Ma Kay
AungZaBuu
13/08/2026
မကေဘာ့လို့ အောင်ဇမ္ဗူကို
ကြိုက်သွားတာလဲသိလား
အရင်ကပြည်ပရောက်ရင်
ပျော်ရမယ်လို့ထင်ခဲ့ဘူးတယ်
တကယ်တမ်းကြ
လက်တွေကဟုမနေခဲ့ဘူး
အဝေးရောက်လေ
မိသားစုတွေကိုသတိရလေပဲ
တကယ်တော့ပြည်ပဆိုတာ
အကျဉ်းထောင်တစ်ခုလိုပဲ
အိမ်ထဲနေ အိမ်ထဲစား
ပတ်ဝန်းကျင်ဆိုတာလည်းမရှိ
အသစ်အဆန်းလည်စရာတွေကြောင့်
ပျော်ရွှင်ရလည်းခဏပဲ
စိတ်ပင်ပန်းတဲ့အချိန်တိုင်း
အိမ်ကိုသတိရတဲ့အချိန်တွေတိုင်း
တို့မင်းသားလေးvideo တွေကြည့်မိရင်းကနေ
စိတ်ညစ်စရာတွေမေ့သွားခဲ့တာ
ကိုယ့်ကိုကိုယ်တောင်သတိမထားမိပဲ
ရယ်နေမိခဲ့တာ
စိတ်အပန်းဖြေစရာတစ်ခုဖြစ်မှန်းမသိ
ဖြစ်လာခဲ့ရတာ
စိတ်ထွက်ပေါက်တစ်ခုဖြစ်လာခဲ့ရတာ
ဒါတွေကြောင့်ပဲ
ချစ်လို့ကြည့်တာမဟုပဲ
ကြည့်ရင်းကနေချစ်လာခဲ့ရတာ
ခုလည်း စိတ်မပျော်ရွှင်ပေမယ့်
ကြည့်မိတဲ့ခဏ စိတ်ညစ်စရာတွေ
မေ့သွားခဲ့ရပြန်တယ်
ဒါကြောင့်ပဲ ကိုယ်ကြိုက်မိတဲ့ပထမဆုံး
မင်းသားဟာ အောင်ဇမ္ဗူ
ဖြစ်လာခဲ့ရတယ်
🩵Ma Kay🩵
04/08/2026
တို့မင်းသားလေးရေ……….
သဘင်ရာသီဖွင့်ပွဲအစ ပွဲဦးထွက်လေးကို
မကေကိုယ်တိုင် ရင်ထဲကလာတဲ့
မေတ္တာတွေနဲ့ ဒီကဗျာလေးရေးစပ်ပြီး
တို့မင်းသားလေးကို ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ်
⭐️အောင်ဇမ္ဗူ ဇာတ်သဘင်⭐️
ထူးမြတ်လှသည့် ဒီနေ့ရက်တွင်
အောင်ကြောင်းဝေဖြာ အောငိပင်လယ်မှာ
အောင်ပါစေကြောင်း အောင်ဆုတောင်းရင်း
အောင်ပန်းဝေစည် ⭐️ရွှေမန်းပြည်မှ⭐️
အစပြုသည်………
🌎မြန်ပြည်တစ်ခွင် ထွန်းလင်းပါလို့🌎
⭐️အောင်ဇမ္ဗူဇာတ်သဘင်⭐️
အောင်ပါစေသား အောင်စေသား
🩵Ma Kay🩵
Aung Za Bu - အောင်ဇမ္ဗူ
မှတ်ချက် -ကိုယ်ရေးချင်သလိုရေးတာမလို့
ဝါရင့်တတ်သိပုဂ္ဂိုလ်များအနေနှင့်
အမှားပါရင်ခွင့်လွတ်ပေးပါနော်
01/08/2026
#တို့မင်းသားလေးအတွက်
#ဂုဏ်ဆာပြီးရေးတဲ့စာ
ဒီစာလေးကို တို့မင်းသားလေးကို
ချစ်တဲ့သူတွေအတွက်ပါ
မချစ်တဲ့သူတွေကတော့
ကျော်သွားပေးပါနော်
ဘယ်မင်းသားမင်းသမီးမှ
မရခဲ့ဖူးတဲ့မေတ္တာမျိုးတွေကို
ပထမဆုံးရဖူးတဲ့ ဇာတ်မင်းသားလေး
တခါလေးမှမကြားဖူးတာတွေ
ကြားခဲ့ရအောင်
ချစ်ခံရတဲ့ မင်းသားလေး
ကြားဖူးကြလား
သဘင်ရာသီပထမဆုံးပွဲဦးထွက်
မန်းလေး အောင်ပင်လယ်ကွင်းမှာ
ဖျာလက်မှတ်ဖြတ်ဖို့
ညအိပ် ရွက်ဖျင်တဲတွေထိုး
စောင့်ကြသတဲ့
မကြုံစဖူးအကြုံထူး
ချစ်ပေးကြတဲ့မိသားစုများ
ဘယ်လောက်တန်ဖိုးထားလိုက်ကြသလဲ
ဒုက္ခခံပြီး လက်မှတ်ဖြတ်ဖို့
၃ရက်လောက်အလိုကတည်းက
တန်းစီနေတဲ့ပရိတ်သတ်မိသားစုတွေကို
ခုလိုဒုက္ခခံတန်းစီလက်မှတ်ဖြတ်ကြလို့
တို့မင်းသားလေးမိသားစုဝင်တွေကပဲ
တစ်ဖန် လက်ဖက်သုပ် ရေနွေးကြမ်း
ပါရာစီတမေ့ာကအစ
အလှူလုပ်ကြပြန်သတဲ့
တွဲဖက်ညီလိုက်တဲ့မိသားစု
သူ့မိသားစုဘာလုပ်လုပ်
အမြဲသိနေတဲ့ တို့မင်းသားလေးကလည်း
ဖျော်ဖြေပွဲနဲ့ဧည့်ခံပြန်သတဲ
လိုက်လည်းလိုက်တဲ့ တို့မင်းသားလေးနဲ့မိသားစုတွေ
ပြည်ပကမိသားစုတွေကတော့
အဝေးကနေကြည့်ပြီးတပြုံးပြုံးပေါ့
မန်းလေးကပရိတ်သတ်တွေလည်းချစ်ဖို့ကောင်းသလို
အောင်ဇမ္ဗူ ဘယ်သွားသွား လိုက်မှာလား
မဟုပဲ…….
