Boost Services By BZ

Boost Services By BZ

แชร์

Boost your any social media 100% believe 🫱🏻‍🫲🏼

13/08/2026

မသောက် မစားတဲ့ ယောက်ျားက
သူတောင်းစားလည်း ရွှေထက် ငွေထက်
တန်ဖိုးရှိတယ် ✨

သောက်စားဖြုန်းတီးတဲ့အကျင့် မရှိဘဲ
မိသားစုအတွက် ရိုးရိုးသားသား ကြိုးစားတဲ့ယောက်ျားက
ချမ်းသာမနေလည်း၊ ဆင်းရဲနေရင်တောင်
တန်ဖိုးရှိပါတယ်။

ဘာလို့လဲဆိုရင်
"ရွှေ ငွေ" ထက် "အကျင့်" က ပို
အရေးကြီးလို့ပါ...

#𝐊𝐊𝐡𝐚𝐢 credit all
#စာပေဗဟုသုတများ
#𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴

13/08/2026

I got over 50 reactions on my posts last week! Thanks everyone for your support! 🎉

20/07/2026

"ဆွဲထားလို့မရနိုင်တဲ့ ရေစက်ဆိုတာ"................................................
ရေစက်ကုန်သွားရင်
ဆွဲထားလို့လည်း မရနိုင်ဘူး
အရာရာဟာ ရေစက်ပါလာသလောက်ပဲ။
ဆက်ဆံရေးတိုင်းက
သူ့သက်တမ်းနဲ့သူ ရှိပြီးသားပါ။
ရေစက်ကုန်ရင်တော့ သက်တမ်းလည်းကုန်တာပေါ့။
ဘယ်လောက်ပဲ
ပျော်ရွှင်စရာကောင်းတဲ့
ဆက်ဆံရေးဖြစ်နေပါစေ။
တကယ်တမ်း ရေစက်ကုန်သွားတဲ့အခါ
မလွဲမသွေ နှုတ်ဆက်ခွဲခွာရပါတယ်။
နှုတ်မဆက်ဘဲနဲ့လည်း ခွဲခွာရနိုင်ပါတယ်။
ဒါဟာ ပုံမှန်လည်ပတ်နေတဲ့ သဘာဝပဲဖြစ်တယ်။
တွေ့ဆုံမှုတိုင်းကို နောင်တဖြစ်စေမယ့်အရာမျိုး
မလုပ်မိပါစေနဲ့။
တွေ့ဆုံမှုတိုင်းက အဓိပ္ပာယ်ကိုယ်စီ ရှိကြပါတယ်။
ဘယ်သူတွေက ဘယ်ချိန်ထိ
ငါ့အနားမှာ ရှိနေပေးမလဲလို့ တွေးမနေပါနဲ့။
အတွေးလွန်ပြီးတော့လည်း စိတ်မပျော်ဘဲ မနေလိုက်ပါနဲ့။
အတွေးလွန်တာဟာ အချိန်ဖြုန်းခြင်းတစ်မျိုးပဲ။
သူတို့တွေဟာ သင့်ဘဝထဲ အချိန်တစ်ခုထိ
အဖော်ပြုပေးခဲ့တယ်ဆိုတာနဲ့တင်
သင်ဟာ ကံကောင်းနေပါပြီ။
ဘဝခရီးအဆုံးထိ အတူတူ မရှိနိုင်ကြပေမယ့်
( ရှိဖို့လည်း မလွယ်ပါဘူးလေ)
တချိန်တုန်းက အမှတ်တရကောင်းတွေကို
ပြန်တွေးကြည့်ပြီး ကျေနပ် နှစ်သိမ့်လိုက်ပါ။
ဘဝမှာ ချစ်သူဖြစ်ဖြစ် မုန်းသူပဲဖြစ်ဖြစ်
ရေစက်ပါသလောက်တော့
ဆုံတွေ့ခွင့် ရနေမှာပါ။
ရေစက်ကုန်သွားရင်တော့ သင် ဆွဲထားလို့လည်း
မရနိုင်တော့ပါဘူး။
ဒါကြောင့် ရေစက်မကုန်သေးချိန်မှာ
တန်ဖိုးထားသင့်တာကို တန်ဖိုးထားဖို့ မမေ့ပါနဲ့။

24/05/2026

Hello 👋
အခုမှ Run နေတဲ့ Creator / Page Owner တွေအတွက် Community Sharing ပုံစံနဲ့ ကူညီပေးနေပါတယ် 😊

📚စာပေ
👗Fashion
⭐Entertainment / ဟာသ / ရုပ်ရှင်
🌱စိုက်ပျိုးရေး / မွေးမြူရေး
💚ကျန်းမာရေး စီးပွားရေး Community Gp တချို့ရှိလို့ပါ
မိတ်ဆွေတို့ရဲ့ Content နဲ့ ကိုက်ညီတဲ့ Audience Community တွေမှာ ရွေးချယ်ပြီး Post တင် မျှဝေပေးနိုင်ပါတယ် ✨

