်အစားသေးတဲ့ အဝိုင်းလေးတွေတွေ​့ရပါတယ် ။ သို့သော်လည်း အနာလို ကုတ်ရင်း ဖဲ့ရင်း ခြစ်ရင်းနဲ့ပဲ အကွက်အနာလေးတွေပေါင်းစပ်သွားပြီး အပြင်ကြီးသဖွယ်ဖြစ်သွားနိုင်ပါတယ်။
နားရွက်အနောက်မှာတွေ့ရတာကတော့ အရေပြားဟာ စိုလိုက် ခြောက်လိုက်ဖြစ်ရာက အရေပြားတွေကွဲအက်သွားတာမျိုးတွေ့နိုင်ပါတယ်။ နှာခေါင်းဘေးနဲ့ ပါးပြင်ကြားမှာတော့ အဝါအဖတ်အခဲ နီရဲခြင်းများအနေနဲ့ တွေ​့ရပါတယ် ။
နေရောင်ခြည်ကို အချိန်ကြာကြာထိတွေ့တဲ့ အခါ သဘာဝအားဖြင့် အရေပြားအဆီကျိတ်တွေအလုပ်ပိုလုပ်ပြီး အဆီထွက်ပေးခြင်းဖြင့် အပူဒဏ်ကိုကာကွယ်မှုပေးခြင်းဖြစ်တာကြောင့် အဆီနှင်းခူရှိတဲ့ သူများဟာ နေရောင်ကာ sunscreen သေချာအသုံးပြုရန်လိုအပ်ပါတယ်။ ရေကို မကြာခဏသောက်ပေးပါ။ ဥိီးရေပြားမှာ အဆီနှင်းခူ ဖြစ်ရင်တော့ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ် ခေါင်းလျှော်ပေးပါ။ shampoo ထဲမှာ selenium sulfide. Ketoconazole စသည့် medicated shampoo ကို သုံးပြီး ဥိီးရေပြားတွင် ၅ မိနစ်ထားပြီးမှ ရေဆေးချပါ။ မျက်နှာနှင့် ကိုယ်ပိုင်းများ Seborrheic eczema အတွက်ကတော့ medicated soap ဆေးဆပ်ပြာ ketoconazole ပါဝင်သော soap ကို ဆရာဝန် ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်ပါတယ်

🧡🧡နီလာဆေးကုခန်း
🏡🏡- အမှတ် - ၁၂၉ ၊ ခရေပင်လမ်းမကြီး၊ ၂က ရပ်ကွက် ၊ ရာသက်ပန်မှတ်တိုင် ၊မဂ်လာဒုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - 09773903611

#အရေပြား
#ကျန်းမာရေး
#ကျန်းမာရေးဗဟုသုတ

#နှင်းခူ

23/04/2026

နီလာအထွေထွေရောဂါကုဆေးခန်းတွင်
- ဝက်ခြံ၊ တင်းတိတ်၊ အမည်းစက်၊ အမာရွတ်များ
- ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူရောဂါများ
- အသားရောင်မညီခြင်းများ
- အရေပြားဓါတ်မတည့်ရောဂါများ
- ခြေသည်း၊ လက်သည်းဆိုင်ရာရောဂါများ
- ဗောက်ထခြင်း နှင့် အဆီနှင်းခူ
- Impetigo အနာစက်
- ရေယုန်၊ ဆင်ရေယုန်ဖြစ်ခြင်း
- အခြားအရေပြားရောဂါအမျိုးမျိုးကို ကုသပေးနေပါသည်။

🧡 ဝက်ခြံ တင်းတိတ် အရေပြားပြဿနာများကို
အရေပြားနှင့် အလှအပရေးရာ ဆရာဝန် Medical Aesthetic Doctor မှ တိုင်ပင်ဆွေးနွေးကုသပေးခြင်းဖြစ်ပါတယ်

page messenger မှ ဆက်သွယ်နိုင်ပါတယ်ရှင်

နီလာဆေးကုခန်း 💊
🏡🏡- အမှတ် - ၁၂၉ ၊ ခရေပင်လမ်းနဲ့ စိတ်တသုခလမ်းထောင့် ၊ ၂က ရပ်ကွက် ၊ ရာသက်ပန်မှတ်တိုင် ၊မဂ်လာဒုံမြို့နယ်၊ ရန်ကုန်မြို့။
🕒 ဆေးခန်းဖွင့်ချိန် - 3:00 p.m - 6:00 p.m
ပိတ်ရက်မရှိပါ
☎️ ဆက်သွယ်ရန်ဖုန်း - 09773903611

22/04/2026
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No 129, 2/A Ward, Khayaepin Road, Mingalardon Township
Yangon
11021

Opening Hours

Monday 15:00 - 18:30
Tuesday 15:00 - 18:30
Wednesday 15:00 - 18:30
Thursday 15:00 - 18:30
Friday 15:00 - 18:30
Saturday 15:00 - 18:30
Sunday 15:00 - 18:30