Ivy & Kai Collections
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ivy & Kai Collections, Beauty, cosmetic & personal care, Clementi New Town.
06/01/2026
📣📣 ၃ အုပ် နှင့်အထက် Delivery Free!!!!
📚စာအုပ် အင်မတန်ကြိုက်သော သားတော်မောင် ၂ ယောက်ရဲ့ တွန်းအားပေးမှုကြောင့် ၂၀၂၆ နှစ်သစ်မှာ စာအုပ်ဖြန့်ချီရေး ကနဦးခြေလှမ်းသစ်ကလေး စပါပြီရှင်။
📚အပြင်သွားတိုင်း တခါတလေ သူတို့ ဖတ်ချင်တဲ့ English , Myanmar သုတ ရသ စာအုပ်လေးတွေ အလွယ်တကူ မရတတ်လို့ ကိုယ်တိုင်ပဲ လက်လီရော လက္ကားရော ဖြန့်ချီရောင်းချပေးမှာပါရှင်။
📚ဒါကတော့ Instock ရနိုင်တဲ့ စာအုပ်လေးတွေပါ။
📚စိတ်ကြိုက်ရွေးချယ်ပြီး မှာယူနိုင်ပါတယ်ရှင်။
တချို့ စာအုပ်လေးတွေဆို အပြင်မှာ ဝယ်လို့မရတဲ့အထိ Stock ပြတ်နေတာပါ။
Bonus အနေနဲ့ ၃ အုပ်အထက် မှာယူရင် Delivery free service လေးနဲ့ ဆောင်ရွက်ပေးပါမယ်ရှင်။
# Ivy Aung
# သုတ ရသ စာအုပ်များ
06/01/2026
Ivy ကိုရော Products တွေကိုရော ယုံကြည်ချစ်ခင် အားပေးကြတဲ့ ချစ်သောကာကာများကို ကျေးဇူးအထူးပါရှင်🫰🏻🫰🏻🫰🏻
ကလေး လူကြီး လူပျို အပျို အရွယ်စုံအတွက် တနေ့တာ လိုအပ်တဲ့ ပမဏ အလိုက် Grade A quality Vitamin C များ Instock ရရှိနိုင်ပါတယ်ရှင့်။
Messenger မှာ ခုပဲ Hi လိုက်တော့နော်။👋🏻
24/10/2025
SK2 အမာခံ ပရိတ်သတ်များ..
Singapore Watsons က
SK2 Treatment Essence , 75 ml ကို 40% sale ချနေပါတယ်။
Flash sale မို့ လိုချင်တဲသူများ ဒီ ၃ ရက်အတွင်း လက်သွက်မှ ရမယ်နော်။
270,000 နဲ့ ရန်ကုန် အရောက်ဈေးပါ။
Singapore တိုက်ရိုက် 100% authentic စစ်စစ်ကြိုက်သော လေဒီများအတွက်ပါ။
လကုန်တာနဲ့ ပစ္စည်းရပါမယ်ရှင်။
🥰🥰
19/10/2025
ကာလတစ်ခုတုန်းက စလုံးနဲ့ ရန်ကုန်ကြားမှာ ရေမြေ အပြောင်းအလဲဖြစ်ပြီး အသားအရေ အဆိုးဆုံး အခြေအနေရောက်ခဲ့ဖူးတယ်။
အဲ့ဒီတုန်းက ကယ်တင်ရှင်တွေထဲက ဆရာတစ်ဆူလို ဖြစ်ခဲ့လို့ကို..အခုချိန်အထိ စွဲစွဲမြဲမြဲ နေ့စဉ်သောက်ခဲ့ရတဲ့ Gold C ပါ။
မှတ်မှတ်ရရ သတိထားမိခဲ့တဲ့ နောက်တစ်ချက်က V မှာ နှစ်ရှည်လများ ဖြစ်လာခဲ့တဲ့ sinusitis (ထိပ်ကပ်နာ)ဆန်ဆန် နှာခေါင်း Alargic ဖြစ်တဲ့ဟာ လုံးဝကို သက်သာသွားတာလေးကတော့ တကယ့်ကို Bonus တစ်ခုပဲ။
ဆရာဝန်ညွှန်ခဲ့တုန်းကတော့ နဂိုအသားအရေပြန်ရဖို့နဲ့ ဝက်ခြံအမာရွတ်လေးတွေသက်သာဖို့ ၁လစာပဲ ပေးလိုက်ပြီး supplement အနေနဲ့သောက်ဖို့ ပေးခဲ့တာပါ။
ဒါပေမယ့် တော်တော်အဆင်ပြေလို့ အပြင်မှာ ရှာယူပြီးသောက်တာ နှစ်ချီနေပြီ။
အရည်အသွေး တကယ်ကောင်းတဲ့ Vitamin C ရဲ့ကောင်းကျိုးတွေကတော့ V ရဲ့ Gold C မှ မဟုတ်ပါဘူး။ သူ့ကို ရေရှည်သောက်ပေးရင် တခြားကောင်းကျိုးတွေလည်း အများကြီး ရှိပါသေးတယ်။
ကိုယ်ခံအားစနစ် ကောင်းတယ် ။
အမာရွတ်တွေ သက်သက်သာတယ်။
ခွဲစိတ် ထိရှဒဏ်ရာတွေ အနာကျက်မြန်တယ်။
Skin ကောင်းဖို့အတွက် ဆရာတစ်ဆူဖြစ်တဲ့ Collogen ထုတ်ဖို့အတွက် အပြည့်အဝ ထောက်ပံ့ပေးလို့ အသားအရေညစ်တာ အသားခြောက်တာတွေကိုလည်း သိသာတဲ့ result အနေနဲ့ကို မြင်ရတယ်။
ကြံ့ခိုင်တဲ့ အရိုးတွေ သွားတွေ ကြွက်သား တွေတည်ဆောက် ကျန်းမာဖို့အတွက်လည်း ဒီကောင်က မရှိမဖြစ်ပဲ။
V ဘာကြောင့် ဒီ Gold C ကိုပဲရွေးပြီး နှစ်ချီသောက်ဖြစ်လဲဆိုတော့ quality တော်တော်လေးကောင်းပြီး ကိုယ်တိုင်လည်း တကယ်သိသာတဲ့ results တွေ ရခဲ့တဲ့အပြင် ရလည်းရနေဆဲမို့ပါ။
လောလောဆယ် Gold C ကို ဆေးတောင့်နဲ့ Gummies ဆိုပြီး ၂ မျိုး တင်သွင်းပါတယ်။
ဆေးတောင့်မကြိုက်တဲ့သူတွေအတွက် အလွယ်တကူ Jelly လေးလို ဝါးလိုက်ရုံပါပဲ။
အာနိသင်ကတော့ အတူတူပါပဲ။
သင့်လျှော်မျှတသော အာဟာရနဲ့ လူတိုင်း သက်ရှည် ကျန်းမာကြပါစေ။🧡
💕💕
15/10/2025
V ရဲ့ page မှာ..
ပစ္စည်းတစ်ခုချင်းစီရဲ့ အရည်အသွေးနဲ့ ဈေးနူန်းကို သေချာစီစစ်ပြီး V ကိုယ်တိုင်ရော ကလေးတွေကိုပါ သုံးစွဲပေးတဲ့ Products လေးတွေ အဓိကထား ရောင်းချပေးပါတယ်။
စင်္ကာပူတိုက်ရိုက် Vitamins & supplements တွေကို 💯 ယုံကြည်စိတ်ချစွာ လက်လီရော လက္ကားပါ ရရှိနိုင်ပါတယ်။
Instock ပစ္စည်းတွေမို့ 2-3 days အတွင်း ပို့ဆောင်ပေးပါတယ်။
တချို့ ပစ္စည်းတွေ V Page မှာမရှိပေမယ့် ကိုယ့်ကလေးနဲ့ ကိုက်ညီတဲ့ အခြားလိုအပ်တဲ့ ဆေးဝါးအကြံဉာဏ်နဲ့ သင့်လျှော်တဲ့ productsတွေကိုပါ ကူညီရှာဖွေပေးပြီး မှာယူပေးတဲ့ service ပါရှိပါတယ်။
သင့်လျှော်မျှတသော အာဟာရနှင့် လူတိုင်း သက်ရှည်ကျန်းမာကြပါစေရှင်။
27/09/2025
Sold out ပါရှင် .. မရလိုက်တဲ့ ညီမလေးတွေ နောက်တသုတ် ထပ်ရောက်တာနဲ့ Page မှာ update တင်ပေးပါ့မယ်ရှင်။
အိမ်က သားတော်မောင်တွေ လက်စွဲ။
အထူးသဖြင့် သားကြီးရဲ့ ကိုယ်ခံအားစနစ်လေး တော်တော်တက်လာတာ အားရလို့ လက်ရှိ ဝယ်ရတာ အလွန်စိတ်ကျေနပ်နေသောလေးပါ။
သားအကြီးလေးက တလတခါနီးပါ ပုံမှန်ဖျား .. ဖျားရင်လည်း ပါရမီလောက်မှ မပြေးရ ၊ သွေးလေးမှ မဖောက်ရ ၊ Antibiotics လေး မှ မOn ရပဲ သက်သာသွားတယ်ဆိုတာ မရှိသလောက်ကို ရှားတာပါ။
ဒီဆေးလေး စတိုက်ကတည်းက သတိထားမိသလောက် immune လေး သိသိသာသာ တက်လာပြီး ကိုယ်ပူလာရင် ပါရာလေး တိုက်ပေးရုံနဲ့ ၃/၄ရက်လောက်ဆို အိုခေလာတာလေး သတိထားမိတယ်။
ကိုယ်တိုင်သုံးပြီး Ivyတကယ်ကြိုက်တဲ့ products တွေပဲ Ivy page မှာရောင်းပါတယ်။
ယုံကြည်ပြီး အားပေးနေကြတဲ့ ကာကာတစ်ယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Clementi New Town