FB Policy နဲ့ကိုက်ညီတဲ့ Content Idea၊ Caption Style နဲ့ Creator Experience တွေကိုလည်း သိသလောက် မျှဝေပေးပါတယ် 💡

ဒီ Service ကို Time & Effort စိုက်ပြီး လုပ်ပေးတာဖြစ်လို့
Support / Donation ပုံစံနဲ့ ကူညီနိုင်ပါတယ် 🙏

📩 စိတ်ဝင်စားရင် Chat Box မှာ ဆက်သွယ်နိုင်ပါတယ်

12/05/2026

အဆက်မပြတ်ဆိုးနေတဲ့ ချောင်းကို အမြစ်ပြတ်အောင် ချေမှုန်းပေးမယ့် မီးဖိုချောင်ထဲမှာတင် အလွယ်တကူရနိုင်မယ့် ဆေးစွမ်းကောင်း

ပျားရည်လက်ဖက်ရည်

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေနွေးနွေးလေးနဲ့ ရောနှောပြီး တစ်ရက် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် သောက်သုံးပေးလိုက်ပါ။ သုတေသန လေ့လာချက်များအရ ပျားရည်က ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေတယ်လု့ိ လေ့လာတွေ့ရှိထားပါတယ်။

ဂျင်း

ဂျင်းတုံးများကို ရေနွေးပူထဲထည့်ပြီး နှပ်ထားလိုက်ပါ။ မိနစ်အနည်းငယ်ကြာ စိမ်ထားပြီးတဲ့နောက်မှာ ပျားရည် (သို့) သံပုယိုရည်နဲ့ရောနှောလိုက်ပါ။ ရရှိလာတဲ့ ဂျင်းဖျော်ရည်ကို စိတ်ချလက်ချသောက်သုံးနိုင်ပါတယ်။ ဂျင်းက ချောင်းခြောက်ဆိုးခြင်းနဲ့ ရင်ကြပ်ရောဂါအခံကြောင့် ချောင်းဆိုးခြင်းတို့ကို သက်သာပျောက်ကင်းစေတဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။

ဆားရေဖြင့် ပလုတ်ကျင်းပါ

ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို ရေနွေးနွေးထဲထည့်ပြီး ဖျော်လိုက်ပါ။ ရေနွေးကို မိနစ်အနည်းငယ်ကြာ အအေးခံပြီးတဲ့နောက်မှာ ပလုတ်ကျင်းပေးရပါတယ်။ လည်ချောင်းယားပြီး ချောင်းဆိုးချင်တဲ့အချိန်တိုင်း ပလုတ်ကျင်းပေးရပါမယ်။ ဒါဆိုရင်တော့ ချောင်းဆိုးခြင်း သက်သာသွားမှာပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ချောင်းဆိုးခြင်းကိုတော့ တားဆီးလို့မရပေမယ့် ချောင်းဆိုးခြင်းရဲ့ရှေ့ပြေးရောဂါတစ်မျိုးဖြစ်တဲ့ အအေးမိဖျားနာခြင်း မဖြစ်ပွားအောင် နည်းလမ်းအချို့ကို လိုက်နာကျင့်သုံးပြီး ကာကွယ်ပေးနိုင်ပါတယ်။

အအေးမိဖျားနာနေသူများ၊ တုပ်ကွေးဖြစ်နေသူများ၊ ချောင်းဆိုးနေသူများနဲ့ နီးနီးကပ်ကပ်နေခြင်းကို ရှောင်ကြဉ်ပါ။

ဆပ်ပြာနှင့် ရေနွေးနွေးလေး အသုံးပြုပြီး လက်နှစ်ဖက်ကို စင်ကြယ်အောင် ဆေးကြောပါ။ ကလေးများကိုလည်း လက်ဆေးတတ်တဲ့အလေ့အကျင့်ကောင်းများ မွေးမြူပေးပါ။

ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝစွာနေထိုင်ပါ။

စိတ်ဖိစီးမှုများ၊ စိတ်ညစ်စရာများနဲ့ ကင်းကင်းရှင်းရှင်းနေပါ။ စိတ်ဖိစီးမှုများလေ ခုခံအားကျဆင်းလေဖြစ်တဲ့အတွက်ကြောင့် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးပါ။ နားနားနေနေအနားယူပြီး ခန္ဓာကိုယ်ကြွက်သားများကို အနားပေးပါ။

အိပ်ရေးဝဝအိပ်စက်အနားယူပါ။

Source: medicalnewstoday.com

ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ဆေးအိမ်ကြီးဆေးဆိုင်မှတဆင့် မျှဝေပေးခြင်း
Credit

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด ร้านเสริมสวย ที่ Ban Tak หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เว็บไซต์

ที่อยู่


Ban Tak
63110

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Boost Services By BZ โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Ban Tak