Coach Sophia
Welcome to my fitness diary 🏋️♂️I would like to help u to reach your goal 🍑sharing fittness knowledge and healthy lifestyle🎀
ဆံပင်တွေ ပုံမှန်ထက်ပိုကျွတ်နေပြီလား? 👀 Shampoo မဟုတ်ဘဲ ကိုယ်စားတဲ့အစားအစာကို အရင်ပြန်ကြည့်ပါ
✨ ကျန်းမာတဲ့ဆံပင်အတွက် နေ့စဉ်အာရုံစိုက်သင့်တဲ့ အဓိကအချက် ၆ ချက်:
🩸 Iron — သံဓာတ်
🐟 Omega-3
⚡ Zinc — ဇင့်ဓာတ်
🍊 Vitamin C — ဗီတာမင် C
🥩 Protein — ပရိုတင်း
💧 Water — ရေ
ဒီ 6ချက်ကိုပြည့်အောင်စားပါ ကျန်းမာတဲ့ဆံပင်ဟာ အာဟာရပြည့်ဝတဲ့ ခန္ဓာကိုယ်ကနေ စတင်ပါတယ်။
Beauty begins from within ✨
Self care ✅ Low cortisol 🍀high serotonin ✨
(Weight training)heavy lifters တေအတွက် spinal cord health ကို ကာကွယ်စေဖို့နဲ့ balance အတွက်
Pilateကို တပတ်တခါကစားဖြစ်ပါတယ်
28/08/2026
ATHLETE OFF-SEASON မှာ body Shape မပျက်အောင် ဘာတွေလုပ်သင့်လဲ? 🏆
Off-season ဆိုတာ ပြိုင်ပွဲပြီးတာနဲ့ Training ရပ်ပြီး အနားယူတာမဟုတ်ပါဘူး ❌
💪 1. Build Muscle & Strength
Weak points တွေကို focus လုပ်ပြီး muscle quality နဲ့ strength တိုးအောင် train လုပ်ပါ။
Yoga, stretching,Pilatic ,mobility exercises တေကို တပတ်တကြိမ်ထည့်ပါ
🍚 2. Eat to Recover & Grow
မာဆယ်ဒုတင်တယ်ဆိုပီးအဆီတတ်စေတဲ့ မာလာရှမ်းကော,Bubble tea, ready made ခေါက်ဆွဲတေစားဖို့မဟူတ်ပါ အဆီတတ်လာတာနဲ့ မာဆယ်ဒုတတ်တာမတူပါ
Calories ကို အလွန်အကျွံမလျှော့ဘဲ Carbohydrates +Proteins+Good fat*Fiber တေကို Training အတွက် energy နဲ့ recovery ရအောင် စားပါ။တပတ်တခါ healthy cheat mealလေးတေ calories တွက်ပီးစားနိုင်ပါတယ်
😴 3. Prioritize Recovery
Sleep, rest days, mobility & recovery ကို training လောက်ပဲ အရေးကြီးတယ်လို့ သတ်မှတ်ပါ။
❤️ 4. Keep Cardio in Your Routine
Cardio ကို လုံးဝမဖြတ်ဘဲ Fitness နဲ့ cardiovascular health ထိန်းထားပါ။
Light cardio လေးတေ 45မိနစ် လုပ်ပေးနိုင်ပါတယ်
🧠 5. Work on Your Weak Points
Stage ပေါ်မှာမြင်ခဲ့ရတဲ့ weakness တွေကို ဒီအချိန်မှာ သေချာပြင်ဆင်ပါ။
📈 6. Focus on Progress, Not Perfection
Off-season ရဲ့ goal က စင်ပေါ်တတ်ခဲ့စဉ်ကလို lean ဖြစ်နေဖို့” တစ်ခုတည်းမဟုတ်ဘူး။
Mental သန်မာလာဖို့ muscles condition ကောင်းလာဖို့၊ နောက်တစ်ကြိမ် stage ပေါ်မှာ ပိုကောင်းလာဖို့ပါ။
Off-season = Build Season. 🔥
What you build now will show on stage later. 🏆
အဆီချနေတဲ့အချိန်မှာ Healthy food စားနေတာပဲ… ဘာလို့ Progress မမြင်ရသေးတာလဲ?” ဆိုရင်အဓိက Meal တွေတင်မဟုတ်ဘဲ Sauce & Condiments တွေကိုပါ ပြန်စစ်ကြည့်ဖို့လိုပါတယ်။
အဆီမတက်ချင်ဘူး၊ Calories လျော့ပြီး အာဟာရရှိရှိ + အရသာရှိရှိ စားချင်သူတွေအတွက် ဒီတစ်ခေါက် Hidden Calories Sauces & Condiments 🌶️🥄 လေးကို Share ပေးချင်ပါတယ် 🤍
Homemade ဖြစ်တယ်ဆိုတာနဲ့ Calories နည်းတယ်လို့ မဆိုနိုင်ပါဘူး။
အထူးသဖြင့် အသားနှပ်တဲ့အချိန်၊ Sauce ထည့်တဲ့အချိန်မှာ ဆီ၊ သကြား၊ Mayo နဲ့ Condiments တွေကနေ မသိလိုက်ဘဲ Calories တက်လာနိုင်ပါတယ်။
ဒါပေမယ့် Diet လုပ်နေတယ်ဆိုပြီး အသားပြုတ်ပဲစားဖို့ မလိုပါဘူး။ 😌
On-season မှာတောင် အသားကို အပြုတ်ပဲ မစားဘဲ
အရသာရှိပြီး ရေရှည်စားနိုင်ဖို့ Recipe လေးတွေနဲ့ သေချာနှပ်စားပါတယ်။
Off-season / ပွဲနားချိန်မှာတော့
အရသာပိုကောင်းအောင် Recipe လေးတွေ ပိုထည့်ဖြစ်ပါတယ် ✨
အရေးကြီးတာက “မထည့်ရဘူး” မဟုတ်ဘဲ “ဘယ်လောက်ထည့်လဲ” ကို သိထားဖို့ပါ။
🌶️ My Everyday Choices
❌ Ready-made မာလာ ငရုတ်ဆီအနှစ်
→ 10g ≈ 50–70 kcal
✅ Homemade ငရုတ်သီးမှုန့်အကြပ်
→ 10g ≈ 20–40 kcal
❌ Mayonnaise 🥄
→ 10g ≈ 65–75 kcal
✅ No-Fat Yogurt 🥛
→ 10g ≈ 5–10 kcal
❌ မာလာ ငရုတ်ဆီကြော်
→ ဆီပါဝင်မှုများရင် 10g ≈ 50–70 kcal
✅ Korean Gochujang
→ 10g ≈ 20–30 kcal
(Brand အလိုက် Calories / Sugar ကွာနိုင်ပါတယ်)
❌ Full-Fat Milk
→ 100ml ≈ 60–65 kcal
✅ No-Fat Milk
→ 100ml ≈ 35 kcal
❌ Sugar
→ 10g ≈ 40 kcal
✅ Zero-Calorie Sweetener
→ ≈ 0 kcal
❌ normal Cooking Oil
→ 10g ≈ 90 kcal
✅ Olive Oil
→ 10g ≈ 88–90 kcal
👉 ဒီနေရာမှာ သတိထားစရာတစ်ခုက Olive Oil က Calories နည်းသွားတာမဟုတ်ပါဘူး။
Oil အမျိုးအစားပြောင်းတာထက် ပမာဏကို ထိန်းတာ က ပိုအရေးကြီးပါတယ်။
❌ Cream-based Sauce
→ 20g ≈ 50–80+ kcal
✅ Homemade Yogurt Sauce
→ 20g ≈ 10–20 kcal
🧂 ခရုဆီ / ငါးငံပြာရည်ကိုလည်း…
ခရုဆီကို အများကြီးထည့်မယ့်အစား
✅ Less-sodium ငါးငံပြာရည် / ပဲငံပြာရည် အနည်းငယ်
* သံပုရာ 🍋
* ငရုတ်သီး 🌶️
လိုမျိုးနဲ့ အရသာထည့်လို့ရပါတယ်။
Calories နဲ့ Sugar ကို ထိန်းရင်း အရသာရှိရှိ စားနိုင်ပါတယ်။
✨ အမှန်ခြစ်ထားတဲ့ ✅ Choices တွေကတော့ ကိုယ်ပုံမှန်စားနေကျ Everyday Choices လေးတွေပါ။
❌ Choices တွေစားမိနေတယ်ဆိုလည်း အပြစ်ရှိတယ်လို့ မယူဆပါနဲ့။
ပမာဏကို ပြန်ကြည့်ပြီး Smart Swap လေးတွေ လုပ်ကြည့်ပါ။
Diet ဆိုတာ အရသာမရှိတဲ့အစားအစာတွေကို အမြဲစားနေရတာမဟုတ်ဘူး။
ကိုယ်ရေရှည်လိုက်နာနိုင်မယ့် Smart Choices + Portion Control က ပိုအရေးကြီးပါတယ်
02/08/2026
ကျန်းမာတဲ့ ခန္ဓာကိူယ်ရချင်ရင် kitchenအတွက်လဲ
ဂရုစိူက်ပါ 🥒🥦🥬🍅🫐🥖🧀🫑🫒
Creatineသောက်ရင်body weight တတ်လား?
Creatine စတင်သောက်သုံးတဲ့ ပထမ ၂–၄ ပတ်အတွင်း body weight တက်လာတာက ပုံမှန် physiological response တစ်ခုဖြစ်ပါတယ်။ Creatine က muscle cells အတွင်း water retention တိုးစေတဲ့အတွက် body weight တက်လာနိုင်ပါတယ်။ ဒါ့အပြင် training ပြန်လည်စတင်ထားတဲ့အချိန်ဖြစ်တာကြောင့် glycogen storage တိုးလာပြီး ရေထိန်းသိမ်းမှု ပိုများနိုင်ပါတယ်
ဒါကြောင့်မို့ Weight တက်လာတာကို အဆီတက်လာတယ်လို့ ယူဆလို့မရဘူး စိတ်ပူစရာမလိုဘူး
Body weight ထက် body measurements ,Strength progression နဲ့ overall performance ကို ပိုဂရုစိုက်သင့်တယ်
နောက်တခုက menstrual cycle နဲ့ အစားအသောက်ပြောင်းလဲမှုတွေကြောင့်လည်း ဖောင်းတတ်ပါတယ်
Creatine သောက်တဲ့အချိန် ရေသောက်ဖို့
တစ်နေ့ ရေ2လီတာ အနည်းဆုံးသောက်ဖို့ အရေးကြီးပါတယ် creatine က muscle ထဲကို ရေဝင်စေတဲ့အတွက် hydration လိုပါတယ်
အဆီချနေတဲ့သူတေTaco ကြိုက်ပေမယ့် Diet ပျက်မှာကြောက်နေလား? 👀🌮
30g protein ပါတဲ့
Oatmeal + Chia Seeds ၂ မျိုးတည်းနဲ့ Healthy Taco လုပ်စားလို့ရပါတယ်နော် ✅ စုစုပေါင်း Calories = ~350kcalလောက်ပဲ
* Protein – ~30g
* Carbohydrates – ~20g
* good Fat – ~16g
Calories Breakdown 🍽️
* 20g Oatmeal – ~78 kcal
* 10g Chia Seeds – ~49 kcal
* 50g Prawns – ~50 kcal
* 2 Whole Eggs – ~140 kcal
* 1 Egg White – ~17 kcal
* Carrots (အနည်းငယ် ~50g) – ~20 kcal
ဒီ meal က Protein 30g ကျော် ပါဝင်တာကြောင့် Lean muscle တည်ဆောက်ချင်သူ နဲ့ Fat loss လုပ်နေသူများ အတွက် အရမ်းသင့်တော်တဲ့ high-protein meal/snack တစ်ခုဖြစ်ပါတယ်🔥🥚🦐🥕
22/06/2026
🥱🔬 အိပ်ရေးဝပေမယ့် မနက်ခင်းမှာ နုန်းပြီး အားမရှိသလို ဖြစ်နေရတဲ့ အကြောင်းရင်းက ဘာလဲ?
ပုံမှန် Gym ဆော့တယ်၊
Diet လည်း သေချာစားတယ်၊
အိပ်ချိန်လည်း လုံလောက်ပါရဲ့နဲ့ မနက်ခင်းနိုးလာတဲ့အခါ လန်းဆန်းမနေဘဲ နုန်းနယ်ပြီး အားမရှိသလို ခံစားနေရပါသလား?
ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ Electrolyte Balance မညီမျှခြင်း လည်း ပါဝင်နိုင်ပါတယ်။ အထူးသဖြင့် Potassium ဟာ Khay တို့လို Athlete တွေ၊ Hybrid Training, HIIT, CrossFit စတဲ့ Training ပြင်းပြင်းလုပ်သူတွေအတွက် အရေးကြီးတဲ့ Mineral တစ်မျိုး ဖြစ်ပါတယ်။
💡 Potassium က ဘာကြောင့် အရေးကြီးတာလဲ?
Potassium ဟာ ခန္ဓာကိုယ်ရဲ့ Muscle Function, Nerve Signaling နဲ့ Fluid Balance ကို ထိန်းညှိပေးတဲ့ Electrolyte တစ်မျိုး ဖြစ်ပါတယ်။
Workout ပြင်းပြင်းလုပ်တဲ့အခါ ချွေးထွက်များခြင်းကြောင့် Electrolytes ဆုံးရှုံးနိုင်ပြီး Potassium နဲ့ Sodium တို့ရဲ့ Balance ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလို Balance မညီမျှတဲ့အခါ Muscle Fatigue, Weakness နဲ့ Recovery နှေးကွေးခြင်း တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
🌱 Potassium ကြွယ်ဝတဲ့ အစားအစာများ
🥬 Spinach – Potassium နဲ့ Magnesium ကြွယ်ဝပြီး Muscle Function ကို အထောက်အကူပြုပါတယ်။
🥦 Broccoli – Vitamin C နဲ့ Antioxidants များစွာ ပါဝင်ပြီး Recovery ကို ကူညီပေးပါတယ်။
🍠 Sweet Potatoes – Complex Carbohydrate နဲ့ Potassium ကြွယ်ဝပြီး Energy ပြန်လည်ဖြည့်တင်းပေးပါတယ်။
🍌🍊🥝 Bananas, Oranges & Kiwis – Potassium နဲ့ Electrolytes များပါဝင်ပြီး Training မတိုင်ခင်နဲ့ ပြီးနောက် စားသုံးဖို့ သင့်တော်ပါတယ်။
🔑 Remember
Nutrition ဆိုတာ Protein, Carbs နဲ့ Fats (Macros) တွေတင် မဟုတ်ပါဘူး။ Potassium, Magnesium, Iron နဲ့ Vitamins တွေလို Micronutrients တွေလည်း Energy, Recovery နဲ့ Overall Performance အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကို ထမ်းဆောင်ပေးပါတယ်။
မနက်ခင်း နိုးလာတဲ့အခါ အမြဲတမ်း နုန်းနေတယ်ဆိုရင် Diet, Hydration, Sleep Quality နဲ့ Micronutrient Intake တွေကို ပြန်လည်စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ 💪✨
သင့်ရဲ့ Diet Plan ထဲမှာ Potassium ကြွယ်ဝတဲ့ အစားအစာတွေ ပါဝင်နေပြီလား? Comment မှာ မျှဝေပေးခဲ့ပါဦး 👇🥰
21/06/2026
Proud coach moment 🥰
Athlete’s Ma Thandar Win 🇲🇲👏just dominated the international stage to bring home the Overall Champion title at the NPC /IFBB Amateur Olyampia India 🏆
Months of precise nutrition, hardcore training, and an unbreakable mindset led to this exact moment. Excellence is a habit. Next Stop:The Pro Circuit 🤜🤛
👙Bikini & heel-iinzane
🏋️♀️Training +nutrition prep+Posing by me
🏆Competition-Amateur Olyampia India
08/06/2026
Myanmar (Muscle Worrior)
NPC ,IFBB ပထမဆုံးပွဲမှာ ခေါင်းစဉ်တခုစီကပေးတဲ့
Bikini Open Class B မှာရွှေ 🥇
Bikini Overalls Champion🏆ပါယူခဲ့ပေးလို့
Congratulations ပါ 🥰
As your coach, I’m truly proud of you for your dedication, discipline, and hard work in following your training program, nutrition plan, and posing practice ✨
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ
หมวดหมู่
ที่อยู่
Bangkok
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Coach Sophia โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ
