Hello Cutties

Hello Cutties

Share

For Lady, best nails beauty with colourful designs...

24/10/2021

ချွေးပေါက်တွေဘာလို့ကျယ်ရသလဲ
မှန်ကြည့်လိုက်တိုင်း မျက်နှာပေါ်မှာအထူးသဖြင့် နှာခေါင်း နှင့် ပါးပြင်ပေါ်မှာ အရင်တုန်းကသတိမထားမိတဲ့ ချွေးပေါက်ကလေးတွေ ကျယ်နေတာကို သင်သတိထားမိပါသလား။ ဒါတွေဟာ အချိန်နှင့်အမျှ သိသာလာပြီး သင့်ကိုနေ့စဉ်နဲ့အမျှ စိတ်ဒုက္ခ ပးနေပါသလား။ ဒီချွေးပေါက်လေးတွေ ဘာလို့ကျယ်လာတယ်ဆိုတာကို သိထားခြင်းအားဖြင့် သက်သာအောင် လုပ်ဆောင်လို့ရပါတယ်။

ချွေးပေါက်လေးတွေ ဘာလို့ကျယ်လာတာလဲ။

မျက်နှာပေါ်ရှိချွေးပေါက်ကလေးများဟာ တကယ်တော့ အရေပြားမှာရှိတဲ့ အဆိပ်အတောက်များကို အထူးသဖြင့် ချွေးနှင့်အဆီများကို အပြင်ကိုပြန်ထုတ်ပေးတဲ့ လမ်းကြောင်းကလေးများဖြစ်တယ်။ ဒါ့အပြင် အရေပြားရဲ့ ခြောက်သွေ့မှုကို ကာကွယ်ပေးတဲ့ အစိုဓါတ်နှင့် အဆီဓါတ်ကိုလည်းထိန်းပေးတဲ့ လမ်းကြောင်းလေးများဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်တွေ လူပျို/အပျို ဝင်ချိန်မှာ ခန္ဓါကိုယ်မှာဟော်မုန်းပြောင်းလဲမှုကြောင့် မျက်နှာအရေပြားမှ အဆီတွေကို လိုတာထက်ပိုထုတ်လာပြီး ချွေးပေါက်တွေ ပိုကျယ်ပိုသိသာလာကာ ဝက်ခြံတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် အဆီပြန်အသားအရေပိုင်ဆိုင်သူများဟာ နဂိုကတည်းက အဆီထုတ်လုပ်မများတာကြောင့် ခြောက်သွေ့သော အသားအရေပိုင်ရှင်များထက် ချွေးပေါက်များပိုကျယ်တတ်ပါတယ်။ ချွေးပေါက်ကျယ်ခြင်းဟာ အနီးကပ်ကြည့်လျှင် သိသာပြီး ကြည့်ရဆိုးပါတယ်။ ဒါ့အပြင် အရေပြားကြမ်းတမ်းပြီး မညီညာမှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ဘာတွေကချွေးပေါက်လေးတွေ ကျယ်စေသလဲ။

ချွေးပါက်အရွယ်အစားနှင့် မျက်နှာအဆီပြန်မှုဟာ တကယ်တော့ မျိုးရိုးလိုက်တတ်ပါတယ်။ ဒါကြောင့် ချွေးပေါက်ကျယ်တဲ့ မိဘကနေမွေးဖွားလာခဲ့ရင် သင့်မှာချွေးပေါက်ကျယ်တဲ့ မျိုးရိုးဗီဇကိုလက်ခံထားပြီးဖြစ်ကာ သင်ရှောင်ရှားလို့မရတော့ပါဘူး။ သို့သော် အထူးသဖြင့် လူပျိုဖော်/အပျိုဖော်ဝင်ချိန်မှာ အရေပြားထိန်းသိမ်းမှုလုပ်လျှင် ချွေးပေါက်အရွယ်အစားကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

