Ma Kay

Ma Kay

แชร์

AungZaBuu

14/06/2026

V5 Hair Salon မြောက်ဥက္ကလာဆိုင်

လုပ်ငန်းရှင်တစ်ယောက်လုပ်နေပြီး
ဒီကိစ္စ လုပ်သင့်လား မလုပ်သင့်လား
ဆုံးဖြတ်နိုင်စွမ်းမရှိတာလား
ကိုယ့်အလုပ်သမားတွေ
ဘာလုပ်နေလဲ မသိရအောင်
ညံ့ဖျင်းနေတာလား

လူတစ်ယောက်ကို တိရစ္ဆာန်နဲ့နှိုင်းတာကို
ခွင့်ပြုထားကတည်းက
စိတ်ဓာတ်ညံ့ဖျင်းမှန်းတော့ သိသာတယ်

လူတိုင်းအကြိုက်မတူဘူး လက်ခံတယ်
တရားဝင် page က
တိရစ္ဆာန်နဲ့နှိုင်းတာတော့
စော်ကားလွန်းတဲ့ထဲပါသွားပြီ

ဂျာကြီးအနေနဲ့ တရားဝင်စာလည်းထုတ်ထားတယ်
နှုတ်ကလည်း ထွက်ဆိုထားတာ
ရက်ပိုင်းလေးဘဲ ရှိသေးတာကြောင့်
ဒီအတိုငိးပြီးမသွားသင့်ပါ
ခုတရားစွဲဆိုမယ်ဆိုတဲ့အတိုင်း
အဆုံးထိလုပ်သင့်ပါတယ်
မဟုတ်ရင် ဂျာကြီးခေါင်းပေါ်
အကုန်တက်နင်းကြပါလိမ့်မယ်
သာဓက အနေနဲ့ လုပ်ကိုလုပ်ပြသင့်တာပါ
ခုတစ်ခေါက်မလုပ်ပြရင်
နောက်မှာ ဂျာကြီးစကားက
ဘာပြောပြော တည်မြဲမှာမဟုတ်တော့ပါဘူး

အကုသိုလ်များလိုက်ကြတဲ့ဟာတွေ
တရားလွန်လာပြီ

Crd The Art Of Tradition

#အောင်ဇမ္ဗူ

13/06/2026

အရေးအသားအင်မတန်ကောင်းပါသော

သူတစ်ပါး ပြည့်စုံမှုကို ကြည့်ပြီး နာကျင်ရတဲ့ စိတ်အခြေအနေ (အပိုင်း-၂)

မနာလိုဝန်တိုစိတ်ဟာ အတွင်းစိတ်မှာ အမြစ်တွယ်လာပြီဆိုရင် မိမိကိုယ်တိုင်သာမက ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်တဲ့ ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါတယ်။

ပထမဆုံးအနေနဲ့ မိမိရဲ့ စိတ်ငြိမ်းချမ်းမှုကို လုံးဝ ပျောက်ဆုံးစေပြီး အမြဲတမ်း ပူလောင်နေရတဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကို ခံစားရစေပါတယ်။
သူတစ်ပါးရဲ့ အောင်မြင်မှုကို ကြည့်ပြီး အလိုမကျဖြစ်နေတဲ့အတွက် ကိုယ့်ဘဝရဲ့ ပျော်ရွှင်စရာတွေကို မခံစားနိုင်တော့ဘဲ အိပ်ရေးပျက်ခြင်း၊ သွေးတိုးခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေအထိပါ ကူးစက်လာတတ်ပါတယ်။

ဒါ့အပြင် လူမှုဆက်ဆံရေးမှာလည်း အဆိပ်အတောက် ဖြစ်စေပါတယ်။ မနာလိုစိတ်ကြောင့် အခြားသူတွေကို အပြစ်ရှာလာမယ်၊ မကောင်းပြောလာမယ်ဆိုရင် ယုံကြည်မှုနဲ့ ချစ်ခင်မှုတွေ ပျက်စီးသွားပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဝေးကွာသွားနိုင်ပါတယ်။

အဆိုးရွားဆုံးကတော့ ကိုယ့်ရဲ့ တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်ရမယ့် အချိန်နဲ့ ခွန်အားတွေကို သူတစ်ပါးကို စောင့်ကြည့် အပြစ်တင်ဖို့အတွက်သာ အသုံးချမိနေတဲ့အတွက် မိမိရဲ့ ကိုယ်ပိုင်ဘဝနဲ့ ရည်မှန်းချက်တွေပါ နောက်ကျကျန်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒီလို ဆိုးကျိုးတွေပေးတဲ့ မနာလိုဝန်တိုစိတ်ကို ထိန်းချုပ်ကျော်လွှားနိုင်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ ကိုယ့်စိတ်ထဲမှာ ဒီခံစားချက် ဖြစ်ပေါ်နေတယ်ဆိုတာကို ရိုးသားစွာ အသိအမှတ်ပြု လက်ခံဖို့ လိုအပ်ပါတယ်။
ဒါဟာ လူတိုင်းဖြစ်တတ်တဲ့ သဘာဝဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမယ့်အစား၊ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ အရင်းအမြစ်ကို ရှာဖွေရပါမယ်။

ဒုတိယအချက်အနေနဲ့ သူတစ်ပါးနဲ့ နှိုင်းယှဉ်နေမယ့်အစား ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေအပေါ် ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူရပါမယ်။
ကိုယ့်ရဲ့ လက်ရှိဘဝနဲ့ ရရှိထားတဲ့ အောင်မြင်မှု အသေးအမွှားလေးတွေကို ပြန်လည်အာရုံစိုက်ခြင်းက စိတ်ကို တည်ငြိမ်စေပါတယ်။

အထူးသဖြင့် လူမှုကွန်ရက်စာမျက်နှာတွေမှာ သူတစ်ပါးရဲ့ ပြီးပြည့်စုံတဲ့ ပုံရိပ်တွေကို ကြည့်ပြီး နှိုင်းယှဉ်နေတာမျိုးကို တတ်နိုင်သမျှ လျှော့ချသင့်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ အမြင်ကို ပြောင်းလဲပစ်ဖို့ပဲ ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ အောင်မြင်မှုကို ကိုယ့်အတွက် ခြိမ်းခြောက်မှုတစ်ခုလို့ မမြင်ဘဲ၊ ကိုယ်တိုင်လည်း ဒီလိုဖြစ်လာနိုင်တယ်ဆိုတဲ့ ခွန်အား သို့မဟုတ် သင်ခန်းစာတစ်ခုအဖြစ် ပြောင်းလဲရှုမြင်ကြည့်ရပါမယ်။

သူတစ်ပါးကို မနာလိုဖြစ်ပြီး ခြေထိုးချချင်တဲ့ အဖျက်စိတ်ကနေ၊ သူတို့လိုဖြစ်အောင် ငါလည်း ကြိုးစားမယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့ အားကျစိတ်အဖြစ် ပြောင်းလဲပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်လည်စိန်ခေါ် ယှဉ်ပြိုင်ရပါမယ်။

ဒါ့အပြင် မနာလိုဝန်တိုစိတ်ရဲ့ တကယ့် အဆိပ်ဖြေဆေးဖြစ်တဲ့ မုဒိတာစိတ်ကိုပါ တွဲဖက်မွေးမြူရပါလိမ့်မယ်။ သူတစ်ပါး အောင်မြင်ပျော်ရွှင်နေတာကို မြင်တဲ့အခါ ကိုယ်တိုင်လည်း လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ပေးတတ်တဲ့ အလေ့အကျင့်က အတွင်းစိတ်ကို ချက်ချင်း အေးချမ်းသွားစေပါတယ်။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု မြှင့်တင်ပြီး ကိုယ်ပိုင်ရည်မှန်းချက်တွေကိုသာ အာရုံစိုက် ကြိုးစားမယ်ဆိုရင်၊ သူတစ်ပါးကို မနာလိုဝန်တိုဖြစ်နေတဲ့ အငုံ့စိတ်တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စိတ်ချမ်းသာမှုနဲ့ အောင်မြင်မှုတွေကို အမှန်တကယ် ပိုင်ဆိုင်လာနိုင်မှာ ဖြစ်ပါတယ်။

#လူငယ်တို့လက်ဆောင်

13/06/2026

#အငြိုးအတေး

07/06/2026

ကဲမင်းသားလေးရေအောင်မြင်မှုတွေရပါစေ

Photos from Ma Kay's post 06/06/2026

ဖြူဖြူကျော်သိန်းနဲ့ဒေါင်းနဲ့ပြသနာတတ်တော့
မှားမှားမှန်မှန် သေချာမသိကြလဲ

ဒေါင်းဘက်ကအမျိုးသမီးထုကြီးက
ပါကြတယ်မလား

ငါတို့လည်းအဲ့လိုပဲဟေ့
သူများအမြင်မှာ
မြင်းရုပ်ပေါက်နေလဲ
အသံမကောင်းဘူးပြောကြလဲ
ငါတို့လည်းအောင်ဇမ္ဗူမှအောင်ဇမ္ဗူပဲ
အဲ့လိုကြိုက်မိသွားတာကွယ်
ဘလိန်းခံရလို့ဝင်စပ်စုရင်းက
ခုဆိုသူမှသူဖြစ်သွားတာ

အာ့ကြောင့်ခုလောက်ဆို
ကိုယ်ချင်းစာကြရောပေါ့

တခါတလေမှာအမျိုးသမီးတွေက
အဲ့လိုလေးတွေရှိတတ်တယ်

ဒေါင်းလောက်ချောချင်မှချောမယ်
ဒေါင်းမှာရှိတဲ့အရည်အချင်းလည်း
ရှိချင်မှရှိလိမ့်မယ်
အရည်အချင်းလည်း
တူချင်မှတူလိမ့်မယ်

ဒါပေမယ့်လည်းကြိုက်မိသွားတယ်
ဒေါင်းလည်းကြိုက်တာပဲ
ဒါကြောင့်အောင်ဇမ္ဗူကို
ကြိုက်မိတာလည်း
အပြစ်မမြင်ကြပါနဲ့ကွယ်

ကိုယ်ချင်းစာပေးကြပါလို့
ကိုယ်ချစ်ရင်အပြစ်မမြင်ကြဘူးလေ
😁😁😁😁😁
မဆဲကြနဲ့နော်
ပြန်မဆဲဘူး

အဓိကကြိုက်မိတာ
မြန်မာဝတ်စုံလေးတွေကြောင့်ပေါ့

04/06/2026

Together With Aung 7a Bu Family
ရဲ့စုပေါင်းအလှူလေး
ဦးဆောင်လုပ်ပေးခွင့်ရလို့ပီတီဖြစ်ရပါတယ်

9 June 2026,
10 June 2026 ရက်နေ့များတွင်
ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံ၌
ကျင်းပမည့်
သဘင်ညီလာခံ နှင့်
သဘင်သက်ကြီးပူဇော်ပွဲ ရန်ပုံငွေ
သဘင်ပွဲတော်ကြီး အတွက်
Together with
Aung Zabu Family ၏ အလှူ 🙏

04/06/2026

ဒါကတော့ မကေတို့စိတ်တူကိုယ်တူ
ညီအစ်မတွေ ဇမ္ဗူလေးနဲ့အတူ ပါဝင်လှူဒါန်း
ဖြစ်တာလေးပါ

‘🌻Aung Za Buလာရင်သူ့မိသားစုနောက်ကပါတယ်’🌻
ဆိုတဲ့စကားလေးအတိုင်းပဲ

🌻Together With Aung 7a Bu Family🌻မှ
သဘင့်အစည်းအရုံးသက်ကြီးပူဇော်ပွဲအတွက်
17သိန်း ကျပ် ပါဝင်လှူဒါန်းခဲ့ပါတယ်

ညကပဲလှူမယ်ဆုံးဖြတ်ကြပြီး
မနက်ပိုင်းခဏလေးနဲ့တင်

🌻17သိန်း🌻လှူဒါန်းခွင့်ရလို့

ထပ်တူပျော်ရပါတယ်

လှူဒါန်းခွင့်ရအောင်
ကူညီလှူဒါန်းပေးတဲ့

Aung Za Bu - အောင်ဇမ္ဗူဇာတ်သဘင်မှ
မန်နေဂျာ Ko Kyaw Zay Yaကိုလည်း
အထူးကျေးဇူးတင်ပါတယ်

အတူလှူဒါန်းပေးကြတဲ့
စိတ်တူကိုယ်တူ ပြည်ပက
ညီမလေးများနဲ့အစ်မများရော
ပြည်တွင်းကချစ်ရတဲ့သူများရော
ကျေးဇူးအများကြီးတင်ပါတယ်

ဦးဆောင်လုပ်ပေးခွင့်ရလို့လည်း
အတိုင်းမသိပျော်ရပါတယ်

နောက်များလည်းအတူတစ်ကွ
လှူကြမယ်နော်🫶

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok