Fresh Fuel By Jasmine
Kitchen & food safety tips
Simple habits for a healthier home 🏡
Microwave သန့်ရှင်းရေးအတွက် ဒီ နည်းလမ်းလေးကိုကို စောစောသိခဲ့ရင် ကောင်းမှာပဲ😊
ဒီvideoလေးက
မိုက်ခရိုဝေ့ဖ်ကို သန့်ရှင်းရေးလုပ်ဖို့ အလွယ်ကူဆုံးနည်းလမ်းလေးဖြစ်ပါတယ်
ဒီ နည်းလမ်းလေးကို မီးဖိုချောင်
သန့်ရှင်းရေးအတွက် save ထားပါနော်
#မီးဖိုချောင် #
30/07/2026
"ဟင်းချက်ပြီးရင် ဒီလို မလုပ်ပါနဲ့"
#ဟင်းချက် ပြီးတာနဲ့ ပူခြစ်နေတဲ့ ဒယ်အိုးကို ရေအေးနဲ့ ချက်ချင်း ရေမဆေးပါနဲ့!
ဘာကြောင့်လဲ❓
ဒါကို Thermal Shock (အပူချိန် ရုတ်တရက် ပြောင်းလဲမှု) လို့ ခေါ်ပါတယ်။
အရမ်းပူနေတဲ့ သတ္တုပေါ်ကို ရေအေး ရုတ်တရက် ထိတွေ့လိုက်တဲ့အခါ —
✔️ဒယ်အိုး ပုံပျက်သွားတာ
✔️Non-stick အလွှာတွေ ကွာကျပြီး ပျက်စီးသွားတာ
✔️နောက်ပိုင်းအစားသောက်တွေ ထည့်ချက်ရင် အပူညီမျှတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။
💡 ဒါကြောင့် ဘယ်လိုလုပ်ရမလဲ?
ဟင်းချက်ပြီးရင် ဒယ်အိုးကို ဒီအတိုင်းအအေးခံထားပါ။
အပူလျော့ပြီး ပုံမှန်အပူချိန်ရောက်မှ ဖြည်းဖြည်းချင်း ရေဆေးပေးတာက ဒယ်အိုးရဲ့ သက်တမ်းကို ပိုရှည်စေပါတယ်နော်
အိမ်ရှင်မတွေအတွက် တကယ့်ကို အသုံးဝင်တဲ့နည်းလေးမို့ Save ထားဖို့နဲ့Share လုပ်ပေးဖို့ မမေ့နဲ့ဦးနော်။
#မီးဖိုချောင်
မှာ ဒီလိုအမှားမျိုးတွေ
လုပ်မိနေပီလား❓
25/07/2026
"မနက်မှ ပန်းကန်တွေဆေးမယ်” လို့
ဒီအတိုင်းထားခဲ့လေ့ရှိလား❓
❌ညတစ်ညလုံးထားထားတဲ့ ပန်းကန်ညစ်တွေမှာ အနံ့ဆိုးထွက်နိုင်သလို ပိုးမွှားတွေကိုလည်း ဆွဲဆောင်နိုင်ပါတယ်။
💡ညမအိပ်ခင် ခဏလေးအချိန်ပေးပြီး ဆေးကြောလိုက်တာက ကျန်းမာရေးလည်း
မထိခိုက်ပဲမီးဖိုချောင်ကိုလည်းသန့်ရှင်းစေပါတယ်။
#မီးဖိုချောင် #အစားအသောက်
#မီးဖိုချောင် မှာ အချိန်ကုန်သက်သာစေတဲ့ Kitchen Gadget လေးတစ်ခု
#မီးဖိုချောင်
ဈေးဝယ်လာတဲ့အသားစိမ်းတွေကို အမျိုးအစားနဲ့ တစ်ခါချက်မယ့်ပမာဏအလိုက် ခွဲသိမ်းထားတာက အချိန်လည်းသက်သာ၊ အသုံးပြုရလည်း ပိုပီးအဆင်ပြေပါတယ်။
✔️ရေခဲသေတ္တာကို လည်းပိုသန့်ရှင်းစေတယ်
✔️ချက်တဲ့အချိန်အလွယ်တကူထုတ်သုံးနိုင်ပါတယ်
#မီးဖိုချောင်
Air fryer က အိမ်တိုင်းအတွက် အသုံးတည့်ပေမဲ့ ဘာပစ္စည်းတွေ ထည့်လို့ရလဲ၊ ဘာတွေ ထည့်ရင် အန္တရာယ်ရှိလဲဆိုတာ သေချာသိထားဖို့ လိုအပ်ပါတယ်
စတီးလ် (Stainless Steel) တို့၊ အပူခံ ဆီလီကွန် (Food-grade Silicone) တို့၊ Aluminum Foil (ခဲဖတ်) တို့ကိုတော့ စိတ်ချလက်ချ ထည့်လို့ရပါတယ်။ ဒါပေမဲ့ ပလတ်စတစ်ဘူးတွေ၊ သစ်သားပစ္စည်းတွေနဲ့ သာမန်ဖန်သားတွေကိုတော့ လုံးဝ မထည့်သင့်ပါဘူး။
အိမ်တွင်းဖြစ်အသုံးဝင်တဲ့ kitchen Tips လေးတွေအတွက်
Fresh Fuel By Jasmine ကို Follow လုပ်ထားဖို့
မမေ့နဲ့နော်!
#မီးဖိုချောင်
ここをクリックしてあなたのスポンサー付きリスティングを獲得。
ウェブサイト
住所
Japan
Nagoya-shi, Aichi