အောင်ဇမ္ဗူဘယ်သွားသွား လိုက်မှာပဲဆိုတဲ့
တစ်နိုင်လုံးကတို့မင်းသားလေးကိုချစ်တဲ့
မိသားစုအကုန် ချစ်ဖို့ကောင်းကြတာပါ
မိုးတွေရွာတော့လည်းမိသားစုတွေကပါ
ဝိုင်းလုပ်အားပေးကြပြီး
လူကိုအထိခိုက်ခံဖို့မပြောနဲ့
ပို့စတာ လဲသွားတာတောင်
ညတွင်းချင်းဝိုင်းထူပြီး
နည်းနည်းလေးတောင်အထိအခိုက်မခံနိုင်
ချစ်ပေးကြတာတော့
ဘယ်မှာမှမရဘူးတဲ့ တို့မင်းသားလေးရဲ့
အချစ်ခံရခြင်းပဲ
စိတ်ထဲမြင်တာလေးတွေနဲ့နည်းနည်းတော့
ဂုဏ်ဆာလိုက်ပါရစေ
ပင်တိုင်မိတ်ကပ်ဆရာနဲ့
ဘယ်ချိန်ကြည့်ကြည့်
Makeup’s look ကperfect
ဆရာစည်သူထွဋ်နဲ့
Vivian Aungအရမ်းတော်သောလက်ရာတွေ
ဘာပွဲထွက်လာထွက်လာ
တကယ်ကိုမိမိုက်နေသော
Makeup’s နဲ့ အမြဲတောက်ပနေသော
တို့မင်းသားလေး
အဝတ်အစားဆိုလည်း
Fashion Kings လိုတင်စားရလောက်အောင်
ဘာလေးဝတ်ဝတ်ကြည့်ကောင်းနေသောလေး
ပင်တိုင်Designerတွေနဲ့အတူ
Fashion တွေကအမြဲမိမိုက်နေတာက
အောင်ဇမ္ဗူပဲ
ဆုချတဲ့မိသားစုတွေကအစ
တကယ့်ကို fashion အမြင်ရှိပြီး
ဘာလေးဆုချဆုချ တို့မင်းသားလေးနဲ့
လိုက်ဖက်နေတာကတော့ မေတ္တာတွေပေါ့
တောင်ရှည်လား ပဏာမလား
မြန်မာသံလား စတိတ်ရှိုးလားကြိုက်တာလာ
ခုချိန်ထိမထပ်သောDesign တွေနဲ့
ပွဲတစ်ပွဲရှိပြီဆို
ခုညဘာလေးဝတ်ပြီးထွက်မလာလဲဆိုပြီး
မိသားစုပရိတ်သတ်တွေက
အမြဲရင်ခုန်စောင့်ကြည့်ခံနေရအောင်
တကယ်ကို ဝတ်တတ်စားတတ် fashion kingလေး
ဘာပဲဆုချခံရခံရမကြွားဝါတတ်သလို
ဘာလေးပဲပိုင်ဆိုင်ထားပိုင်ဆိုင်ထား
သိုသိုသိပ်သိပ်နေတတ်တဲ့မင်းသားလေး
ဆုချခံရတာကို မကြွားတတ်တဲ့မင်းသားလေးရယ်
ဆုချပြီး မကြွားတတ်ဂုတ်မဆာတတ်ပဲ
အေးအေးဆေးဆေးနေတတ်တဲ့
မိသားစုပရိတ်သတ်ကြီးရယ်
လိုက်လည်းလိုက်ကြပါပေတယ်
ဘာပဲလှူလှူ လူမသိအောင်
သိုသိုသိပ်သိပ်လှူတတ်တဲ့
တို့မင်းသားလေးနောက်ကို
တို့မင်းသားလေးလုပ်သမျှ
အကုန် ကျားချောင်း ချောင်းနေတဲ့
မိသားစုကြီးက
ထပ်ဆောင်းလှူလို့အမြဲ
ထမင်းရည်ချောင်းစီး
မောင်းတီးနေသလိုဖြစ်သွားရတာလည်း
အောင်ဇမ္ဗူပါပဲ
ဘာပွဲဖြစ်ဖြစ်ထွက်လာလိုက်ရင်
တောကျမနေ တောဂေါ်လီပုံမထွက်
မိတ်ကပ်ထူလပြစ်နဲ့ ဖြစ်မနေနဲ့
အမြဲမိမိုက်နေတာက
တို့မင်းသားလေးအောင်ဇမ္ဗူရဲ့အားသာချက်
ကျန်တာမပြောနဲ့အုံး
လမ်းလျောက်တာကအစ
ကြည့်လိုက်ရင်ထည်ဝါနေတာမျိူး
အမြဲ active ဖြစ်ပြီး
တတ်ကြွတဲ့ခြေလှမ်းတွေနဲ့
အောင်ဇမ္ဗူက အောင်ဇမ္ဗူပါပဲ
ပြောပြရင်ရေးလို့ကုန်မယ်မထင်ဘူး
အာလုံးကိုခြုံငုံကြည့်လိုက်ရင်
ဒါတွေအကုန်လုံးက
ချစ်ခြင်းမေတ္တာတွေပါပဲ
မတောင်းပဲတို့မင်းသားလေးရတဲ့မေတ္တာ
မပေးပဲတို့မင်းသားလေးမိသားစုယူတဲ့ဒုက္ခတွေနဲ့
ကလေးကအစအဖွားတွေထိချစ်ပေးကြတာ
ခံရတဲ့ တို့မင်းသားလေး
တကယ်ပါ အောင်ဇမ္ဗူက အောင်ဇမ္ဗူပါပဲ
#အောင်ဇမ္ဗူ
#အောင်ဇမ္ဗူဇာတ်သဘင်
🩵Ma Kay🩵
23/07/2026
‘လျောက်နေတဲ့ လမ်းခရီးမှာ ခလုတ်မတိုက်ချင်ဘူးတဲ့’
အဲ့စကားလေးကြားတော့
ဘာကိုသတိရသွားလဲဆိုရင်
ခုကြုံတွေ့နေရတဲ့လူ့လောကကြီးမှာ
လူတွေက ကိုယ့်လမ်းခရီးမှာ
ကိုယ်အောင်မြင်ဖို့ ကိုယ်တိုးတတ်ဖို့
ကိုယ်အသာစီးရဖို့ဆိုရင်
ခလုတ်တိုက်ရုံတင်မတင်ဘူး
ခြေထိုးခံကြတယ်
နင်းတတ်သွားကြတယ်
ကျော်ခွသွားကြတယ်
ဇာတ်သဘင်လောကမှမဟုပါဘူး
စီးပွါးရေးနယ်ပယ်
အနုပညာနယ်ပယ်
လူမှုရေးနယ်ပယ်တွေမှာလည်း
အလားတူပါပဲ
ကိုယ်အောင်မြင်ဖို့ ချနင်းခံသွားကြရတဲ့
