YINails
Private Nail Artist & Educator 👩🏫
ဖြစ်ချင်တဲ့အရာတိုင်းမှာ
အဲ့ဒီအတွက် လုပ်ရမယ့်အရာတွေရှိတယ်။
ဖြစ်ချင်တာကိုပဲ ကြည့်မနေဘဲ
ဖြစ်လာဖို့ လုပ်ရမယ့်အရာကို အရင်လုပ်ပါ။
01/09/2026
တစ်လတစ်ခါ မတူညီတဲ့လူတွေ၊ မတူညီတဲ့အတွေ့အကြုံတွေနဲ့ တွေ့ဆုံခွင့်ရတာကို တကယ် appreciate ဖြစ်မိပါတယ်🥹🤍
လူတိုင်းဆီက မတူညီတဲ့အမြင်တွေ၊ အတွေ့အကြုံလေးတွေ ရတယ်။ သင်ပေးနေရင်းနဲ့ ကိုယ်တိုင်လည်း အများကြီးသင်ယူရပါတယ်။
အမကို ယုံကြည်ပြီး အဝေးကနေ လာသင်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း အမြဲကျေးဇူးတင်ပါတယ် 🙏💕
26/08/2026
ရှေ့အပတ်ရဲ့ အကြိုက်ဆုံး Nail Sets များ ❤️
လူတွေမြင်ရတာက ပြီးသွားတဲ့ Final Result လေးတွေပဲ 🙈
ဒါပေမယ့် လက်ရာတစ်ခုကောင်းလာဖို့နောက်မှာ
မလှခဲ့တဲ့ Set တွေရှိတယ်၊ မကျေနပ်ခဲ့တဲ့အလုပ်တွေရှိတယ်
ပြန်ပြင်ခဲ့ရတာတွေ၊ ထပ်ခါထပ်ခါ Practice လုပ်ခဲ့ရတာတွေလည်းရှိတယ်။
အခုထိလည်း ကိုယ့်လက်ရာတိုင်းကို Perfect လို့မမြင်သေးဘူး။
ကိုယ်တိုင်မြင်တဲ့ လိုအပ်ချက်တွေရှိသေးတယ်၊ ပြင်နေတုန်းပဲ၊ သင်ယူနေတုန်းပဲ။
ဒါပေမယ့် အရင်က ကိုယ့်လက်ရာတွေနဲ့ အခုလက်ရာတွေကို ပြန်ယှဉ်ကြည့်မိတဲ့အခါ
တဖြည်းဖြည်းနဲ့ ကိုယ်သွားချင်တဲ့နေရာကို ရောက်လာနေပြီဆိုတာတော့ သိရတယ်။ ❤️
တိုးတက်မှုဆိုတာ တစ်ရက်တည်းနဲ့ သိသိသာသာမြင်ရတာမဟုတ်ဘူး။
နေ့တိုင်း နည်းနည်းစီ ပိုကောင်းအောင်လုပ်ခဲ့တာတွေ စုပေါင်းလာတဲ့ Result ပဲ🥰
Tools တွေမှာ ကျန်နေတဲ့ အညစ်အကြေးတွေကို အရင်ဆုံး သေချာဖယ်ရှားသန့်စင်ပြီး disinfect လုပ်တာကနေ စပြီး အဆင့်တိုင်းကို မှန်မှန်ကန်ကန် လုပ်ဖို့လိုပါတယ်။
ပြီးမှ ခြောက်အောင်ထား sterilization pouch ထဲထည့် သတ်မှတ်ထားတဲ့ အပူချိန်နဲ့ အချိန်အတိုင်း sterilize လုပ်ပေးရပါတယ်။
လှပတဲ့ Nail Set တစ်ခုရဖို့ Quality က အရေးကြီးသလို၊ မမြင်ရတဲ့ Hygiene Process ကလည်း အရေးကြီးပါတယ်။ 🤍
E-file စက်ခေါင်းတွေအများကြီးရှိတဲ့ထဲကမှ safe ဖြစ်မယ့်ဟာကို ရွေးချယ်အသုံးပြုဖို့ အရေးကြီးပါတယ်
04/08/2026
July Group Class Certificate Moment လေး ခုမှပဲတင်ရတယ် 🙈💕
သင်တန်းရက် (7) ရက်အတွင်း သုည ကနေ Advanced level ထိ သေချာလေး ကြိုးစားပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ် 🥰🙏
အမရဲ့ In person အတန်းလေးတွေက Limited Slots မလို့ Page မှာ မကြေငြာဖြစ်တာပါရှင့်🥹
Direct Mesaage မှာတော့လာမေးလို့ရပါတယ်နော် ❤️🙈
27/07/2026
ရှေ့အပတ်ရဲ့ အကြိုက်ဆုံး Nails Set များ
YIN Nails & Lashes
Appointment Only မလို့ Booking လေးကြိုယူပေးပါရှင့် ❤️
Gel ဆိုးတိုင်း လက်သည်းတွေပါးလာရခြင်း တရားခံက ဘယ်သူလဲ????
နောက်ပိုင်းမှာ အမ Nail Art နဲ့သက်ဆိုင်တဲ့ Knowledge sharing လေးတွေကို Series လိုက်လေး စုတင်ပေးသွားပါမယ်
https://fb.watch/Isxz1zwap1/?
စာသင်လာတဲ့ (၅) နှစ်အတွင်း တွေ့ရတဲ့ Student (၂) မျိုး
လက်သည်းလုပ်တဲ့အခါ တခြား Artist တွေ 1/2 နာရီနဲ့ပြီးတယ် ကိုယ်က 3/4 နာရီလောက်ကြာလို့ ကိုယ့်ကိုကိုယ် အားမရဖြစ်နေလား??
အမတို့က တစ်ခါတစ်လေ နှိုင်းယှဉ်တာမျိုးတွေလုပ်မိတတ်ကြတယ် ဒါသဘာဝပါပဲ
Nail Artist တစ်ယောက်နဲ့တစ်ယောက် လုပ်တဲ့ technique နဲ့ workflow မတူပါဘူး
ဒါပေမယ့် အချိန်စီမံခန့်ခွဲတဲ့အခါ Nail Prep နဲ့ Design လုပ်တဲ့ workflow ကို optimize လုပ်နိုင်ရင် quality မလျော့ဘဲ အချိန်လည်း လျော့လာမှာပါ
Client တစ်ယောက်ကို အချိန်တစ်ခု Limit ထားပြီး သတ်မှတ်တဲ့အချိန်အတွင်းဝင်အောင်လုပ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုကိုယ် Train လုပ်လို့ရပါတယ်
ဆက်ပြီးလေ့ကျင့်ရင်း Client အရေအတွက်များလာတဲ့အခါမှာ သေချာပေါက် ပိုမြန်လာမှာပါ ❤️
ကိုယ့်ကိုကိုယ်တော့ Train လုပ်ဖို့လိုပါတယ်
အမလည်း ဒီလိုပဲကိုယ့်ကိုကိုယ်Train လုပ်လာရတာပါ ဘယ်သူမှမွေးကတည်းက တော်နေတာမျိုးမဟုတ်ပါဘူး
IF I CAN DO, YOU CAN DO IT TOO🥳💪🏻
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Petchaburi Road
Bangkok
เวลาทำการ
| จันทร์ | 10:00 - 19:00 |
| อังคาร | 10:00 - 19:00 |
| พุธ | 10:00 - 19:00 |
| พฤหัสบดี | 10:00 - 19:00 |
| ศุกร์ | 10:00 - 19:00 |
| เสาร์ | 10:00 - 19:00 |
| อาทิตย์ | 10:00 - 19:00 |
