Sandy : Move & Glow
🇲🇲 →🇯🇵 →🇺🇸
နိုင်ငံတကာအသိမှတ်ပြု RYT 300လိုင်စင်ရယောဂနည်းပြပါ👸🏻
ကျန်းမာရေးအလှပ နဲ့ အကများကို
ဝေမျှပါရစေ
Move your body. 💃🏽Love yourself. 🥰
🌹Arabic belly dance رقص شرقي လေ့ကျင့်တာလေး တဖြတ်
ဒီအက bollywood India အကမဟုတ်ပါဘူးနော်.. Arabic ☪️ culture ပဲဖြစ်ပါတယ်
ခုကနေတဲ့ အမျိုးစားက Drumsolo လို့ခေါ်ပါတယ်.. Darbuka (ဗုံ) စည်းချက်အလိုက် ကွက်တိအမြန် က ရတာပဲ ဖြစ်ပါတယ်
Beginner Belly dance အွန်လိုင်း Zoom အတန်းစိတ်ဝင်စားသူများ ဆက်သွယ်ပါ
ကောမင့်တွင် အချိန် သေးစိတ်ရေးထားမည်
06/12/2026
Belly dance အကသင်တန်းတွေ လုပ်တာတော့ ဟုတ်ပါရဲ့
အာရှနိူင်ငံတွေရဲ့ ညဘက်အချိန်တွေနဲ့ညှိလုပ်တဲ့ အတန်းတွေကများတော့
ဒီမှာက မနက် 7တို့ 8 တို့ပေါ့
ဆိုတော့ မနက်မိုးလင်းတာနဲ့ က နေရသလိုဖြစ်နေကော..
ဒီက လည်း က မိရင် အတောက မသတ်နိုင်ဘူး,, 😁
တချိန်လုံး သီချင်းဖွင့်ပြီးတောက်လျောက် hype up ဖြစ်ပြီး ဖင်လူပ် လက်လူပ်နဲ့ တနေကုန် က တာ
မောလည်း မမောဘူး ..
အိမ်က ယောကျာ်းက နားငြီး မျက်စိနောက် လာတော့ ဒီနေ့ပြောတယ်
ငါအိမ်မှာရှိချိန် ၃ နာရီလောက် ငြိမ်ငြိမ်နေရင် ငါ ဒေါ်လာ 50 ပေးမယ်တဲ့..
ကိုယ်ကလည်း "50 ဟလား.. နင့်ကို 100 ပေးမယ်.. က တာတော့ မရပ်နိူင်ဘူး ဒါပဲ " ဆိုပြီး
ဆက် က နေတယ်..
အကအိုးကွဲ နဲ့ နေရတဲ့ ဒုက္ခ ကလည်း သေးတော့မသေးဘူး.. 😜တုတ်တုတ်လေး မကြာခင် ပိုလှလာတော့မယ် ဟေ့ဟေ့
အတန်းလာတတ်ပေးကြတယ် ချစ်ညီမလေး နဲ့မမ များကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်.. ပျော်ကြတယ်တော့ ပြောတာပဲ 😃
#သင့်ရဲ့ ခန္ဓာကိုယ်ဘာ ဓာတ်အမျိုးစား လွမ်းမိုးလဲဆိုတာ မသိချင်ဘူးလား!!
၀တာ ပိန်တာ အချိုကြိုက်တာ အစပ်ကြိုက်တာ စသဖြင့် ကာရိုက်တာတွေက ကိုယ်က ဘာဓာတ် လွမ်းမိုးတယ်ပေါ်မူတည်နေပါတယ်။
အိန္ဒိယ Ayurvedaတိုင်းရင်းဆေးပညာ အမြင်အရ တွက်ကြည့်တဲ့နည်းပါ..
Sandy အိန္ဒိယ မှာ ယောဂနည်းပြသင်တန်းကျောင်းသွားတတ်စဥ်က သင်ခဲ့ရတဲ့ ပညာရပ်လေးတခု ကိုမျှ၀ေချင်ပါတယ်။ 2023 သင်တန်းပြီး ပြန်လာခါစက လုပ်ထားတဲ့ ဗီဒီယိုလေးပါ..