ဘဝတွေအများကြီးရှိကြပါတယ်
ခုအချိန်က တို့မင်းသားလေးပြောသလိုပဲ
ဇာတ်သဘင်အတွက်အကောင်းဆုံးအချိန်ပါ
အတိုးတတ်ဆုံးနဲ့ အလှပဆုံးအချိန်ပါ
အချိန်အတော်ကြာတိမ်မြုပ်နေတဲ့လောကကို
တတ်သစ်စ မင်းသားလေးတွေရဲ့
ကြိုးစားမှုတွေနဲ့တဖန်ပြန်လည် နိုးထလာခဲ့ကြတယ်
ပြန်လည်တိုးတတ်လာတာနဲ့အမျှ
ပြန်လည်နိုးထလာတာနဲ့အမျှ
တစ်ဖက်မှာလည်း ပြသနာပေါင်းစုံနဲ့
တစ်နေ့မပြတ် ရှုပ်ထွေးနေကြတယ်
ငါစွဲ တွေ အတ္တတွေ မာန်မာနတွေ
အလိုရမ္မက်တွေနဲ့အတူ
ပြန်လည်အသက်ဝင်နေတဲ့ဇာတ်သဘင်လောက က
အကျဉ်းတန်လာသလိုခံစားနေရတယ်
ဘယ်အဖွဲ့အစည်း ဘယ်လောကဖြစ်ဖြစ်
တစ်ဦးတစ်ယောက်ထဲကောင်းနေရုံနဲ့မရပါဘူး
ခေါင်းဆောင်ကောင်းတွေရှိဖို့လိုအပ်သလို
နောက်လိုက်ကောင်းတွေလည်းရှိဖို့လိုအပ်တယ်
ခေါင်းဆောင်ဆိုတဲ့နေရာမှာလည်း
ခေါင်းဆောင်ဟာခေါင်းဆောင်စိတ်ဓာတ်ရှိရမယ်
ကျောသားရင်သားမခွဲခြားရဘူး
ဆရာဟာဆရာစိတ်ဓာတ်ရှိရမယ်
မှားနေရင်ပြင်ပေးရမယ် မှန်နေရင်
မြေတောင်မြှောက်ပေးရမယ်
ငါနဲ့levelတူလာရင်ငါ့ရန်သူလို့မသတ်မှတ်ပဲ
အောင်မြင်မှုအပေါ်မုဒိတာပွါးနိုင်ရမယ်
အဲ့လိုပဲ တစ်ဖက်မှာလည်း
တပည့်ဟာတပည့်စိတ်ဓာတ်
နောက်လိုက်ဟာနောက်လိုက်ကောင်းစိတ်ဓာတ်ရှိရပါမယ်
ခေါင်းဆောင်အပေါ်လေးစားရမယ်
လမ်းညွှန်ချက်တွေကိုလိုက်နာရမယ်
တိုင်ပင်ရမယ် ဒါမှလည်းအဖွဲ့အစည်းတစ်ခုဟာ
တိုးတတ်ပါမယ်
ဝါးလုံးပြေနေတဲ့ ထင်းစီးတစ်စီးကို
တစ်ယောက်ထဲကပဲစုစည်းနေရင်အချိန်ကြန့်ကြာ
တာပဲရှိမှာ ပါ ညီညွှတ်မှသာရင် လိုရာခရီးကိုရောက်ပါမယ်
ဇာတ်သဘင်ဆိုတာမှာလည်း
ဒီလိုပါပဲ
အောင်ဇမ္ဗူ ဇာတ်သဘင်ရယ်လို့
အောင်မြင်လာတာဟာ
ခေါင်းဆောင်ကောင်းဖြစ်တဲ့
တို့မင်းသားလေး အောင်ဇမ္ဗူကြောင့်လည်း
ဟုသလို နောက်လိုက်ကောင်းဖြစ်တဲ့
အဖွဲ့သားတွေကြောင့်လည်းဟုပါတယ်
အောင်ဇမ္ဗူတစ်ယောက်ထဲကောင်းနေလို့လည်း
မရသလို လူရွှင်တော်တွေပဲကောင်းနေလို့လည်းမရပါဘူး
ဒီဇာတ်မှာ ငါရှိမှ ငါ့ကြောင့် ဆိုတဲ့
အစွဲတွေမရှိခဲ့လို့သာလျင်
ခုချိန်ထိအောင်မြင်နေကြတာပါ
ငါ့ကြောင့် ငါရှိလို့ ဆိုတဲ့ အစွဲတွေ
ရှိလာခဲ့ရင်လည်း အဲ့အောင်မြင်မှုက
ကျရှုံးပြီး အဲ့အဖွဲ့ဆိုတာလည်း ကွဲထွက်သွားကြမှာပါ
ခုလိုချိန်မှာ အသိ သတိက အရမ်းအရေးကြီးပါတယ်
အောင်မြင်လာတာနဲ့အမျှ
ကိုယ်အမှုအရာ နှုတ်အမှုအရာတွေလည်း
ထိန်းသိမ်းတတ်လာရပါမယ်
အများသူဌာရှေ့စကားတွေပြောကြတဲ့အခါ
ချစ်ဖွယ်သောစကားကိုသာဆိုကြရပါမယ်
အနုပညာရှင်ဆိုတာ ရှေ့ဆောင်လမ်းပြဆိုလည်း
ဟုပါတယ် ဇာတ်သမားပြန်ရင်
မှတ်သားစရာကျန်ရတယ်ဆိုတဲ့အတိုင်း
နှုတ်ထွက်စကားတိုင်းဟာ
ပြောချင်သလိုအထိန်းအကွပ်မရှိပြောလို့မရတော့ပါဘူး
အဲ့လိုဖြစ်လာတာဟာတကယ်အောင်မြင်လာတာပါ
မချစ်သော်လည်းအောင့်ကာနမ်း
ဆိုတဲ့အတိုင်း စိတ်ထဲကမပါလည်း
ပရိတ်သတ်ရှေ့ရောက်ရင်ပြုံးပြနေရတာကမှ
တကယ့်အနုပညာရှင်အစစ်ပါ
ချစ်အောင်ပြောတာလည်းဒီပါးစပ်
မုန်းအောင်ပြောတာလည်းဒီပါးစပ်ပါ
ပရိတ်သတ်ကိုဘယ်လိုချုပ်မလဲဆိုတာက
အနုပညာရှင်တွေရဲ့ လိမ္မာပါးနပ်မှုပါ
စွာတာလေးကိုတောင် ချစ်ပေးကြတာလည်း
ပရိတ်သတ်တွေပါပဲ
ဒါပေမယ့် ချစ်ဖို့ကောင်းအောင်စွာတာလေးကနေ
ရိုင်းတဲ့စွာပုံလေးမဖြစ်အောင်တော့
တို့မောင်ငယ်လေးတွေလည်းသတိထားရပါမယ်
အောင်မြင်လာတာနဲ့အမျှတိုက်ခိုက်တာဘလိန်းတာတွေလည်းကြုံလာရမှာကအနုပညာရှင်တွေရဲ့ထုံးစံပါပဲ
တိုက်ခိုက်မှုတွေဘလိန်းမှုတွေ ခလုတ်တွေကို
မတိုက်မိအောင် ရှောင်ထွက်လာနိုင်အောင်
လုပ်ရမှာကလည်းအနုပညာရှင်တွေရဲ့
တပ်အပ်တဲ့ပညာတစ်ခုပါ
လိုရာဆွဲခေါ်တဲ့ အင်တာဗျူးတွေကြုံလာခဲ့ရင်လည်း
မေးခွန်းတစ်ခုဟာချောင်ပိတ်မေးတာမျိုး
ကြုံလာခဲ့ရင် အကောင်းဆုံးအဖြေက
ပြုံးပြီးတော့နှုတ်ပိတ်နေခြင်းပါပဲ
လှည့်လှယ်ပြီး လိုရာဆွဲခေါ်သော
မေးခွန်းများကိုလည်း
အလိမ်မာနဲ့ရှောင်ထွက်တတ်အောင်
သတိကြီးစွာနဲ့ဖြေကြပါမောင်ငယ်လေးတို့
အရေးအကြီးဆုံးအချက်ကတော့
သည်းခံခြင်းပါပဲ
သည်းခံခြင်းသည်အောင်နိုင်ရာ၏
ဆိုသလိုပဲ သည်းခံကြည့်လိုက်ပါ
အဲ့နောက်မှာ အောင်မြင်မှုတွေ
တိုးတတ်မှုတွေ လိုက်လာပါလိမ့်မယ်
အနုပညာရှင်ဆိုတာ ချစ်အောင်နေတတ်ရပါတယ်
ချစ်ဖွယ်သောစကားကိုဆိုရပါတယ်
ကိုယ့်ပရိတ်သတ်ကိုချုပ်ဖို့အတွက်
ပညာစုံလည်းသုံးတတ်ရပါမယ်
စွာတာလေးလည်းချစ်ပေးကြတာ
ပရိတ်သတ်ကြီးပါ
ဒါပေမယ့်ချစ်ဖို့ကောင်းအောင်
စွာပုံလေးကနေ ရိုင်းလာတဲ့စွာပုံလေးမဖြစ်အောင်လည်း
တို့မောင်ငယ်လေးတွေကသတိကြီးစွာထားရပါမယ်
ခုနားနေတဲ့ရာသီမှာ တို့မောင်ငယ်လေးတွေ
စွာတတ်လာကြပါတယ်
ချစ်ဖို့ကောင်းအောင်စွာကြရင်ပရိတ်သတ်ကြီးကလည်း
ကျေနပ်နေကြမှာပါ
အောင်မြင်လာရင်ဘလိန်းခံရမှာလည်း
အနုပညာရှင်တွေရဲ့ထုံးစံတစ်ခုပါပဲ
တိုက်ခိုက်မှုတွေဘလိန်းခံရမှုတွေ
တွေ့လာရင်လည်း မသိကျိုးကျွန်ပြုပြီး
ရှောင်ထွက်နိုင်တာကလည်း
အနုပညာသမားတွေရဲ့တပ်အပ်တဲ့ပညာ
တစ်ခုပါပဲ ပြန်လည်တုံ့ပြန်မယ့်အစား
သည်းခံခြင်းဖြင့် မချစ်တဲ့သူတွေရဲ့အမုန်းကို
မခံယူပဲ ချစ်တဲ့သူတွေရဲ့ ချစ်ခြင်းကိုသာခံယူပါ
ခုဆိုရင်သဘင်ရာသီးတစ်နှစ်ပြီးလို့
နောက်တစ်နှစ်စပါတော့မယ်
အရင်လို ချစ်ချစ်ခင်ခင်ပျော်ပျော်ရွင်ရွှင်
မြင်ကွင်းတွေကိုမြင်ရဖို့ဆိုရင်
အနုပညာကိုအနုပညာလိုအားပေးရပါမယ်
သူ့ဖန် ငါ့ဖန် ဆိုတာထက်
ငါ့မင်းသား ငါ့လူရွှင်တော် ငါ့မင်းသမီးဆိုတာတွေလည်း
ပရိတ်တွေမှာ မခွဲခြားဖို့လိုပါတယ်
စင်ပေါ်မှာတင်ဆက်သမျှအနုပညာလို့မြင်မှသာ
ဒီအဖွဲ့လေးရဲ့ စစ်မှန်တဲ့အနုပညာတွေကိုကြည့်ခွင့်ရမှာပါ
ချစ်တာကချစ်လို့ရပါတယ်
Idolလည်းထားလို့ရပါတယ်
ချစ်ပဲချစ်ချစ် idolပဲထားထား
အောင်ဇမ္ဗူ ဇာတ်သဘင်အောက်ကနေ
ခွဲထွက်မနေဖို့လိုပါတယ်
မင်းသားကလည်းသူ့လူသူ့အဖွဲ့သားတွေကို
လက်လှမ်းမှီသလိုဆွဲခေါ်နေတာမလို့
အဖွဲ့သားတွေကလည်း ခေါ်တဲ့လမ်းအတိုင်း
ဘေးချော်မထွက်ပဲ လိုက်လာမှသာလျင်
ဒီထက်မကအဆပေါင်းများစွာတိုးတတ်မှာပါ
သေချာတာကတော့ တစ်ဦးတစ်ယောက်ထဲ
ကောင်းနေလို့အောင်မြင်နေတာမဟုပဲ
Teamwork ကောင်းလို့အောင်မြင်နေတာမလို့
ခုအောင်မြင်မှုကို
ဆက်ထိမ်းသိန်းဖို့ဆိုရင်
တစ်ဦးတစ်ယောက်ချင်းဆီတိုင်းမှာလည်း
တာဝန်ရှိတယ်ဆိုတာကို
မေတ္တာရှေ့ထား စေတနာနဲ့ ရေးလိုက်ပါရစေ
#အောင်ဇမ္ဗူဇာတ်သဘင်
ဒီထက်မကတ်ုးတတ်အောင်မြင်ကြပါစေ
🩵MaKay🩵
23/07/2026
တစ်သက်နဲ့တစ်ကိုယ်
အမေခိုင်းရင်တောင်မလုပ်တဲ့ကျွန်မက
တို့မင်းသားနဲ့တွေ့မှ သူများခိုင်းတာလုပ်တတ်နေပြီ
ငယ်ငယ်ကဆို ကိုယ်ကအဝတ်လျှော်ဖို့လုပ်နေတာကို
မေမေက ဟဲ့ နင်အဝတ်တွေလျှော်အုံးမလျှော်သေးဘူးလား
ဘာညာလာပြောပြီဆို လျှော်ဖို့လုပ်နေတဲ့
အဝတ်တောင်းကို ဘက်ခနဲပစ်ချပြီး
မလျှော်လေတော့ဘူး
အဲ့လ်ုအကျင့်ကမကောင်းဘူး🤣
ခုလည်း မီးဆိုတာမလောင်ခင် တားရတယ်တဲ့
ဖြစ်လာနိုင်တဲ့ ပွဲတွေကိုကြိုမြင်နေလို့
သတိလေးပေးပါရစေ😩
အနုပညာသမားတွေဆိုတာ
အောင်မြင်လာတာနဲ့အမျှ
သူတို့နောက်ကလိုက်လာတာ
စီးပွါးရေးလုပ်ငန်းရှင်တွေပါ
မင်းသား တစ်လက် မင်းသမီး တစ်လက်ရဲ့
အောင်မြင်မှု့နောက်မှာ brand ပိုင်ရှင်တွေ
ကပ်ပါလာတတ်ကြတယ်
အဲ့တော့အနုပညာနဲ့ စီးပွါးရေးက
တစ်နည်းအားဖြင့် ဆက်နွယ်နေတယ်လို့
ပြောလို့ရပါတယ်
ဥပမာ ထာဝရ ဝိန့်စိန့်ကြေငြာဆိုရင်လည်း
ဟိုးအရင်ကနာမည်ကြီး
မင်းသားတွေဖြစ်တဲ့ နေတိုး မြင့်မြတ်
ဟိန်းဝေယံတို့လည်း ခေါ်ရိုက်ဖူးသလို
သူတို့နောက်မှာ တတ်လာကြတဲ့
တိုင်ရွှန် တို့ ပိုင်တံခွန် တို့ အစရှိတဲ့မင်းသား
တွေလည်းခေါ်ရိုက်ကြတယ်ပေါ့နော်
ခုဆိုရင်လည်း တရှိိန်ထိုးအောင်မြင်ပြီး
နေရာတစ်ခုရောက်လာတဲ့
တို့မင်းသားလေးနဲ့ လည်း လက်တွဲပြီး
ရန်ကုန်ရော မန်းလေးမှာပါ
တခမ်းတနားရိုက်ခဲ့တယ်ပေါ့နော်
စီးပွါးရေးသမားကတော့
စီးပွါးရေးမျက်စိနဲ့ကြည့်ပြီး
သူတို့လုပ်ငန်းအောင်မြင်ဖို့ မင်းသားအစုံနဲ့
ကြေငြာမှာပဲ ပွဲထွက်မှာပဲ
နောက်မင်းသားတွေနဲ့ခေါ်ရိုက်လို့
ရှေ့မင်းသားတွေစိတ်ဆိုးတယ်လို့
အနုပညာနယ်ပယ်မှာ မကြားခဲ့ဖူးဘူး
အဲ့တာကို professional ဆန်တယ်လို့ခေါ်ကြတယ်
အောင်မြင်လာတဲ့ မင်းသားတစ်လက်နောက်မှာ
အဲ့မင်းသားရဲ့ ဖန်တွေပါလာကြတယ်
မင်းသားရဲ့ကြိုးစားမှုက ဖန်တွေဂုဏ်ယူရသလို
ဖန်တွေရဲ့စည်းကမ်းရှိမှုကလည်း
မင်းသားကိုပိုဂုဏ်တတ်ပြီးပိုအောင်မြင်စေတယ်
ဒါကြောင့်ပဲ တို့မင်းသားလေးနောက်မှာ
Brandပိုင်ရှင်တွေ လက်တွဲလာလိုက်ကြတာ
ကြေငြာတွေတိုးသထက်တိုးလာကြတယ်ပေါ့နော်
ပြောချင်တာကခုမှစမှာပါ
စီးပွါးရေးနဲ့အနုပညာသမားကခွဲမရတာမလို့
ဒီနေ့ဒီလူနဲ့တွေ့ပြီးကြေငြာရိုက်နေပေမယ့်
နောက်နေ့ နောက်လူနဲ့ကြေငြာရိုက်နေမှာပါ
တို့မင်းသားနဲ့ရိုက်ဖူးတဲ့ကြေငြာတွေကလည်း
တခြားမင်းသားတွေခေါ်ရိုက်နိုင်သလို
တခြားမင်းသားနဲ့ရိုက်ထားတဲ့ကြေငြာတွေကလည်း
တို့မင်းသားလက်ခံရင်လက်တွဲတာတွေရှိလာနိုင်ပါတယ်
အနုပညာနယ်ပယ်လုပ်ငန်းခွင်မှာ
Professional ဆန်တဲ့ မင်းသားတစ်လက်ဖြစ်ဖို့ဆိုရင်
အဲ့မင်းသားကိုအားပေးနေတဲ့ ပရိတ်သတ်တွေကလည်း
Professionals ဆန်ဖို့လိုအပ်ပါတယ်
အဲ့လိုနေတတ်မှတို့မင်းသားလေးကပိုအောင်မြင်မှာပါ
ဒီမင်းသားကိုချစ်တယ်ဆိုရင်
ဒီမင်းသားအတွက်အကောင်းဆုံးကို
လုပ်ပေးကြပါပြုမှုနေထိုင်ကြပါ
မဆိုင်တာတွေကိုမဆိုင်သလိုလျစ်လျူရှု့ကြပါ
ကြားထဲကသူတွေကတော့
ရန်တိုက်စကားတွေတင်ကြမှာပဲ
အဲ့လိုလုပ်မှသူတို့ဒေါ်လာစားရတာမလို့လေ
အဲ့လိုတွေတင်လာခဲ့ရင်လည်း ဘာမှမချေပပဲ
မတုန့်ပြန်ပဲ အောင်ဇမ္ဗူမိသားစုက
ဘယ်လောက် professional ဆန်ကြောင်းပြသတတ်ပါစေ
မသိနားမလည်သေးသော ညီမလေးများကို
ရည်ရွယ်ပြီး သတိပေးခြင်းသာဖြစ်ပါတယ်
ဘာပဲတွေ့တွေ့ ဘာပဲမြင်မြင်
မဆိုင်သလိုနေကြမယ်နော်
ကိုယ့်အပြုအမှု ကိုယ့်လုပ်ရပ်ကြောင့်
ကိုယ့်မင်းသားလေးသိက္ခာမကျအောင်ထိန်းသိမ်းကြမယ်
အရိပ်ပြရင်အကောင်မြင်ကြမယ်လို့ထင်ပါတယ်
အားလုံးပဲ အပူရှိရာမနေကြပဲ
ပျော်ရွှင်မှုရှိရာရပ်ဝန်းမှာပဲနေထိုင်ကြပါနော်
ကိုယ့်လူကိုမြှင့်တင်ဖို့တစ်ဘက်လူကိုဆွဲချတဲ့ထဲ
အောင်ဇမ္ဗူမိသားစုတွေမပါအောင်နေကြမယ်နော်
#အောင်ဇမ္ဗူဇာတ်သဘင်
🩵Makay🩵
23/07/2026
တို့မင်းသားလေး၏ အမှာစကား
ကောက်နုတ်ချက်…….
ကြောက်ပါတယ်တဲ့…..
