K sr Win
Skincare/ Makeup
အရောက်လာမှာ 🎼
ဒီနှစ် Miss Grand မှာအကြိုက်ဆုံးက Ghana ပဲ ❤️❤️❤️
24/07/2025
ဒီနေ့မှာတော့ လူပြောများနေတဲ့ Triangle of Face နဲ့ ဝက်ခြံအာဟာရပိုင်းလေး မျှဝေပေးချင်ပါတယ်ရှင်..
Danger Triangle of Face ဆိုတာ ဘာလဲ?
💥💥💥💥💥💥💥💥💥💥💥💥💥
မျက်နှာရဲ့ နှာခေါင်းနဲ့ ပါးစပ်နားတစ်ဝိုက်မှာ ရှိတဲ့ upside-down တြိဂံလေးပါ။ ပုံမှာပြထားတဲ့အတိုင်း နှာတံထိပ်အစကနေစပြီး နှုတ်ခမ်းထောင့်နှစ်ဖက်အထိကို ပြောခြင်းဖြစ်ပါတယ်။ Triangle of death လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။
ဒီတြိဂံလေးက ဘာလို့ danger zone ဖြစ်ရတာလဲ?
⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️
ဒီ Triangle zone လေးမှာ မျက်နှာရှိ သွေးပြန်ကြောများတည်ရှိပြီး ထိုသွေးပြန်ကြောလေးတွေဟာ ဦးနှောက်အောက်ခြေရှိ အရေးကြီးတဲ့ Cavernous sinus ဆိုတဲ့နေရာနဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ထိုနေရာမှာ ဝက်ခြံတွေ၊ ဒဏ်ရာအနာတွေများရှိခဲ့ရင် ဝက်ခြံညှစ်တာပဲဖြစ်ဖြစ်၊ ဒဏ်ရာအနာတရတွေကို ကုတ်မိဖဲ့မိ ခဏခဏသွားကလိမိနေတာပဲဖြစ်ဖြစ် မလုပ်ဖို့ တိုက်တွန်းပါရစေ.. ဘာလို့လဲဆိုတော့ ထိုနေရာကနေ အလွယ်တကူ ပြင်ပပိုးမွှားတွေဝင်ရောက်နိုင်ပြီး သွေးပြန်ကြောတွေကတစ်ဆင့် ဦးနှောက်ဆီကို ရောက်ရှိနိုင်တာမို့ပါ။ နောက်ဆက်တွဲတွေအနေနဲ့ Cavernous sinus ဆိုတဲ့နေရာမှာ သွေးခဲပြီး သွေးကြောပိတ်ဆို့ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ ဦးနှောက်ပြည်တည်နာဖြစ်ခြင်း၊ သွေးကြောတွေမှတစ်ဆင့် မျက်လုံးနားတစ်ဝိုက်ရှိ တစ်ရှူးများဆီပျံ့နှံ့ခြင်း၊ ခန္ဓာအနှံ့ လျင်မြန်စွာ ပိုးဆိပ်ပျံ့နှံ့ပြီး အသက်အန္တရာယ် ဆုံးရှုံးသည်အထိ ကြုံရတတ်ပါတယ်။
ဝက်ခြံအတွက် အစာအာဟာရပိုင်းကရော?
🍏🍋🍓🍇🍒🥭🍉🍐🍊🥬🫒🥕🌶️🥦
သွေးတွင်းအချိုဓာတ်များစေတဲ့အစားအစာတွေဟာ ဝက်ခြံကိုပိုမိုဖြစ်လွယ်တယ်လို့ သုတေသနများရဲ့ ပြောကြားချက်အရ တွေ့ရှိရပါတယ်။ ၂၀၂၃ မှာ ပြုလုပ်ထားတဲ့ သုတေသနတွေအရဆိုရင်လည်း အနောက်ပိုင်းအစားအစာတွေ (တစ်နည်းအားဖြင့်ပြောရရင် ဘိုစာတွေပေါ့ - Western diet) တွေဆိုရင် သွေးတွင်းအချိုဓာတ်များစေပြီး ယောင်ရမ်းမှုတွေကိုအားပေး ဝက်ခြံဖြစ်ဖို့ကိုလည်း ပိုမိုလွယ်ကူစေတယ်ဆိုတာတွေ့ရှိရပါတယ်။
ဘယ်လိုအစားအစာတွေကိုရှောင်သင့်လဲ?
❌❌❌❌❌❌❌❌❌❌❌❌❌
၁. သကြား၊ အချိုဓာတ်များတဲ့အစားအစာနှင့် အချိုရည်များ
၂. နွားနို့
၃. ပြည့်ဝဆီ၊ အသွင်ပြောင်းအဆီများ
၄. ဘိုစာများ (ဘာဂါ, ပီဇာ, ….)
၅. Processed food and meat
၆. ချောကလက်
ဘယ်လိုအစားအစာတွေ စားသုံးသင့်လဲ?
☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️
၁. Vitamin A, C, E ကြွယ်ဝတဲ့ အစားအစာများ (အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၊ ကန်စွန်းဥ၊ နေကြာစေ့၊ …)
၂. Omega 3 ကြွယ်ဝတဲ့အစားအစာများ (အဆီကြွယ်ဝသောငါး၊ ဆယ်လ်မွန်၊ တူနာငါး၊ flax seeds၊ chia seeds၊ …)
၃. Probiotics ကြွယ်ဝတဲ့အစားအစာများ (ဒိန်ချဉ်၊ ကင်ချီ၊ ချဉ်ဖတ်၊ မီဆို၊ …)
၄. သွေးတွင်းအချိုဓာတ်နည်းစေသော အစားအစာများ (သဘာဝနီးပါးအတိုင်းရှိပြီး ပြုပြင်မှုနည်းသော အစေ့အဆန်များ - whole grains၊ ပေါင်မုန့်ကြမ်း wholemeal bread၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အသီးအနှံများ၊ …) ကို စားသုံးနိုင်ပါတယ်။
လှပကျန်းမာမှုများဖြင့် ပျော်ရွှင်သောနေ့ရက်များကို ဖြတ်သန်းနိုင်ဖို့
Dr. WhiteSnowMoon
Where nutrition booms, health forever blooms…
#ဝက်ခြံ
#အာဟာရ
#ကျန်းမာရေး
#အလှအပ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
George Town
11900
Alerts
Be the first to know and let us send you an email when K sr Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