သိပ်လည်းစိတ်၀င်စားဖို့ကောင်းပါတယ်. ဒါလေးကြည့်ပြီး သင့်ကိုသင် ပိုနားလည်ပိုသိသွားတဲ့အခါ အစားသောက်, အနေထိုင် ဘယ်လိုဆင်ခြင်သင့်တယ်. Yoga ကျင့်၇င်လည်း ကိုယ့်အတွက်ဘယ်လိုကျင့်စဥ်မျိုးကသင့်တော်မလဲဆိုတာပိုနားလည်လာပါလိမ့်မယ် အများကြီးအကျိုးရှိစေပါတယ်
အားလုံးပိုကျန်းမာ ပျော်ရွင်လှပတဲ့ ဘ၀လေးတွေဖြစ်ကြပါစေ
ချစ်တဲ့ Sandy
See less
နတ်ပူးနေတာမဟုတ်ပါဘူးနော်
Iraqi hair dance လေ့ကျင့်နေတာပါ
ဆံပင်ရှည် တုန်းကပေါ့ 😁😁
Pineapple on my head 😁😁 နံနတ်သီးလေး နဲ့ Belly dance Challenge
ဟိုအရင် က ၇ှန်ပိန်ပုလင်းနဲ့. တကယ်က ဓားရှည်အကောက်တွေတင် က တာပါ.. မရှိသေးလို့ ခိခိ
Belly dance စသင်ခါ စက ဆရာမ က ခေါင်းပေါ်စာအုပ်ထူ တင်ပြီး လမ်းလျောက်ခိုင်းတယ်
ဒီအက က တဲ့အခါ ခေါင်းကလိုက်လူပ်စိလူပ်စိ မလုပ်ရပါဘူး.. ကိုယ်လုံးကိုတနေရာစီ ခွဲလူပ်တာကို ကျင့်ရတယ်.. ဒါကြောင့် ခေါင်းညိမ်အောင် ကျင့်ရပါတယ်
ဒီအက ကို အတိုင်းတာ တခုထိ ကျွမ်းကျင် ကတတ်ချင်ရင် ရူးသွပ်မှရပါတယ်
ကိုယ်ဆို ဟင်းချက်လည်း ကတယ်.. သွားတိုက်လည်း ကကွက်တွေတွေးတယ်
Rhythm တွေနားလည်အောင် နားထောင်တယ် ပိုပို တက်ချင်ပါတယ်
အတန်းအတွက် စာတွေလည်း ဖြေးဖြေးခြင်းပြန်ပေးနေပါတယ်နော်
ဒီကစာပို့လို့မရရင် Sandy Lysenko ကို ပို့ပါလို့
05/26/2026
Belly dance - Raqs Sharqi (رقص شرقي) ဆိုတာ ?
ကိုယ် ကနေတဲ့ ဗိုက်ခါးလူပ် ကတဲ့အက Belly dance အကြောင်းလေးရေးချင်ပါတယ်၊
ဒီအက က မြန်မာ မှာ သိပ်ယဉ်ပါးတဲ့ ယဉ်ကျေးမူမဟုတ်လို့ လူတိုင်းသေချာ သိချင်မှ သိပါလိမ့်မယ်၊
Middle eastern အာရပ် ယဉ်ကျေးမူပါ
India အကနဲ့ လံုးဝ မဆိုင်ပါဘူး ( Indian style belly dance လည်းရှိပါတယ်)
ဒါပေမယ့် အာရပ်နဲ့
Movement , music လုံးဝ ကွာခြားပါတယ်.. Sandy ကတာက တော့ အာရပ်ဘက်ကိုသွားပါတယ်
ဒီအကရဲ့ အစက အီဂျစ်က စပါတယ်၊
လံုးဝ အစက အာဖရိက လို့လည်းပြောကြပါတယ် ၊ လက်ဘနွမ်၊ Turkey ရဲ့ belly dance ကလည်း အီဂျစ်နဲ့ကပုံစတိုင်တွေနဲ့ အဝတ်စားတော့ နည်းနည်းကွာပါတယ် ၊ တခြား Middle East နိုင်ငံတွေမှာလည်းကျယ်ပြန့်စွာ က ကြပါတယ်၊
များသောအားဖြင်း မင်္ဂလာဆောင်တွေမှာ belly dancer တွေငှါး ဖျော်ဖြေလေ့ရှိပါတယ်
ကိုယ်စပြီးသင်ခဲ့တာ တူရကီ ဆရာမ ဖြစ်ပြိး အီ၈ျစ်သူဆရာမ ဆီကလည်းသင်ဖူးပါတယ်
ပြီးတော့ အရမ်းတော်တဲ့ ဂျပန်ဆရာမဆီကလည်းသင်ဖူးပါတယ်၊ ခုတော့ က လာတာ 7နှစ်ကျော် လောက်ရှိပါပီ
Belly dance အမျိုးစားတွေလည်း အများကြီးရှိပါတယ်
Egyptian style — elegant, musical, expressive
Turkish style — energetic, playful
Lebanese style — dramatic stage style
Folk styles like Baladi, Saidi, Khaliji, etc.
က တာလှပါစေဦး Belly dance လူပ်ရှားမူ သံစဉ်အခြေခံ စည်းမျဉ်းတွေ လိုပါတယ်။
ဒီတိုင်း ခါးလူပ် ရင်လူပ် ဟိုတွန့် လုပ်တိုင်းလည်း belly dance မဖြစ်ပါဘူး၊ India သီချင်းနဲ့လည်းကလို့ မရတဲ့ အကပါ
ကိုယ်ကတော့ နဂို မူလ အာရပ်စတိုင်ပဲ သဘောကျပါတယ်၊
မြန်မာ အကမှာ လည်း သူ့စည်းကမ်းနဲ့သူ ရှိသလိုပေါ့
ဒီအက ကဖို့ ကိုယ်လုံးလှရမှာလား…
ရင်သားတင်ပါးရှိမှလား…
နိူးပါ…
ပိန်ပိန် ဝဝ ဘယ်လိုဘယ်လိုကိုယ်လုံးမျိုးမဆိုရပါတယ်
တကယ်က တချို့ကကွက်တွေက အမျိုးသမီးတွေရဲ့စိတ်ခံစားချက်တွေကိုပြဖို့ Feminine Energy ပျော့ပြောင်းလှပမူ , ယုံကြည်မူ အတွက် ထွင်ခဲ့တာလို့ ဖတ်ဖူးပါတယ်။
အဓိကက ပျော်ဖို့ ကိုယ်လက်လူပ်ရှားမူဖြစ်ဖို့ hobby တခုရဖို့ပါ
ကိုယ် ခုအရမ်းကျွမ်းနေလားဆိုတော့ နိုးပါ ။ ဘယ်တော့မှလည်း perfect ဖြစ်နေမှာမဟုတ်ပါဘူး..
ဒါပေမယ့်လည်း သွေးသားထဲကနေ သဘော
သိပ်ကျတဲ့ အကမို့ အများကြီး ထပ် က သွားပါမယ်…
အခွင့်ကြုံရင် ပြိုင်ပွဲတွေလည်း ၀င်ချင်ပါတယ်
ဒီအက ကိုစိတ်၀င်စားသူတွေအတွက် ဗဟုသုတလေး ရေးပေးလိုက်ပါတယ်
မက ခင်မှာ သိထားတော့ ပိုကောင်းပါတယ်
Belly dance
Arabic အကအတန်းများ 6လပိုင်း
ပထမအပတ်က စပါမည်
တပတ်ကို တကြိမ် (သို့) ၂ကြိမ် ရှိမည်
လုံးဝ တခါမှမက ဖူးတဲ့ beginner များလည်း အစကနေသေချာသင်ပေးမှာမို့
စိတ်ချပြီး ပျော်ဖို့သာ ပြင်ထားလိုက်ပါလို့ 🥰🥰
💞ကြာချိန် - 75 မိနစ်
💞ဘယ်ကသင်မလဲ ? - Zoom app
💞ဘယ်လောက်လဲ? -8 ကြိမ်စာ မြန်မာငွေ 100,000 ( US 25 only)JPY နဲ့လည်းပေးလို့ရသည်
အမေရိကားမှာ belly dance အတန်းတခု in person ကို ဒေါ်လာ 20-25
( မြန်မာ ၈၀၀၀၀ ကျော်) ပေးရပါတယ်နော်.. အတန်းတခုထဲနော်..
Sandy က ဒီမှာနေတာတောင် ဒီက စျေးနဲ့မဟုတ်ပဲ မြန်မာနိူင်ငံ ကကော အားလုံးတတ်နိူင်အောင် စျေးအများကြီးသက်သာလုပ်ပေးထားတာပါ..
Oversea မှာနေသူတွေအတွက်အရမ်းတန်နေပါပြီနော်..
Sandy က ဘယ်သူလဲ?? ဒီအက ကိုသင်ယူလေ့ကျင့်လာတာ ၇ နှစ်နှစ်လောက်ရှိပါပြီ.. အရင်က တိုကျိုမှာနဲ့ အမေရိကန် တပ်ထဲမှာ အတန်းတွေသင်ပါတယ်..
Egyptian ဆရာမဆီကလည်း သေချာသင်ယူထားတာမို့ နည်းပညာ အမှန်နဲ့ သင်ပေးသွားမှာပါ.. နောက်နှစ်ကိုလည်း အမေရိကားမှာ ပြိုင်ပွဲ၀င်နိူင်ဖို့ ကြိုးစားလေ့ကျင့်နေပါတယ်
စိတ်၀င်စားရင်တော့ မြန်မြန်လေးစာရင်းပေးလိုက်တော့နော်
DM pls
🎈ဗိုက်က အဆီတွေ တနေရာလေးပဲ ကျချင်လို့ ???
🎈ဗိုက်ချပ်အဆီကျအောင် ဘာလုပ်ရမလဲ ???
🥇အချိန်မကုန် ပိုက်ဆံဖြုန်းရာမကျအောင်
Click here to claim your Sponsored Listing.
Category
Website
Address
Orlando, FL