အရိပ်မြင်ရင်တောင်
သူမှန်းသိနေလို့ သူဘာမှမလုပ်ရဲပါဘူးတဲ့
ကြောက်ပါတယ်တဲ့
အဲ့စကား အဓိပ္ပါယ်ကတော့
သူ့မိသားစုတွေအကြောင်း
သူသိနေလို့ သူမဟုတ်တာဘာမှ
မလုပ်ဘူးဆိုတာကို
ပြောပြပေးသွားတာပါ
အားလုံးရဲ့သံသယတွေ
ရှင်းသွားကြမယ်ထင်ပါတယ်
မိသားစုတွေအတွက်သူ့ရင်ထဲက
မေတ္တာစကား
သူ့ကိုအားပေးတဲ့သူတွေကို
ဖန်လိုလည်းမသတ်မှတ်သလို
ပရိတ်သတ်လို့လည်းမသတ်မှတ်ပါဘူးတဲ့
မိသားစုလို့ပဲသူသဘောထားတာပါတဲ့
မိသားစုလိုနွေးနွေးထွေးထွေးရှိစေချင်လို့ပါတဲ့
ချော့ရအောင်စိတ်ကောက်နေကြတာမှမဟုတာတဲ့
ကဲဘယ်လိုဖြစ်ဖြစ် တစ်ဖက်သတ်ကောက်နေတဲ့
မမကောက်စိန်တို့က အရည်ပျော်ကုန်ကြပြီ
နောက်တစ်ခုက
မိသားစုတွေ လွမ်းနေကြတာကို
သူသိပါတယ်တဲ့
သူလည်း ထပ်တူလွမ်းနေပါတယ်တဲ့
မကြာခင်အလွမ်းပြေကြတော့မှာပါတဲ့
သဘင်ရာသီပြန်စတော့မယ်ဆိုတဲ့အကြောင်းလေး
ထည့်ပြောပေးသွားတာ
နောက်တစ်ခုက ပရိတ်သတ်တွေ
ကျန်းမာရေးဂရုစိုက်ပါ
သတိထားပါတဲ့
သူလည်းဂရုစိုက်နေတယ်
သတိထားနေပါတယ်တဲ့
🩵သူအဓိကမှာချင်တာကတော့
မိသားစုတွေအရာရာသတိနဲ့နေပေးကြပါတဲ့🩵
တစ်လေးတစ်နက်ပြောသွားသော
စကားလေးပါ အဓိပ္ပါယ်တွေအများကြီးရှိပါတယ်
အဲ့စကားကတော့မကေအမြင်ပြောရရင်
မဆိုင်တဲ့ပွဲတွေမှာဝင်မပါဖို့ပါပဲ
ဘယ်သူဘာတင်တင်
ဥပစ်ခါပြုထားပါ
ဆရာတပည့်ပြသနာလည်း
တစ်ဖက်ဘာတင်တင်
မဆိုင်သလိုနေပေးကြပါ
သူတို့လိုချင်တဲ့အကွက်ထဲ
မိသားစုတွေမဝင်မိပါစေနဲ့
ခလောက်ဆန်ဖို့အတွက်တမင်ဖန်တီးနေတာပါ
ဘာမှမတုန့်ပြန်ပဲနေပေးကြပါ
အကြီးအကဲပြသနာတွေမှာလည်း
တို့မင်းသားလေးနဲ့ဘာမှကိုမဆိုင်တာပါ
ဘယ်သူကပဲ ဆွဲထည့်ပါစေ
မမြင်ချင်ယောင်သာဆောင်လိုက်ကြပါ
ဘာပိုစ့်မှလည်းမတင်ပါနဲ့
ဘာထင်မြင်ချင်မှလည်းမပေးပါနဲ့
အကြီးအကဲတွေပွဲမလို့
သူတို့လူကြီးချင်းရှင်းကြပါလိမ့်မယ်
ကိုယ်ပွဲ ကိုယ့်ပြသနာမဟုပါ
ဘာထင်မြင်ချက်မှလည်းမရေးသားကြပါနဲ့နော်
တို့မင်းသားကိုပလီလေးကလည်း ခုဆို
Update တွေပေးပြီး ပလီနေသလို
ဆရာသမားတွေကလည်း
ပိုစ့်တွေတင်ပေးနေပြီမလို့
ပျော်စရာရပ်ဝန်းမှာပဲနေကြမယ်နော်
ပူလောင်မှုတွေမရှာပဲ
အေးချမ်းအောင်နေကြမယ်
ဒါကတော့ညီမလေးတစ်ယောက်က
တင်ပေးပါတောင်းဆိုထားလို့
မကေတင်ပေးရခြင်းဖြစ်ပါတယ်
အားလုံးပဲနားလည်ကြပါစေနော်
23/07/2026
ကဲ ပြောပေးရကျိုးနပ်ချက်
ပြသနာပိုစ့်တွေအောက်
ရောက်နေတဲ့သူတွေအကုန်လုံး
Hello ဆိုတဲ့ ပိုစ့်အောက်အကုန်ရောက်
အဖြေကအဲ့တာပဲ
ကိုယ့်ပရိတ်သတ်ကို
ဘယ်လိုထိန်းရမလဲသိပြီလား
Aung Za Bu
ဘာမှမလိုဘူး ပလီတတ်ဖို့ပဲလိုတယ်
ခုဆိုသူတို့မအားကြတော့ဘူး
Shareကြ copyကြ down ကြ
Edit ကြ groupတွေထဲတင်ကြနဲ့
ဘယ်ပြသနာမှသူတို့ခေါင်းထဲမရှိကြတော့ဘူး🤣
အလုပ်ပေးတတ်ဖို့လိုတယ်
တို့မင်းသားလေးရေ
တနေ့တစ်ခါလောက်သာအဲ့လိုတင်
သူတို့အလုပ်တွေရှုပ်နေကြရော🤣
တခြားအာရုံမရောက်ကြတော့ဘူး
မယုံမရှိနဲ့🤣
နောက်ပြီး ကျွန်မလည်း သက်သာတယ်
မဟုရင် messenger မှာ
စာတွေပို့ကြ ရင်ဖွင့်ကြတာ
အလုပ်ကောင်းကောင်းမလုပ်ရဘူးလို့😁
ခုဆို ငြိမ်နေရော🤣🤣
ကမ္ဘာကြီးတစ်ခုလုံး
အေးချမ်းသွားသလိုပဲ🤣
23/07/2026
“ #နားလည်သူကသည်းခံပါတဲ့
#ပိုချစ်သူကအလျော့ပေးပါတဲ့”
ငါ့လည်း messenger မှာ
လာရင်ဖွင့်ကြတဲ့စာတွေဖတ်ရတာ
သနားလည်းသနား
စာတွေတင်ချင်ပေမယ့်
ကိုယ့်အကောင့်ထဲက တချို့လည်း
ကြောက်ရသေး
တချို့ကြလည်းကိုယ်လေးစားရတဲ့သူတွေမလို့
မျက်စိနောက်မှာလည်းစိုး
ငါ့ဘဝကြီးကလည်း ပျော်စရာကြီး
ဒါကြောင့်fbမှာ သိပ်မတင်ပဲနေခဲ့တာ
Tiktokမှာပဲတင်ပေးနေခဲ့တာ
ခုတော့နည်းနည်းလေးရေးအုံးမယ်နော်
👇👇👇👇👇👇👇👇👇
Update မပေးတတ်တာကတော့
ဟိုးအရင်ကတည်းဆိုတာ
အားလုံးသိထားကြတာပဲ
သူsocial မသုံးတော့တာကလည်း
သူ့နေရာကို ကိုယ်ချင်းစာတတ်အောင်
မကေပြောပြမယ်
မကေလို ဘာမှမဟုတဲ့သူတောင်
မကေvideo တွေကို
ခေါင်းစဉ်အမျိုးမျိုးတပ်ခံရပီး
ဒေါ်လာစားတွေတင်ကြတာပြန်သိရတော့
ကိုယ်တောင်အဲ့တစ်နေ့က