ချွေးပေါက်ကျယ်ခြင်းနှင့် အဆီပြန်ခြင်းကို ကာကွယ်ဖို့အရေးကြီးဆုံးနည်းလမ်းကတော့ အချိန်မှန်မှန်နှင့် နည်းလမ်းမှန်ကန်စွာ မျက်နှာသစ်ခြင်းပဲဖြစ်ပါတယ်။ မျက်နှာကိုအချိန်မှန်၊ နည်းလမ်းမှန် မသစ်ပါက ထိုချွေးပေါက်များကြား ဆဲလ်အသေများ၊ ဖုန်မှုန့်များ၊ ဘက်တီးရီးယာပိုးမွှားများ ပိတ်ဆို့ပြီး ဝက်ခြံပေါက်လာတတ်ပါတယ်။ ဒါတွေကိုကြောက်လို့လည်း မျက်နှာကို လိုတာထက်ပိုသစ်စရာ မလိုပါဘူးနော်။ မိမိနှင့်သင့်တော်တဲ့ မျက်နှာသစ်ဆေးဖြင့် တစ်နေ့ကို တစ်ကြိမ်မှ နှစ်ကြိမ်အထိ မျက်နှာသစ်နိုင်ပါတယ်။ မျက်နှာမှာ အဆီပြန်တယ်ဆိုတာ လုံလောက်တဲ့ရေဓါတ်ပြည့်ဝမှုမရှိလို့ အဆီများပိုထုတ်လာခြင်းဖြစ်ပါတယ်။ ဒါကြောင့် အလွန်အမင်းမျက်နှာသစ်ခြင်းကလည်း မျက်နှာရေဓါတ်ကို ပိုမိုခြောက်သွေ့စေပြီးယားယံခြင်းများအထိ ဖြစ်လာနိုင်တာမို့ နည်းမှန်လမ်းမှန် မျက်နှာသစ်ဖို့ကလည်းလိုအပ်ပါတယ်နော်။
နောက်ထပ် ချွေးပေါက်များ ပိုမိုသိသာစေတဲ့အကြောင်းရင်းတစ်ခုကတော့ နေလောင်ဒဏ် (ခရမ်းလွန်ရောင်ခြည်ဒဏ်) ခံရခြင်းပဲဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ဆဲလ်သေဖြစ်ပေါ်မှုကို များစေပြီး ချွေးပေါက်များပိတ်ဆို့လာကာ သိသိသာသာကျယ်လာစေနိုင်ပါတယ်။

နောက်ထပ်တစ်ခုကတော့ မိန်းကလေးများဟာ သွေးဆုံးချိန် နှင့်ကိုယ်ဝန်ဆောင်ချိန်များမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ချွေးပေါက်များကို ပိုမိုထင်ရှားစေပါတယ်။ အမျိုးသားများဟာ အသားအရေထိန်းသိမ်းမှုအားနည်းခြင်းနဲ့မျိုးရိုးဗီဇတို့ကြောင့် အမျိုးသမီးများထက် ချွေးပေါက်ပိုကျယ် နိုင်ဖွယ်ရှိပါတယ်။ သို့သော် အမျိုးသမီးများသည် ခန္ဓါကိုယ်သွေးသားပြောင်းလဲမှု ဟော်မုန်းအပြောင်းအလဲများကြောင့် ချွေးပေါက်ပိုပြီးကျယ်လာလေ့ရှိပါတယ်။
အသက်ကြီးလာခြင်းကလည်း ခန္ဓါကိုယ်မှ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးသော အသားဓါတ်နှစ်မျိုးဖြစ်သည့် ကော်လာဂျင်နှင့် ကျုံ့ဆန့်တစ်ရှူးတို့ ထုတ်လုပ်မှု အားနည်းသွားသောကြောင့် အသားအရေလျော့တွဲခြင်းများ ဖြစ်လာနိုင်ပါတယ်။ ထိုသို့ လျော့တွဲလာခြင်းကလည်း ချွေးပေါက်များပြန်ကျုံ့ဖို့ ခက်လာပြီး အချိန်ကြာလာတာနှင့်အမျှ ပိုပိုကျယ်လာခြင်းများ ဖြစ်လာနိုင်ပါတယ်။

ချွေးပေါက်ကျယ်ခြင်းဟာ အရေပြားမှာ ကြည့်ရဆိုးတတ်ပါတယ်။ ဒါကြောင့် အသားအရေကို နေ့စဉ်ပုံမှန် ဂရုစိုက်ခြင်းသွားဖြင့် စောစောစီးစီးကာကွယ်ထိန်းသိမ်းနိုင်သွားမှာ ဖြစ်ပါတယ်။

23/10/2021

အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာ၀ဆေးနည်းများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။

(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိ်တ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံးဝ ပျောက်ပါမည်။

(၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင်ပြုတ်ကာ ၄င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။ လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။

(၃) ကြက်သွန်နီကို ထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ညစ်ယူ၍ ရှာလကာရည်အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။

(၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။

(၅) နွင်းတစ်တက်ကို ရေစင်အောင်ဆေးကျောကာ နွားနို့အနည်းငယ်နှင့် သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။

(၆) နံနံစေ့ကို ပြုတ်၍ ၄င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ၀က်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသည်။

(၇) ထောပတ်သီး၏ အစေ့ကို နေရိပ်တွင် အခြောက်ခံ၍ ရေအေးနှင့်သွေးကာ သနပ်ခါးလိမ်းသကဲ့ ညစဉ်လိမ်းအိပ်နိုင်ပါသည်။

(၈) အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ အနည်းငယ် စပ်သော်လည်း သည်းခံ၍ တစ်လခန့် ညစဉ်လိမ်းပေးလျှင် တင်းတိပ်ပျောက်ကင်းပါမည်။

(၉) ဖရဲသီးအောက်ခံအဖြူသားကို ပါးပါးလှီး၍ မျက်နှာစင်ကြယ်အောင် ဆေးကျောပြီးလျှင် နာရီဝက်ခန့် မျက်နှာပေါ်မှာ တင်ထားပေးပါ။ ဖရီးသီးမှ သဘာဝဓါတ်က တင်းတိပ်ရောဂါကို စုပ်ထုတ်ပေးနိုင်စွမ်းရှိပါသည်။

(၁၀) ကျောက်ချဉ်ကို မုန်ညှင်းစေ့တစ်စေ့ခန့် သနပ်ခါးနှင့်သွေးကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။ တင်းတိပ်ပျောက်၍ မျက်နှာအရေပြားချောမွတ်ကာ ၀င်းပလာပါလိမ့်မည်။ မြင်သူ တကာ ငေးယူလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေး များ ဖြစ်နိုင်ကြပါစေ။

23/10/2021

အသားပိုလေးတွေကို ဖယ်ရှားပေးမယ့် နည်းလမ်းကောင်းများ

တစ်ချို့ ရင်ဘက်မှာဖြစ်ဖြစ်၊ရင်ဘက်မှာဖြစ်ဖြစ် အမျိုးမျိုးသော အသားပိုသေးသေးလေးတွေရှိတတ်ကြပါတယ်။ အဲ့လိုမျိုးရှိနေတာကို မကြိုက်တဲ့သူတွေအတွက်ကတော့ အခုပြောပြမယ့် နည်းလမ်းတွေကို အသုံးပြုပြီး အသားပိုလေးတွေကိုဖယ်ရှားပစ်လိုက်ရအောင်နော်။

၁။ Tea tree oil

Tea tree oil မှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားအတွက် အသုံးပြုဖို့ သင့်တော်ပါတယ်။ ဂွမ်းစမှာ Tea tree oil ကိုစွတ်လို့ အသားပိုနေရာမှာ လိမ်းပေးပြီး နှိပ်နယ်ပေးပါ။

ပြီးရင် ပတ်တီးလေးနဲ့စည်းလို့ တစ်ညထားပါ။ အသားပို မခြောက်မချင်း ညတိုင်းလုပ်ပေးပါ။ အသားပိုက ခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။

၂။ ငှက်ပျောသီး

ငှက်ပျောသီးစားပြီးတဲ့အခါ ငှက်ပျောခွံကို လွှင့်မပစ်ပါနဲ့။ အရေပြားပေါ်က အသားပိုတွေအတွက် အသုံးပြုပေးလို့ရပါတယ်။

ငှက်ပျောခွံက အသားပိုတွေကို ခြောက်စေနိုင်ပါတယ်။ ဒါကြောင့် အသားပိုပေါ်မှာ ငှက်ပျောခွံကို ကပ်လို့ ပတ်တီးလေးနဲ့စည်းပြီး ညတိုင်း ကပ်အိပ်ပါ။ အသားပိုက ခြောက်ပြီး ကြွေသွားပါလိမ့်မယ်။

၃။ ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ထဲကို ဂွမ်းစလေးစိမ်ပြီးတော့ အသားပိုပေါ်မှာ ကပ်ပါ။ ပတ်တီးလေးအပေးက ထပ်စည်းလို့ ၁၅ မိနစ် ကနေ နာရီဝက်လောက် ထားပေးပါ။

ပြီးရင် ရေဆေးချလိုက်ပါ။ ၂ ပတ်၊ ၃ ပတ်လောက် ဆက်တိုက်လုပ်ပေးပါ။ အသားပို ကြွေကျသွားပါလိမ့်မယ်။

၎။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ အရွယ်တင်စေနိုင်တဲ့ အာနိသင်ရှိပြီး အသားအရေ ရောင်ရမ်းတာကို လျော့ကျစေနိုင်ပါတယ်။ အသားပိုတွေကို ဖယ်ရှားဖို့လည်း အသုံးပြုပေးလို့ရပါတယ်။ ညအိပ်ခါနီးတိုင်း ကြိတ်ခြေထားတဲ့ ကြက်သွန်ဖြူကို အသားပိုပေါ်မှာ အုံလို့ ပတ်တီးစည်းထားပါ။ မနက်ခင်းမှာ ရေဆေးချလိုက်ပါ။ ညတိုင်းလုပ်ပေးလို့ရပါတယ်။

အသားအရေက ထိခိုက်တုံ့ပြန်လွယ်တဲ့သူတွေဆိုရင်တော့ သေချာလေး စမ်းကြည့်ပြီးမှ လုပ်သင့်ပါတယ်။ အသားပိုက အရမ်းကြီးနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီးမှ ဖယ်ရှားသင့်ပါတယ်နော် ။ လေးစားစွာဖြင့်

Photos from Hello Cutties's post 18/02/2019
Photos from Hello Cutties's post 17/02/2019

17/02/2019

16/02/2019

Want your business to be the top-listed Beauty Salon in Yenangyaung?
Click here to claim your Sponsored Listing.

Website

Address


Yenangyaung
123456