Daisy Family Official

Daisy Family Official

แชร์

ကလေးအတွက်တကယ်လိုအပ်ပြီတကယ်အသုံးဝင်တဲ့ပစ္စည်းတွေပဲကြော်ငြာပေးပါတယ်ကလေးနဲ့ပတ်သက်တဲ့အတွေ့ကြုံတွေမျှဝေပေးတဲ့သမီးလေးဒေစီမေမေပါရှင့်❤️👧

15/05/2026

နဂါးမောက်သီးကို ၆ လအထက် ကလေးတွေမှာ ဖြည့်စွက်စာစတင်ပြီးနောက် ကျွေးလို့ရပါတယ်ရှင့် 🍈
အရသာချိုချိုနူးနူးလေးဖြစ်လို့ ကလေးတွေစားလွယ်တတ်ပါတယ်

နဂါးမောက်သီးရဲ့အကျိုးတွေ👇

• အမျှင်ဓာတ် (Fiber) ပါဝင်လို့ ဝမ်းမှန်စေတယ်
• Vitamin C ပါလို့ ကိုယ်ခံအားကောင်းစေတယ်
• ရေဓာတ်များလို့ ကလေးကို hydration ကောင်းစေတယ်
• Antioxidant ပါဝင်လို့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုကူညီပေးတယ်
• အစာချေဖျက်ရလွယ်ပြီး ဗိုက်မလေးတတ်ဘူး
• Magnesium နဲ့ Iron အနည်းငယ်ပါလို့ အာဟာရဖြည့်ပေးနိုင်တယ်

ကျွေးတဲ့အခါ 👶
• အစေ့သေးသေးလေးတွေရှိပေမယ့် ပုံမှန်အားဖြင့်စားလို့ရပါတယ်
• ပထမဆုံးဆို နည်းနည်းပဲစကျွေးပြီး allergy ရှိမရှိကြည့်ပါ
• သကြား၊ ပျားရည်မထည့်ဘဲ သဘာဝအတိုင်းကျွေးတာကောင်းပါတယ်
• Puree လုပ်ပြီးဖြစ်ဖြစ် သေးသေးလေးတွေတုံးပြီးဖြစ်ဖြစ် ကျွေးလို့ရပါတယ်

📌ဝမ်းပျော့သွားနိုင်လို့ အများကြီးတစ်ခါတည်းမကျွေးတာပိုကောင်းပါတယ်ရှင့်
#ကလေးနှင့်မေမေ

#ကလေးဖြည့်စွက်စာ
#ကလေးများအတွက်

15/05/2026

နေ့လည်နဂါးမောက်သီးစားမယ်
#ကလေးနှင့်မေမေ
#ကလေးဖြည့်စွက်စာ
#ကလေးများအတွက်

15/05/2026

ကြက်သားရင်အုံကို ကလေးတွေအတွက် ဖြည့်စွက်စာမှာ ထည့်ကျွေးပေးရင် အကျိုးများပါတယ်

🐔 ကြက်သားရင်အုံရဲ့ အကျိုးတွေ
ပရိုတင်းကြွယ်ဝ လို့
ကလေးရဲ့ ကြွက်သား၊ အရိုးနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ကူညီပေးတယ်

အဆီနည်း လို့
အစာချေဖို့ ပိုလွယ်ပြီး ကလေးဗိုက်မလေးစေဘူး

Iron ပါဝင် လို့
သွေးအားကောင်းစေပြီး ဖွံ့ဖြိုးမှုအတွက်ကောင်းတယ်

Zinc နဲ့ Vitamin B ပါဝင် လို့
ကိုယ်ခံအားကောင်းစေပြီး စားချင်စိတ်ကိုလည်း အထောက်အကူပေးတယ်

နူးညံ့လွယ်တဲ့အသား ဖြစ်လို့
၆လအထက် ကလေးတွေကို ပြုတ်ပြီး ကြိတ်ကာ ထမင်းပျော့၊ အုပ်ဂျုံနဲ့ ရောကျွေးလို့ရတယ်

“ကလေးအတွက် အသားစားခြင်းက ဝိတ်တက်ဖို့
တင်မဟုတ်ဘဲ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့လည်အရေးကြီးပါတယ်💕
ည်း အရေးကြီးပါတယ်” 💕

15/05/2026

ဒီမေမေဖြည့်စွက်စာချက်ပြီဒီလိုသိမ်းပါတယ်


#ကလေးနှင့်မေမေ
#ကလေးဖြည့်စွက်စာ
#ကလေးများအတွက်

14/05/2026

ပန်ဂေါ်ဖီအစိမ်း (Broccoli) က ကလေးတွေရော လူကြီးတွေအတွက်ပါ အာဟာရအရမ်းကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ

🥦 ပန်ဂေါ်ဖီအစိမ်းရဲ့ အကျိုးကျေးဇူးများ

ကိုယ်ခံအားကောင်းစေတယ်
Vitamin C များလို့ အအေးမိလွယ်တာကို ကူညီပေးတယ်

အရိုးနဲ့ သွားကျန်းမာရေးကောင်းစေတယ်
Calcium နဲ့ Vitamin K ပါဝင်လို့ အရိုးတည်ဆောက်မှုကို အထောက်အကူပြုတယ်

မျက်စိအတွက်ကောင်းတယ်
မျက်စိအားကောင်းစေတဲ့ Vitamin A နဲ့ antioxidant တွေပါဝင်တယ်

ဝမ်းမှန်စေတယ်
အမျှင်ဓာတ် (Fiber) ပါဝင်လို့ ဝမ်းချုပ်တာကို သက်သာစေတယ်

ဦးနှောက်ဖွံ့ဖြိုးမှုကိုကူညီတယ်
ကလေးတွေဖွံ့ဖြိုးကြီးထွားတဲ့အချိန်မှာ အာဟာရဖြည့်ပေးနိုင်တယ်

အဆိပ်အတောက်တွေဖယ်ရှားပေးတယ်
Antioxidant များလို့ ခန္ဓာကိုယ်ကျန်းမာရေးကို ထိန်းပေးတယ်

👶 ကလေးတွေကို ဘယ်လိုကျွေးလို့ရလဲ?
၆လအထက်ကလေးတွေကို ပေါင်းပြီး ချေကျွေးလို့ရပါတယ်
Soup ၊ porridge ၊ puree ထဲထည့်ကျွေးလည်းရပါတယ်

“ပန်ဂေါ်ဖီအစိမ်းလေးက အစိမ်းရောင်သေးသေးလေးပေမယ့် ကလေးအတွက် အာဟာရကတော့ အများကြီးပါနော် 🥦💚”


#ကလေးနှင့်မေမေ
#ကလေးဖြည့်စွက်စာ
#ကလေးများအတွက်

14/05/2026

ဒေစီရဲ့မနက်စာ အုပ်ဂျုံနဲ့ငှက်ပျောသီး🍌🌾

#ဝမ်းမှန်စေတဲ့မီနူး
#ကလေးများအတွက်
#ကလေးဝမ်းချုပ်ရင်ကျွေးသင့်တဲ့မီနူး
#ကလေးဖြည့်စွက်စာ
#ကလေးနှင့်မေမေ

Photos from Daisy Family Official 's post 13/05/2026

မီးမီးဒေစီ အပြင်ခဏထွက်ရရင်ပျော်နေပါပြီ😍

#သမီးလေးဒေစီ

13/05/2026

ကြက်အသဲမီနူး 🥦🥕
#ကလေးဖြည့်စွက်စာ
#ကလေးများအတွက်

13/05/2026

ဒေစီကိုလိုက်ဖမ်းနေရလို့ Video အသစ်တွေမတင်ဖြစ်တာကြာပြီ🥴


#သမီးလေးဒေစီ
#ကလေးနှင့်မေမေ

13/05/2026

ကလေးအတွက် ကြက်အသဲရဲ့အကျိုးကျေးဇူးများ

1. သံဓာတ်အလွန်များ
ကလေးတွေမှာ သံဓာတ်လိုအပ်မှုများပါတယ်
သံဓာတ်က သွေးအားကောင်းစေပြီး မူးဝေခြင်း၊ မလှုပ်ရှားချင်တာတွေကာကွယ်ပေးတယ်

2. ဗီတာမင် A များ
မျက်စိအမြင်ကောင်းစေတယ်
ကိုယ်ခံအားကို မြှင့်တင်ပေးတယ်

3. ပရိုတင်းပြည့်ဝ
ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီး
အရိုးနဲ့ ကြွက်သားတွေကို ခိုင်မာစေတယ်

4. ဗီတာမင် B12 ပါဝင်ဒါကြောင့်
ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ကောင်းတယ်
အာရုံကြောစနစ်ကို ကူညီပေးတယ်

⚠️ ကျွေးတဲ့အခါ သတိထားရန်
• ၆လကျော်မှ စပြီးကျွေးနိုင်တယ်
• တစ်ပတ်ကို ၁–၂ ကြိမ်လောက်ပဲ လုံလောက်တယ် (ဗီတာမင် A များလို့ အများမကျွေးသင့်)ပါနော်


#ကလေးဖြည့်စွက်စာ
#ကလေးများအတွက်
#ကလေးနှင့်မေမေ

12/05/2026

မန်မန်စားမယ်😋
#ကလေးဖြည့်စွက်စာ
#ကလေးများအတွက်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


ราชเทวี
Bangkok
ราชเทวี