Beauty by La pyae
ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Beauty by La pyae, สุขภาพ/ความงาม, แม่สอด, Mae Sot
29/08/2022
A mazing 2022 hair color designs
27/08/2022
ညိုချောလေးတွေ ချောပြီးဆိုရင်
ဘယ်သူမှ လိုက်မမှီတော့ဘူး 🌷🌷❤️❤️
26/08/2022
နေ့လည်ဘက် တစ်ရေးတမော အိပ်ရင်
ဝိတ်တက်လား?
တစ်ရေး အိပ်လို့ရပါတယ် ဘာမှ မဖြစ်ပါ...
တမော အိပ်ရင်တော့ ပြဿနာပါ🥵
ညဘက် အိပ်ချိန်ကို ထိခိုက်ပါလိမ့်မယ်။
ဒါကြောင့် နေ့လည်ဘက် အစားအစားနဲ့
၁နာရီ ကျော်လောက် ခွာပြီး 15မိနစ်မှ 30 မိနစ်ခန့်
တစ်ရေး အိပ်လို့ရပါတယ်။
ဝိတ်တက်တာမတက်တာက
တနေ့တာ စားတဲ့ calories စုစုပေါင်းနဲ့ တစ်ရက်တာ အသုံးပြုတဲ့ Calories အပေါ်မှာပဲ မူတည်ပါတယ်။
အဆုံးထိ ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးပါ ၊
အကျိုးရှိလိမ့်မယ် လို့လဲ မျှော်လင့်ပါတယ်။
မူရင်း Credit
26/08/2022
ဆံပင်ကိုချထားတာနဲ့ စုစည်းထားတာကလွဲရင် ဘာမှမလုပ်တတ်ဘူဆိုရင် ဒီလိုလေးလုပ်ကြည့်ပါနော် 🌹🌹🌹
26/08/2022
ကိုယ့်ကိုကိုယ်ပုံတုံးနေလို့ အရမ်းရိုးနေလို့ ဘယ်လိုပြောင်းလဲရမလဲဆိုပြီးစတွေးမိနေပြီဆိုရင်ကိုယ့်ရဲ့ hairstyleကစပြီးဆန်းစစ်ကြည့်ပါနော်
ဆံပင်ပုံစံဟာ ဒုတိယမျက်နှာပါတဲ့
Before afterပုံလေးပါ
mask သုံးရင် သတိထားရမယ် အချက်လေး🌹🌹
16/08/2022
ဗောက်ထသူအတွက် အထူးအကြံပြုချက်
(၁) တပတ်ကို ၂-၃ကြိမ်ခန့်သာ ခေါင်းလျှော်ပါ။ နေ့စဉ်မလျှော်ပါနဲ့။ ခေါင်းလျှော်နေစဉ် ဦးရေပြားကို အတင်းကုပ်ခြစ်ကိုင်တွယ်တာမျိုး မလုပ်သင့်ဘူး။
(၂) ခေါင်းလျှော်ပြီးတဲ့အခါ hair gel တွေ၊ spray တွေ တတ်နိုင်သမျှ မသုံးပါနဲ့။ ခေါင်းကထွက်တဲ့ အဆီနဲ့ပေါင်းပြီး ဗောက်ကို ပိုဆိုးစေနိုင်တယ်။ အလားတူ ဆိုးဆေးနဲ့ ဆံပင်သန်ဆေး အသုံးပြုတဲ့အခါ သတိပြုရမယ်။
(၃) နေ့စဉ်ခေါင်းဖီးတာကောင်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဦးရေပြားက ထွက်လာတဲ့ ဆဲလ်သေတွေ ဖယ်ရှားပစ်ဖို့ပါ။
(၄) စိတ်ဖိစီးမှုကလည်း ဗောက်ပိုထစေတယ်။ နေ့စဉ် အိပ်ရေးဝအောင်အိပ်ပါ။
(၅) ဗောက်ထသူတွေဟာ နေရောင်နဲ့ မကြာခဏ ထိတွေ့ ပေးတာ အကျိုးရှိတယ်။ ခရမ်းလွန်ရောင်ခြည်မှာပါတဲ့ UVA အမျိုးအစားက ဗောက်ကိုသက်သာစေတယ်။
(၆) အပြင်ထွက်တ်ုင်း ဦးထုပ်အမြဲဆောင်းတာ မကောင်းဘူး။ ထွက်တဲ့ခေါင်းချွေးက အစိုဓာတ်ဖြစ်ပြီး မှိုပိုးပေါက်ဖွားမှုကို အားပေးလို့ဖြစ်တယ်။
ဒေါက်တာ အေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)
Crd
10/08/2022
Skincare လိမ်းနည်း 👇👇👇
———————————————-
(မနက်ပိုင်းအတွက်)
_________
(၁) Cleanser
(၂) Toner/Mist
(၃) Serum
(၄) Moisturizer (Lotion or emulsion )
(၅) Cream (နွေရာသီမှာရှောင်ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup
(ညပိုင်း အတွက်)
_______
(၁) Makeup remover (oil, water base or gel)
(၂) Cleanser
(၃) Booster (ပုံမှန်အားဖြင့် toner သုံးပြီးမှသာ လိမ်းရတယ်)
(၄) Toner/Mist
(၅) Ampoule
(၆) Serum (essence ထက်ပိုပျစ်ရင်နောက်မှသုံးပါ)
(၇) Essence
(၈) Sheet mask or gel mask (အေးတဲ့ရာသီမှာနေ့စဉ်သုံးပါ)
(၉) Moisturizer(Lotion or Emulsion)
(၁၀) Night pack or sleeping mask
မှတ်ချက် - (Skincareများကို အသက်(၁၆)နှစ်ကျော်မှသာ စတင်သုံးစွဲသင့်သည်...။)
Skincare ဥပဒေသအရ
#မနက်ပိုင်းကို
Prevention stage လို့ ခေါ်တယ်။
နေလောင်တာ၊ အသားအရေပျက်ဆီးတာကာကွယ်ဖို့ဖြစ်တယ်။
#ညပိုင်းကို
Repairing stage ခေါ်ပါမယ်။
အရေပြားကို ပြန်လည်ပြုပြင်ဖို့ဖြစ်တယ်။
ဒါ့ကြောင့် ညပိုင်းက step ပိုများသွားတာပါ...
တစ်ကြိမ်မှာ Skincareအဆင့်၂လိမ်းပြီး သုံးရတဲ့ brandတွေ စုံသွားတော့ Skincareတစ်မျိုးနဲ့တစ်မျိုး ပေါင်းသွားပြီး မတည့်တာမျိုးတွေမဖြစ်နိုင်ဘူးလားလို့မေးတတ်သူတွေအတွက်တော့
Skincare တစ်ခုနဲ့တစ်ခုကြား ၅ မိနစ်ခြားဆိုတဲ့ ဥပဒေသ အမှန်ရှိတယ်။ တချို့က မသိကြတာ။ တချို့က မလိုက်နာနိုင်တာ။ တကယ်တော့ ရောစရာအကြောင်း မရှိဘူး။ အာနိသင်ချင်းမှ မတူတာမို့ပါလို့ ပြောရပါမယ်။
hydrator = moisturizer (sensitive )မှာ hydrator ကို သုံးတယ်။
finisher ဆိုတာ ရှေ့က သုံးထားတဲ့ skin care နဲ့ နောက်မှာဆက်သုံးမယ့် cosmetic ကြားမှာ အလွှာပါးတခု အနေနဲ့ ခြားပေးတဲ့ ပစ္စည်းပါ။
sunblock ပြီးမှ primer >foundation> concealer အဆင့်ဆင့်သုံးလို့ ရပါတယ်။
10/08/2022
အသားအရေထိန်းသိမ်းတဲ့သူနဲ့မထိန်းသိမ်းတဲ့သူ💢
မိတ်ကပ်လိမ်းတဲ့အခါကွာသွားတယ််🙈
ပထမ ပုံနဲ့ဒုတိယပုံလေး ကွားခြားချက်လေးနော်
အသားအရေကောင်းအောင်Skin Careပါ🌞🌞
#အလှအပနှင့်ကျန်းမာရေး
10/08/2022
ခန္ဓာကိုယ်ကိုပိုပီးသွယ်သယောင်
ရှိစေမဲ့ Poseပေးနည်းများ📸
10/08/2022
အသားဖြူမှလှတယ်လို့ခံယူထားရင် ဒီပုံလေးတွေကို
ကြည့်လိုက်ပါနော်🖤✅😍
အသားမည်းလို့/သူများတကာလိုမဖြူရကောင်းလားဆိုပီးကိုယ့်ကိုယ်ကိုအားငယ်နေစရာမလိုဘူးနော်❤
လူတိုင်းမှာအကြည်ဓာတ်ဆိုတာရှိပါတယ်💕
ကိုယ့်ကိုယ်ကိုချစ်ပါ🖤
Skin Careပါ 🖤
အိပ်ရေးဝဝအိပ်ပါ🖤
စိတ်ချမ်းသာအောင်နေပါ🖤
#ညိုချောလေးတွေအတွက်moti
06/08/2022
Maskကပ်တဲ့အခါ...
ကိုယ်တိုင်သတိမထားမိဘဲလုပ်မိတတ်တဲ့ အမှား🔍
#အလှအပနှင့်ကျန်းမာရေး
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ
หมวดหมู่
เว็บไซต์
ที่อยู่
แม่สอด
Mae Sot
63110
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Beauty by La pyae โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ
