Pyone Lay

Pyone Lay

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyone Lay, สุขภาพ/ความงาม, .

23/05/2026

ဒေါင်ကျကျ ပြားကျကျ နေတတ်အောင် ကြိုးစားပါတယ်။
လိုသုံးပဲသုံးသုံး မလိုသုံးပဲသုံးသုံး
သူတပါး စိတ်ချမ်းသာတယ်ဆိုရင်ပဲ
ကျေနပ်ပါတယ်။

ခါးသီးလွန်းတဲ့ ဘဝတွေမှာ
ဒေါင်ကျကျ ပြားကျကျ နေသားကျနေပြီမို့
လူ့ဘဝဆိုတာထက် ပစ်တိုင်းထောင်လို
နေလိုက်ရတာပါပဲ။
အဲ့ဒီလို နေထိုင်နိုင်ဖို့
စိတ်ဓာတ်ကို သန်မာအောင် လေ့ကျင့်ထားရမယ်။

မကောင်းဘူးလား တိုက်ရိုက်ပြောနေ
ရှင်းပြ မနေတော့ဘူး။
အချိန်တန်ရင် ကိုယ်ကောင်းတာ လုပ်ရင်
ကိုယ့်ခေါင်းက ဘယ်မှ ရွေ့သွားမှာ မဟုတ်တော့
ရှင်သန်နေသ၍ လိပ်ပြာလုံဖို့ပဲ လိုတယ်မဟုတ်လား။

ဒဏ်ရာတွေပြပြီး
ငိုနေရမယ့် အရွယ်တွေ မဟုတ်တော့
တခါတလေတော့ မြိုသိပ်လိုက်ပြီး
တခါတလေတော့
မျက်ရည်ကျမိတဲ့အချိန်တွေ ရှိခဲ့တာပဲလေ။

နေသားကျဖို့ နေသာသလို မနေတတ်ပေမယ့်
နေရတဲ့ အခိုက်အတန့်တိုင်းကို
ကျေနပ်နေဖို့ပဲ လိုပါတယ်။

မျှော်လင့်တာတွေ များရင်
ပူလောင်နေရမယ့် အတူတူ
ကိုယ်စိတ်ချမ်းသာဖို့ ဘယ်သူ့ဆီကမှ
မမျှော်လင့်ပါနဲ့။
မျှော်လင့်ချက်နည်းလေ စိတ်ချမ်းသာရလေပါပဲ။

ကိုယ့်ဘဝ ကိုယ့်အကြောင်းကို
ကိုယ်ကလွဲပြီး နားလည်ပေးနိုင်မယ့်သူ ဆိုတာ
လောကမှာ မရှိသလောက် ရှားပါလိမ့်မယ်။

နှစ်သိမ့်ပေးမယ့်သူထက်
ထိုးနှက်မယ့်သူက ပိုများလို့
အရမ်းဝမ်းနည်း နေရင်တောင်
ပြုံးနိုင်ဖို့ပဲ ကြိုးစားလိုက်ပါတယ်။

ကိုယ်ကျရှုံးရင် တွဲထူမယ့် လက်ထက်
ပြန်တွန်းချင်တာက ခပ်များများ ဖြစ်လာတယ်။
လောဘ အတ္တ မာန ဒေါသတွေ များလာရင်
ဘယ်လောက် ခင်ခင် ဘယ်လောက်ချစ်ချစ်
နွေးထွေးတဲ့ ဆက်ဆံရေးတွေ ဖြစ်မလာနိုင်တော့ဘူး။

21/05/2026

မှန်ကန်တဲ့ သတ္တိရှိဖို့ လိုပါတယ်

ကြ,မ်းတမ်းတဲ့ လှိုင်းတံပိုးတွေကို
ရင်ဆိုင်ဖို့ ကြော,က်တယ်ဆိုရင်
ပင်လယ်ကို ဖြတ်ဖို့ စိတ်တောင် မကူးနဲ့။

အမြင့်ကို ကြော,က်ရင်
တောင်ကို တက်ဖို့ လုံးဝ စိတ်မကူးနဲ့

ဆူးစူးမှာ ကြော,က်နေလား
ဒါဆိုရင် တောတိုးဖို့ စိတ်မကူးနဲ့။

ပင်ပန်းမှာကို ကြော.က်နေလား
(သို့မဟုတ်)
ရေသာခိုချင်တဲ့စိတ် ရှိနေလား
ဒါဆိုရင်တော့ အောင်မြင်မှုကို
လုံးဝ လုံးဝ စိတ်မကူးပါနဲ့

လောကမှာ မကြော.က်သင့်တာကို
မကြော.က်တာမှ သတ္တိရှိတယ်လို့ ခေါ်တယ်။
သတ္တိရှိတာနဲ့ မိုက်ရူးရဲဆန်တာကိုလည်း
ခွဲခြားနားလည် နိုင်ရမယ်။

ကြိုးစားတာချင်းလည်း တူတယ်။
အရည်အချင်းလည်း တူတယ်ဆိုရင်
သတ္တိ ရှိတဲ့သူက ရှေ့ပိုရောက်တာပဲ။
ခြေတစ်လှမ်း ပိုသာပါတယ်။

ဒါကြောင့်
ခက်ခဲမှာလည်း မကြော,က်နဲ့။
ပင်ပန်းမှာလည်း မကြော,က်နဲ့။
ကျရှုံးမှာလည်း မကြော,က်နဲ့။
တစ်ယောက်တည်းမို့လည်း မကြော.က်နဲ့။
ကူညီသူ မရှိမှာလည်း မကြော.က်နဲ့။

ဒီလို မကြော,က်တတ်တဲ့အခါ
ရှေ့ကိုတိုးဖို့ သတ္တိတွေ အလိုလို
ရှိလာလိမ့်မယ်။
ယုံကြည်ချက်တွေက ပိုခိုင်မာလာပါမယ်။

အောင်မြင်ချင်တဲ့သူတိုင်းရဲ့
စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားရမှာက
ကြော,က်နေသရွေ့ နောက်မှာ နေရမယ်ဆိုတာပဲ။

ဒါကြောင့် ......
ရှေ့ကို ရောက်ချင်တယ်ဆိုရင်
မှန်ကန်တဲ့ သတ္တိရှိဖို့ လိုပါတယ်....။

with respect - crd

19/03/2026
19/03/2026

"တစ်ကြိမ်၀တ်ချလို့ရှိရင်
လူတစ်သိန်းကျွေးရတာနဲ့ ညီမျှတဲ့ "ကုသိုလ်"ရတဲ့
"၀တ်ချနည်း" လေးပါ ... ။

ဘယ်လို ၀တ်ချမလဲဆိုတော့….

-"မမြဲသော မိမိခန္ဓာကိုယ်ကြီး"ကို
-"မမြဲတဲ့အကြောင်း
-"ပွား"တာက -"ဝိပဿ နာ။

-"ကိလေသာ" မရှိတဲ့ "ဘုရား"၊
-"ကိလေသာ" ကင်းကြောင်းဖြစ်တဲ့ "တရား" ၊
-"ကိလေသာ"ကင်းပြီးတဲ့ "သံဃာ"တွေကို
-"အာရုံပြု"တာ -"သမထ" ။

-"လှူဒါန်းပါ၏"ဆိုတာက -"ဒါန"။

-"ဒါန"ရော ,
-"သမထ"ရော,
-"ဝိပဿ နာ " ရော
ပါသွားတဲ့ အဲဒီ"၀တ်ချနည်း"
၀တ်ချကြရအောင်။

-"မမြဲသော ဤ ခန္ဓာကိုယ်"ကို-
-"ကိလေသာ အပူခပ်သိမ်းမှ
ကင်းငြိမ်းတော်မူပြီးသော
"ဘုရား,တရား.သံဃာ"အား
-လှူဒါန်းပါ၏ ဘုရား…"

(တစ်ကြိမ်၀တ်ချလိုက်)၊

-"ဆင်းရဲသော ဤ ခန္ဓာကိုယ်"ကို
-"ကိလေသာ အပူခပ်သိမ်းမှ
ကင်းငြိမ်းတော်မူပြီးသော
"ဘုရား ,တရား ,သံဃာ"အား
-လှူဒါန်းပါ၏ ဘုရား…"

(တစ်ကြိမ်၀တ်ချလိုက်)၊

-"အစိုးမရသော ဤခန္ဓာကိုယ်"ကို
-"ကိလေသာ အပူခပ်သိမ်းမှ
ကင်းငြိမ်းတော်မူပြီးသော
"ဘုရား ,တရား ,သံဃာ"အား
-လှူဒါန်းပါ၏ ဘုရား…"
(တစ်ကြိမ်၀တ်ချလိုက်)။

"မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး "

19/03/2026

အလုပ်ခွင်မှာ ပျော်ရွှင်အောင်နေထိုင်နည်း
၁။ ဘယ်သူ့ကိုမှ မယုံကြည်ပါနဲ့
ဒါပေမဲ့...လူတိုင်းကို ရိုရိုသေသေဆက်ဆံပါ။

၂။ အလုပ်မှာ ဘာဖြစ်ခဲ့သလဲ?
ဖြစ်ခဲ့သမျှကို ထားခဲ့လိုက်ပါ။
အလုပ်ခွင်က သူများပြောတဲ့ အတင်းအဖျင်းကို
အိမ်ကိုသယ်မလာပါနဲ့ ၊ အိမ်ကအဆင်မပြေ
မှုကိုလည်း အလုပ်ခွင်ကို သယ်မသွားပါနဲ့။

၃။ အလုပ်ခွင်ကို အချိန်မှန်သွားပြီး
ပြန်ရင်လည်း ပုံမှန်အချိန်ကို ပြန်ပါ
ပုံမှန်ထက် ပိုလုပ်ရတဲ့ သင့်အလုပ်ခွင်က စားပွဲက
သင့်ကျန်းမာရေးကို လာဂရုစိုက်မှာ မဟုတ်ပါ။

၄။ အလုပ်ခွင်မှာ အချစ်ဇာတ်လမ်း မထွင်ပါနဲ့
သင့်ကို အလုပ်မှာ ဒုက္ခရောက်စေမှာ မို့လို့ပါ။

၅။ ဘယ်သူ့ အကူအညီကိုမှ မမျှော်လင့်ပါနဲ့
အကယ်၍ တစ်ယောက်ယောက်က
သင့်ကို ကူညီရင် ကျေးဇူးတင်လိုက်ပါ၊
ဘယ်သူ့မှ မကူညီရင်လည်း ကိုယ့်ဘာသာကို
ရပ်တည်ဖို့ အင်အားရတာပေါ့။

၆။ ရာထူးအမြန်ရဖို့ မကြိုးစားပါနဲ့
အကယ်၍ သင်ရာထူးအမြန်တိုးသွားလျင်
ဂုဏ်ယူလိုက်ပါ. မတိုးရင်လည်း အရေးမကြီးပါ။
တစ်ချိန်ချိန်ကျရင် သင်အမှတ်ရစေမဲ့ အရာက
သင့်ရဲ့ ရာထူးမဟုတ်ပဲ.
သင့်ရဲ့ယဥ်ကျေးသိမ့်မွေ့မှု သင့်ရဲ့လုပ်ငန်းခွင်မှ
"ဗဟုသုတ"ပဲ ဖြစ်လို့ပါ။

၇။ လုပ်ငန်းခွင်က အလုပ်တွေကို
ပြီးပြတ်အောင်တော့ လုပ်။

၈။ သင့် "အတ္တ" "မာန " နဲ့ ပက်သက်တဲ့
စိတ်တွေကို ရှောင်ရှားပါ။

၉- လူတွေဟာ သင့်ကို ဘယ်လိုဆက်ဆံတယ်
ဆိုတာ အရေးမကြီးပါဘူး။
သင်ဟာ ယဥ်ကျေးစွာ ဆက်ဆံပါ။

၁၀။ နောက်ဆုံးမှာတော့ သင့်အတွက်
အရေးကြီးဆုံးက သင့်ရဲ့နွေးထွေးတဲ့အိမ်
သင့်ရဲ့မိသားစု အခင်ဆုံး မိတ်ဆွေများနှင့်
သင့်စိတ်ထဲ့မှာ ရှိတဲ့ "ငြိမ်းချမ်းမှု" ပါပဲ။


#မူရင်းရေးသားသူကိုလေးစားလျက်ပါ
#စာပေးအသိပညာ
#ပညာဒါန

19/03/2026