မစားနိုင်မသောက်နိုင်စိတ်ထိခိုက်သွားရသေးတယ်
နောက်မှာဒီသဘောတရားကိုနားလည်အောင်
လက်ခံလိုက်မှသာနေသာထိုင်သာရှိသွားတာ
မိသားစုတွေကလာပြောသူငယ်ချင်းတွေကလာပြောနဲ့
စိတ်တအားရှုပ်ခဲ့ရသေးတာလေ
တို့မင်းသားလေးလို့နိုင်ငံကျော်
အနေအထားရောက်သွားတဲ့
သူနေရာကို အဲ့အချိန်မှာ
မကေတော်တော်နားလည်သွားတယ်
ကိုယ်ချင်းစာမိသွားခဲ့တယ်
ငါတောင်ဒီလောက်စိတ်ရှုပ်ရရင်
သူနေရာသာဆို ဘာမှတောင်လုပ်နိုင်မယ်မထင်ဘူး
စဉ်းစားကြည့်ကွာ
ဒေါ်လာစားတွေရဲ့စောင့်ကြည့်ခံရမှု
နိုငိငံရေးနဲ့ထိုးနှက်မယ့်သူတွေ
တစ်ဖက်အပြိုင်မင်းသားတွေရဲ့
ဖန်တွေရဲ့စောင့်ကြည့်ခံရမှုတွေ
အမျိုးမျိုးသောဖိအားတွေကြားထဲ
အားပေးတဲ့ဖန်တွေနဲ့ပါ
ထပ်ပြီးနားလည်မှုလွဲရတော့လည်း
သူ့နေရာသာဆိုခဏတော့
ပြိုလဲသွားမှာပဲ
အဲ့လိုအခက်အခက်အတိုက်အခိုက်တွေကြောင့်ပဲ
သူsocial မသုံးခဲ့တာလေ
အဲ့တာကိုသိသိကြီးနဲ့ပဲ
အရင်ကတည်းကချစ်ခဲ့အားပေးခဲ့ကြတာမလား
အရင်ကတည်းကပြောစရာရှိရင်
ဘာပြသနာဖြစ်ခဲ့ဖြစ်ခဲ့
သူ့fb စာမျက်နှာတွေမှာ သူဘာများတင်ခဲ့ဖူးလို့လဲ
သူပြောစရာရှိရင် သူ့မိသားစုရှေ့မှာပဲ
သူမျက်နှာစုံညီပြောတတ်တဲ့သူလေနော်
ခုလည်းတချို့ပွဲတွေကသူ့ပွဲမှမဟုသေးတာ
သူများပွဲတွေလေနော်
သူတောင်းပန်စရာတွေရှိခဲ့တုန်းကလည်း
သူပိုင်တဲ့သူ့ဇာတ်ခုံစင်မြင့်ထက်ကနေပဲ
သူအမြဲတောင်းပန်ခဲ့တာပဲ
ခုကနေတာတွေက သူပိုင်တဲ့
သူ့ဇာတ်ခုံမဟုသေးဘူးလေနော်
အာ့ကြောင့် ‘🩷နားလည်သူက သည်းခံပါတဲ့’🩷
ဒီအချိန်ဒီနေရာထိရောက်ဖို့
မင်းသားလည်းကြိုးစားခဲ့ရသလို
ဖန်တွေလည်း အဆဲခံ အပေးစားခံ
အတိုက်ခိုက်ခံပြီး အတူတူ
ကျော်ဖြတ်ခဲ့ကြတာလေနော်
ဘာမဟုတာလေးနဲ့ သူများတွေအားရအောင်
အပျက်စီးခံကြမလို့လား
အဲ့လိုဆို ဖန်တွေရဲ့ ချစ်ခြင်းက
အတ္တကင်းပါ့မလား
ခုချိန်မှာ အချိန်ခဏပေးရမယ်လေနော်
စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေသူကို
သူ့ကိုချစ်ပါတယ် ဆိုတဲ့ လူတွေကပဲ
ထပ်ပြီးစိတ်ပင်ပန်းအောင်မလုပ်ရဘူးလေနော်
လာမယ့်ပွဲရာသီအစမှာ
အရင်လို ပျော်ပျော်ရွှင်ရွှင်နဲ့
သူ့ပုံရိပ်အစစ်အမှန်လေးကို
ပြန်မြင်ချင်ရင်
သူ့အတွက်အချိန်ခဏပေးကြပါလို့
မကေကပဲကြားထဲကပြောပါရစေ
“နားလည်သူက သည်းခံလိုက်ပါ
ပိုချစ်သူက ပိုအလျော့ပေးလိုက်ပါ”
မျက်စိတွေနောက်နေလောက်ပြီမလို့
ဒီလောက်ပဲရေးပါရစေ
18/07/2026
Aung Za Bu🩵
အောင်ဇမ္ဗူကိုမကြိုက်တော့ဘူးလားတဲ့?
Messenger မှာလာပို့နေတဲ့
စာတွေတစ်ပုံကြီးကို
စာတွေမပြန်နိုင်တော့လို့
ကဲစာလေးနည်းနည်းရေးပါမယ်
မင်းသားကိုကြိုက်ပါတယ်
ခုလည်းအားပေးနေသလို
နောက်လည်းအားပေးမှာပါ
ချစ်လည်းချစ်မြဲပါပဲ
ခုပြသနာနဲ့ပတ်သတ်ပြီး
ပြောစေချငိနေတဲ့သူများလည်း
မကေကိုနားလည်ပေးကြပါ
ဟုပါတယ် tiktokအကောင့်က
ခဏဖျက်ထားတာပါ
အဲ့တော့ စျေးရောင်းတဲ့video တင်တဲ့
အကောင့်ဆီအကုန်လိုက်လာကြလို့
ဒီကနေပဲ ပြောပြပါမယ်
ခုပြသနာက မလိုလားအပ်ပဲ
တအားကြီးလာနေတာပါ
မကေပြောသလိုပဲ အားပေးနေတဲ့
ဖန်တွေလည်းအကုန်မမှန်သလို
ခုကိစ္စမှာ မင်းသားလေးလည်း
အလုံးစုံမှန်မမနေပါဘူး
ခုမှ မင်းသားထတင်မှ မင်းသားပိုစ့်အောက်
ယုံပြီးသားပါအစကတည်းက
တို့မင်းသားပဲယုံပါတယ်လို့
ရေးနေကြတဲ့ မင်းသားနားနေပြီး
မင်းသားbigဖန်လို့ခံယူထားတဲ့
သူတွေကပဲ ထင်ယောင်ထင်မှားပိုစ့်တွေ
တင်ခဲ့လို့ ခုပြသနာကမလိုလားအပ်ပဲ
ကြီးထွားလာခဲ့တာ
မတင်ခဲ့ဘူးမပြောကြပါနဲ့Ssတွေရှိကြပါတယ်
ခုလည်းပါးစပ်ကသာယုံပါတယ်ပြောနေကြတာ
သူတို့စိတ်ထဲသံသယတွေအပြည့်ပါ
မကေတို့ကကြ မင်းသားရည်းစား
ထားခြင်းမထားခြင်းကပြသနာမဟုဘူး
ပြသနာက သူပါးစပ်ကထုတ်မပြောတာ
မိသားစုတွေသူ့ကိုယုံ လို့
တစ်ခွန်ပြောရင်ပြီးသွားမယ့်ပြသနာ
နောက်ဆုံးရည်းစားရှိနေရင်တောင်
ကျွန်တော်single ပါလို့ပြောရင်လည်း
သူ့စကားတစ်ခွန်းကို အကုန်ယုံပေးကြမယ့်သူ
ဒီပွဲမှာ မင်းသားလေး သူ့မိသားစုကို
ထိန်းပုံထိန်းနည်းလိုအပ်ချက်တွေကြောင့်
ခုလိုဖြစ်လာရတာပါ
Social ကသုံးတိုင်းမကောင်းသလို
လုံးလုံးမသုံးရင်လည်းမကောင်းပါဘူး
အဓိကပြသနာနဲ့ မင်းသားနဲ့သူ့မိသားစု
Connection ပြတ်နေကြရာကစတာပါ
အချိန်ပြည့်ဖုန်းနဲ့မျက်နှာမခွါတဲ့ မင်းသားက
သူ့မိသားစုနဲ့တစ်နေရာလေးကမှ
မဆက်သွယ်ခဲ့ဘူး
နောက်ဆုံး morning လို့ တစ်လုံးတင်ပေးရင်တောင်
သူ့မိသားစုက သူ့အောက်ကမန့်မှာတင်
ပျော်မွေ့နေကြပြီ
ဒီလောက်ချစ်တဲ့မိသားစုကို
မင်းသားလေးလည်း
ပစ်ထားတာတွေများလွန်းခဲ့တယ်
သူကိုယ်တိုင်မပေးတဲ့
Update ကြောင့် update ပေးတဲ့
လူတွေနောက်အကုန်လိုက်ရင်း
မလိုလားအပ်တဲ့အရာတွေမြင်လာ ကြားလာကြရာက
စခဲ့တာတွေပဲ ခုကိစ္စက အကုန်လုံးမှာအပြစ်ရှိတယ်
ရည်းစားထားတဲ့ကိစ္စက
အနုပညာကိုအားပေးpersonalတွေမပါနဲ့
ဆိုတဲ့နေရာတွေမှာလည်း
မကေကိုယ်တိုင်လည်း အဲ့ခံယူချက်နဲ့ပြောပြခဲ့ဖူးပေမယ့်
အနောက်နိုင်ငံတွေနဲ့ခေတ်မှီလာတဲ့ယနေ့ခေတ်ကြီးမှာ
မင်းသား ရယ် relationship ရယ် fandom ရယ်က
လုံးလုံးမဆိုင်ဘူးလို့လည်း ပြောမရပြန်ပါဘူး
K pop diary ကို သွားလေ့လာကြည့်ကြပါ
အအောင်မြင်ဆုံးအချိန်ဖြစ်နေတာရယ်
ခုမှအောင်မြင်တဲ့နှစ်နည်းနေသေးတာတွေရယ်ကြောင့်သာ
နှမျောလို့ သတိထားစောင့်ကြည့်ရာက
အချစ်တွေလွန်ပြီး ရည်ရွယ်ချက်တွေ
မှားကုန်တဲ့ပြသနာတစ်ခုပါ
အလုပ်ဖိအား ခံနိုင်ရည်ထက်ပိုတဲ့အလုပ်တွေကို
အနုပညာလောဘတစ်ခုနဲ့ လုပ်နေတဲ့မင်းသားလေးကလည်း
အလုပ်ဖိအား တိုက်ခိုက်မှုဖိအား
ဖန်တွေရဲ့ စိုးမိုးမှုတွေကြောင့်
သူ့မှာလည်းစိတ်ပင်ပန်း လူပင်ပန်းဖြစ်ခဲ့ရတာလည်း
အမှန်ပါပဲ တချို့သောဖန်လေးတွေလည်း
တကယ်အားပေးနည်းမှားတာတွေရှိပါတယ်
ဒီနေရာမှာအားပေးပုံမှားတယ်ဆိုတာနဲ့တော့
ဖန်တု ဖန်စစ်ပြောဖို့ထိတော့
မလိုအပ်ပါဘူး
အားပေးပုံတွေမှားကြတယ်ဆိုရင်တောင်
သူတို့တူတာတစ်ခုရှိပါတယ်
အဲ့တာက မင်းသားကို
တစ်အားချစ်ပြီး အားပေးကြတာပါ
အာ့ကြောင့် ခုချိန်မှာ အောင်ဇမ္ဗူမိသားစုလေး
အရင်အတိုင်းရှိနေစေချင်သေးရင်
အားလုံး ခဏလောက်တော့ငြိမ်ပေးလိုက်ကြပါ
မင်းသားကိုစိတ်ဆိုးတာတွေလည်း
မတင်ပါနဲ့တော့
ဖန်တု ဖန်စစ် ရန်ဖြစ်နေတဲ့ အစ်မတွေလည်း
တော်ကြပါတော့
မယုံရင်အားမပေးနဲ့ ဖန်သန့်တယ်
ပြောနေတဲ့သူတွေလည်း
အတင်းချထားတဲ့Ssတွေ မပြန့်ချင်ရင်
တော်လိုက်ကြပါတော့
ကိုယ်တိုင်လည်းရင်ထဲသံသယအပြည့်နဲ့
ယုံပါတယ်ဇွတ်ပြောနေကြတဲ့သူတွေလည်း
ပင်ပန်းနေမှာစိုးလို့တော်ကြပါတော့
ခုချိန်မှာ ခဏလောက်ငြိမ်ပေးတာက
အောင်ဇမ္ဗူနဲ့ သူ့မိသားစုအတွက်
အကောင်းဆုံးသော အရာဖြစ်မှာပါ
ဘယ်လောက်စိတ်ဆိုးစိတ်ဆိုး
မိသားစုတွေက တာဝန်ကြေပါတယ်
၂၅ရက်နေ့ လက်မှတ်တွေကုန်ပါပြီ
ခုသဘင်ရာသီပွဲစရင်
မိသားစုအားလုံးလိုချင်နေတဲ့အဖြေကို
မင်းသားလေးပေးမယ်လို့ယုံကြည်ပါတယ်
မင်းသားလေးလည်း ကိုယ့်ကိုကိုယ်
ဘာတွေလိုအပ်နေလဲဆိုတာ
ပြင်ဆင်ပြီး မိသားစုနဲ့ connection မိစေချင်ပါတယ်
တို့မင်းသား fbမှာ တတ်ပြီး တစ်နေ့တစ်ခါပဲ
ပလီလိုက်ပါ ခုပြသနာတွေက
မီးထဲရေလောင်းသလို အကုန်ငြိမ်ကြသွားမှာပါ
ဒီမိသားစုက မင်းသားအတွက်
ပထမပါလို့ပြောခဲ့ဖူးရင်
ဒီမိသားစုတွေရဲ့ ရင်ထဲလည်း မြင်အောင်ကြည့်နိုင်ပါစေ
အားလုံးလည်း ဘယ်လောက်စိတ်ဆိုးဆိုး
တို့မင်းသားလေးကိုချစ်မြဲချစ်ဆဲပါပဲ
ခဏတာစိတ်မကောင်းဖြစ်နေကြတာပါ
အာ့ကြောင့် အများအမြင်မှာလည်း
မျက်စိတွေတအားနောက်နေကြရပါပြီ
ခဏလောက် ငြိမ်ပြီး မင်းသားကိုပဲ
Focusပြန်ထားကြရအောင်ပါ
ဒီမိသားစုလေး အရင်အတိုင်းရှိဖို့
မင်းသားက စလို့ တစ်ဦးချင်းဆီတိုင်းက
အလိုက်သိတတ်ဖို့လိုပါတယ်
ချစ်ခြင်းများစွာဖြင့်
အမြင်မတူရင်လည်း
ဒီကနေပဲ မကေပြောတာ
အမှားပါရင်နားလည်ပေးကြပါ
🩵Ma Kay🩵
#အောင်ဇမ္ဗူ
#အောင်ဇမ္ဗူဇာတ်သဘင်
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
แจ้งเตือน
รับทราบข่าวสารและโปรโมชั่นของ Ma Kayผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา
